ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး သောကြာပြင်လမ်းဆုံတွင် အမျိုးသားအလောင်းတွေ့

Dawei Watch

June 27, 2023

လောင်းလုံးမြို့နယ် ထားဝယ်-မောင်းမကန်လမ်းပိုင်း သောကြာပြင်ရွာလမ်းဆုံတွင် ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက်‌ စောစောတွင် အမျိုးသားတစ်ဦး၏ရုပ်အလောင်းအား တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးနေသူမှာ အသက် ၃၆နှစ်အရွယ်ရှိသည့် ဦးကျော်မျိုးထိုက် ဆိုသူဖြစ်ပြီး ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်တွင် နေထိုင်သူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဦးခေါင်းကျည်ဆံဖောက်ဝင် ဒဏ်ရာနှင့် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် လမ်းဘေး‌တွင် သေဆုံးနေခြင်း ဖြစ်ကြောင်းလည်း မျက်မြင်တွေ့ရှိသူတို့က ပြောသည်။ သေဆုံးသူ၏ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့်အင်္ကျီမှာ ဆိုင်ကယ်တက္ကစီသမားများကို ထုတ်ပေးထားသည့် အမှတ်တံဆိပ်ပါ အင်္ကျီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဦးကျော်မျိုးထိုက်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်သွားသည်ကိုမူ မသိရသေးပေ။ အလောင်းကို ယနေ့ နံနက်စောစောတွင် အရေးပေါ်ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

လောင်းလုံး အင်းဝတောင်စစ်ကောင်စီစခန်းကို PDF တိုက်ခိုက်

Dawei Watch

June 26, 2023

လောင်းလုံးမြို့နယ် သဲပုံရွာရှိ အင်းဝတောင်စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၂၅ ရက်နေ့ ည က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ယနေ့ ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီတပ်သား အင်အားသုံးဆယ်ခန့်ရှိသည့် ယင်းစခန်းကို ယမန်နေ့ည ၈ နာရီခွဲတွင် LLPDF နှင့် အထူးပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ PDF ဘက်က ၈၁ မမ လက်နက်ကြီးများအသုံးပြု၍ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ “လက်နက်ကြီးတွေက (ပစ်တာ) အများကြီးပဲ။ ကျွန်မကလေးတွေဆို လန့်ပြီးငို‌တာ၊ ဖျားတောင်ဖျားသွားတယ်။ဒီမနက်ကျောင်းမသွားနိုင်တော့ဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။ ထားဝယ် နှင့် ကမြောကင်းတံတားဘက်မှ စစ်ကူလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှာလည်း ကမြောကြီးရွာအနီးအထိ ရောက်လာပြီး […]

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး အိမ်ထဲခိုးဝင်ပြီး ချောင်းကြည့်သည်ဟုဆိုကာ ဖမ်းဆီးခံရ

Dawei Watch

June 26, 2023

ထိုင်းနိုင်ငံ တရတ်ခရိုင်တွင် ထိုင်းနိုင်ငံသား၏ အိမ်ထဲခိုးဝင်ပြီး ချောင်းကြည့်နေသည်ဟုဆိုကာ မြန်မာအလုပ်သမား တစ်ဦး ဇွန်လ ၂၅ ရက် ညသန်းခေါင်အချိန်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူသည် အသက် ၃၃ နှစ်အရွယ် ကိုအောင်မဲအမည်ရှိသော မြန်မာအလုပ်သမားဖြစ်ပြီး ရော်ဘာခြံတွင် လုပ်ကိုင်နေသူဖြစ်ကြောင်း ရေးသားထားသည်။ ထိုင်းအိမ်ရှင်က ၎င်းသည် ဇနီးနှစ်ဦးနှင့်အတူ အိမ်တွင်ရှိနေစဉ် မြန်မာအလုပ်သမားသည် အိမ်နောက်မှ ဝင်လာပြီး ချောင်းကြည့်နေကြောင်း သတင်းဌာနများသို့ ပြောဆိုထားသည်။ မြန်မာအလုပ်သမားကို ဖမ်းဆီးရန်အတွက် မီးဖွင့်၍ အနီးအနားက လူများကို ခေါ်ကာ အကူညီတောင်းခံခဲ့ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့ရောက်ရှိချိန်တွင် မြန်မာအလုပ်သမား၏ မျက်နှာတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများရထားသည်ကို တွေ့ရပြီး အနီးတွင်လည်း သွေးများကို တွေ့ရှိကြောင်း‌ သတင်းများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားသည် […]

