စစ်ကောင်စီစစ်ကြောင်းမှ ခေါ်သွားသည့် ပုလောဒေသခံများ ပြန်လွတ်လာ
Dawei Watch
June 24, 2023စစ်ကောင်စီစစ်ကြောင်းမှ ခေါ်သွားသည့် ပုလောဒေသခံများ ပြန်လွတ်လာကြောင်း ဒေသခံများ ထံမှသိရသည်။ စစ်ကောင်စီစစ်ကြောင်းသည် ဒေသခံများကို ဇွန်လ ၂၂ ရက်ညနေက ခေါ်ဆောင်သွားပြီး ယနေ့ (ဇွန် ၂၄) နံနက်တွင် အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီဟု ဒေသခံများ ကပြောသည်။ “အယောက်သုံးဆယ်နီးပါးစလုံး အကုန်လုံးပြန်လွတ်လာကြပြီ”ဟု ဒေသခံအမျိုးသား ကပြောသည်။ ခေါ်ဆောင်ခြင်း ခံရသူများမှာ မင်းထိန်ရွာမှ အမျိုးသား ၅ ဦးနှင့် မင်းထိန်ရွာနှင့် ပဝတ်ကုန်းရွာကြားရှိ အုန်းတောကမ်း ရော်ဘာခြံများတွင် တဲထိုးနေထိုင်ကြသည့် အလုပ်သမားများနှင့် လယ်သမားများပါဝင်သည်။ “သူတို့ကို ဘယ်နေရာကိုခေါ်သွားပြီး ဘာတွေလုပ်ခိုင်းတယ်ဆိုတာတော့ သေသေချာချာ မမေးရသေးဘူး။ သိရသလောက်တော့ ဒီအနီးအနားဂွင်မှာပဲ နေပြီးပြန်လွှတ်လိုက်တယ်လို့ သိရတယ်”ဟု ဒေသခံနောက်တစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးရာတွင် ဒေသခံများကို ခေါ်ဆောင်ပြီး လမ်းပြလုပ်ခိုင်းသလို လူသားဒိုင်းအဖြစ်လည်း အသုံးချလေ့ရှိကြောင်း ဒေသခံများ […]