မြိတ်တွင် နေ့ခင်းကြောင်တောင် စားအုန်းဆီပုံးလုယက်မှုအပါအဝင် လုယက်မှုဆက်တိုက်ဖြစ်လာ

Dawei Watch

June 26, 2023

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း နေ့ခင်းကြောင်တောင် လုယက်မှုများ ဆက်တိုက်ဖြစ်ပွားလာကြောင်း မြို့ခံအချို့က ပြောသည်။ ဇွန်လ ၂၁ရက်က နောက်လယ်ရပ်ကွက်တွင် ဘေးတွဲယာဉ်တစ်စီးပေါ်မှ စားအုန်းဆီပုံး လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်နေသူအချို့က ဆိုသည်။ အဆိုပါ ဘေးတွဲယာဉ်သည် ဆန်အပါအဝင် ၁၀ ပိဿာဆံ့ စားအုန်းဆီပုံးဝါတို့အား တင်ဆောင်လာစဉ် လူငယ်နှစ်ဦးက ဆိုက်ကယ်ဖြင့် လာရောက်ပြီး စားအုန်းဆီပုံးအား လုယက်ကြောင်း နောက်လယ်ရပ်နေသူအချို့က ပြောဆိုသည်။ “လုတာက လုတာနဲ့မတူဘူး။ လူမြင်ကွင်းမှာပဲ ဆိုင်ကယ်ပေါ်က အေးဆေးဆင်းလာပြီး ဆီပုံး လာမသွားတာ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြသည်။ အဆိုပါ ဆီပုံးလုယက်သူတို့ထံမှ ဘေးတွဲပေါ်ပါ လူငယ်နှစ်ဦးက ဆီပုံးအားပြန်လုရင်း ခိုက်ရန်အနည်းငယ်ဖြစ်ခဲ့ပြီး အနီးအနားနေသူတို့ ရောက်ရှိလာရာမှ လုယက်သူနှစ်ဦး ဆိုက်ယယ်ဖြင့် မောင်းထွက်ပြေးသွားကြောင်း ၎င်းက ဆိုသည်။ ယင်းနေ့တွင်ပင် မြိတ်ကမ်းနားလမ်းတွင် […]

ကလိန်အောင် မီးသတ်ဒုဦးစီးမှူး လိုက်ပါလာသည့်ကား ပစ်ခတ်ခံရ

Dawei Watch

June 26, 2023

ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာန ဒုဦးစီးမှူလိုက်ပါလာသည့်ကား ကလိန်အောင်-ရေဖြူလမ်းပိုင်း မိုင်တိုင် ၂၅ အရောက်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။ ဇွန်လ ၂၄ ရက်နေ့ညပိုင်းက ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ဦးစီးမှူးဦးကျော်မျိုးထွန်း အပါအဝင်  ကားပေါ်လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရသွားကြောင်း ကလိန်အောင်မြို့ခံ အချို့ကဆိုသည်။ “ကားက မီးသတ်ဦးစီးရဲ့ကိုယ်ပိုင်ကားပါပဲ။ သေနတ်နဲ့ ပစ်ခံရပြီးလမ်းဘေးကို ထိုးကျသွားတယ်။ လူတွေလည်းအကုန်ဒဏ်ရာရကြတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။ ဒဏ်ရာရသူများမှာ ရေဖြူဆေးရုံတွင် တက်ရောက်ကုသနေပြီး ဒဏ်ရာရသွားသည့် အမျိုးသားမှာ စစ်ကောင်စီတပ်သား တစ်ဦးဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။ သို့သော်လည်း စစ်ကောင်စီတပ်သား ဖြစ်သည်ဆိုသောအချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ပစ်ခတ်ခံရမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က ဆောင်ရွက်ခဲ့သည်ကိုမူ ယနေ့ဇွန်လ ၂၆ ရက် ညနေပိုင်းအထိ ထုတ်ပြန်ထားသည်ကိုမတွေ့ရသေးပေ။ ဇွန်လ ၂၃ […]

လောင်းလုံးမြို့နယ် ကူးတို့ဂိုဏ်း သံဃနာယကဥက္ကဋ္ဌ တောင်ဇင်းအထက်ကျောင်း ဆရာတော်ပျံလွန်

Dawei Watch

June 26, 2023

လောင်းလုံးမြို့နယ် သံဃနာယကဥက္ကဋ္ဌ (ကူးတို့ဂိုဏ်း) ၊ သောကြာပြင်ရွာ တောင်ဇင်းအထက်ကျောင်း၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တ သုဇန မထေရ်သည် ဇွန်လ ၂၄ရက်က ဘဝနတ်ထံပျံလွန်တော်မူကြောင်း ဆရာတော်၏ တပည့်တကာများထံမှ သိရသည်။ ပျံလွန်တော်မူချိန်တွင် ဆရာတော်သည် သက်တော် ၇၉ နှစ်၊ သိက္ခာတော် ၅၉ ဝါ ရှိပြီဖြစ်သည်။ “၉၆ ပါးသော လူကြီးရောဂါနဲ့ ပျံလွန်တော်မူသွားတယ်” ဟု ဆရာတော်၏ တပည့်တကာတစ်ဦးက ပြောသည်။ ဆရာတော်၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ဇွန်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၇နာရီတွင် တောင်ဇင်းအထက်ကျောင်း ဘုန်းကြီးပျံကုန်း၌ အန္တိမ အဂ္ဂိဈာပနအား စတင်ကျင်းပမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်တကာများထံမှ သိရသည်။ ဆရာတော်၏ သာသနာအရေးဆောင်ရွက်ချက်များကြောင့် သာသနာရေးဆိုင်ရာဘွဲ့တံဆိပ်များဖြစ်သည့် မဟာဂန္တဝါစကပဏ္ဍိတ၊ သာသနာဓဇသီရိပဝါရဓမ္မာစရိယ […]

ရေး နှစ်ကရင်ရဲစခန်း စီးနင်းခံရ၊ ရဟတ်ယာဉ်၊ လက်နက်ကြီးတို့ဖြင့် ပြန်ပစ်သဖြင့် အမျိုးသမီးငယ်တစ်ဦးသေဆုံး

Dawei Watch

June 26, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်၊ လက်နက်ကြီးတို့ဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇွန်လ ၂၅ရက် နံနက် ၁၁နာရီ ၄ဝမိနစ်ခန့်က နှစ်ကရင်ကျေးရွာ ပင်လယ်ကမ်းစပ်အနီးရှိ ရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှု နှစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အမြောက်တပ် (၃၁၇) ဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည့်အပြင် ရဟတ်ယာဉ်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ ပစ်ခတ်သဖြင့် နှစ်ကရင်ကျေးရွာ ရပ်ကွက် (၁၀) ရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား […]

စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသော လောင်းလုံးတွင် သပိတ်လှုပ်ရှားမှုလုပ်

Dawei Watch

June 26, 2023

ဆလိုင်းတင်မောင်ဦးနေ့ (ဇွန်လ ၂၆ ရက်နေ့)တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသော လောင်းလုံး၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး “မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး”ဘန်နာကိုင်ဆွဲ၍ ‌လူငယ်များ အမျိုးသမီးများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြသည်။ ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦးမှာ ၁၉၇၂ ခုနှစ် ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်အရေးခင်းတို့တွင် ဦးဆောင်ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး မှိုင်းရာပြည့်အရေးအခင်း ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေစဉ် မတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မဆလ အစိုးရက ဆလိုင်းတင်မောင်ဦးကို ကြိုးပေးခဲ့သည်။