ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်းတွင် ထားဝယ်ခရိုင် နိုင်ငံရေးဦးဆောင်အဖွဲ့ ဖွဲ့မည်

Dawei Watch

June 17, 2023

အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များပါဝင်သည့် ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဇွန်လ ၂၁ ရက်နေ့တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖယ်ရှားပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် တနင်္သာရီတိုင်းအနေဖြင့်  အဖွဲ့ဝင်ပြည်နယ် သို့မဟုတ် ယူနစ်တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းနိုင်ငံရေး ဦးဆောင်အဖွဲ့တွင် ခရိုင်အတွင်းရှိ မြို့နယ်တစ်ခုလျှင် ကိုယ်စားလှယ် ၆ ဦးနှုန်းဖြင့် စုဖွဲ့မည်ဖြစ်ကြောင်း ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးဟိန်းထက်က ရှင်းပြသည်။ ထို့အပြင် လက်ရှိဖွဲ့စည်းမည့် ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့တွင် မြို့နယ်အဆင့် နိုင်ငံရေးဦးဆောင်အဖွဲ့မှ ကိုယ်စားလှယ်များအပြင် ပါသင့်ပါထိုက်သည့် အခြားအစုအဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဒီလိုစုဖွဲ့မှုတွေ ဆောင်ရွက်နေတာက ကျွန်တော်တို့တနင်္သာရီတိုင်းရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့တစ်ဖွဲ့ သို့မဟုတ် တိုင်းအတိုင်ပင်ခံကောင်စီလို တစ်ခုပေါ်လာဖို့အတွက် အဓိကရည်ရွယ်ပြီးတော့ ဆောင်ရွက်နေခြင်း ဖြစ်တယ်ပေါ့”ဟု ဦးဟိန်းထက်က […]

မြိတ်တွင် အမဲသားဈေးခုန်တက်၊ တစ်ပိဿာ ကျပ်နှစ်သောင်းကျော်ဖြစ်လာ

Dawei Watch

June 17, 2023

မြိတ်မြို့တွင် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ရှိသည့် အမဲသားဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ခုန်တက်သွားသဖြင့် ၂၀၀၀၀ မှ ၂၂၀၀၀ ကျပ်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း မြိတ်မြို့ရှိ အမဲသားဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် ခြောက်ရက်ခန့်မှစပြီး ဈေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ယင်းဈေးကွက်မှ သိရသည်။ ဈေးထဲတို့တွင် အမဲသားတစ်ပိဿာလျှင် ၂၀၀၀၀ မှ ၂၁၀၀၀ ကျပ်အထိ ရောင်းချနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ “သားသတ်လိုင်စင်ကြေးတွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်။ ပြီးတော့ ရွာတွေဘက်မှာ နွားသွားဝယ်ရင် သယ်ယူစရိတ် ပိုများလာတယ်။ နွားဈေးလည်းတက်လာတယ်။ ဂိတ်ဖြတ်ကြေးတို့ လိုင်းကြေး (သက်ဆိုင်ရာ နယ်မြေ၊ ကျေးရွာရှိ ဌာနဆိုင်ရာတချို့က ငွေကြေးကောက်ခံတာ) ပေးရတာတွေ ရှိလာတယ်။ ဒါတွေကြောင့် အမဲသားဈေးလည်း တက်လာတာ” ဟု သားသတ်လိုင်စင်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ထို့အပြင် မြို့နှင့် […]

တနင်္သာရီတိုင်းက စစ်ဘေးရှောင်များ ငှက်ဖျားနှင့် ‌ရာသီတုပ်ကွေးဖြစ်ပွား၊ ဆေးဝါးများအရေးပေါ်လို

Dawei Watch

June 17, 2023

တနင်္သာရီတိုင်းက စစ်ဘေးရှောင်များ ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေးရောဂါများ ခံစားနေကြရပြီး ဆေးဝါးများ‌ အရေးပေါ်လိုအပ်နေကြောင်း တနင်္သာရီတိုင်း စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ထံမှ သိရသည်။ ဇွန်လ ပထမပတ်ကစပြီး ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ခံစားနေကြရကာ ကလေး၊ လူကြီး မရွေးဖြစ်ပွား နေကြကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ၎င်းတို့ကို ဆေးကုသ‌ပေးမည့် ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးများ လိုအပ်‌နေကြောင်း အထက်ပါပူးပေါင်းအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလအတွင်းမှာ တနင်္သာရီတိုင်းဒေသကြီးတွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ‌ထွက်ပြေးတိမ်းရှောင်နေရသူ လေးသောင်းဝန်းကျင်ရှိကြောင်း စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ပူးပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်တစ်ခုတည်းတွင် စစ်ဘေးရှောင် လေးထောင်နီးပါးရှိသည့်အနက် တစ်ရာကျော်မှာ ရာသီတုပ်ကွေးဖြစ်ပွားနေပြီး အချို့မှာ ငှက်ဖျားရောဂါခံစားနေရကြောင်း နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဓိက ငှက်ဖျားဆေး […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

June 16, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အထိ ဂျပန်မှာ ဟယ်ရီပေါ်တာဥယျာဉ် ဖွင့်လှစ် ဂျပန်နိုင်ငံမှာ ဟယ်ရီပေါ်တာဥယျာဉ်ကို ဇွန်လ ၁၆ ရက်နေ့တွင် စတင်ဖွင့်လိုက်ပါတယ်။ စတင်ဖွင့်လှစ်လှစ်ချင်း လက်မှတ်တွေက အကုန် ရောင်းကုန်သွားခဲ့တာပါ။ လက်မှတ်ဈေးနှုန်းကတော့ လူကြီးတွေအတွက် ၄၄ ဒေါ်လာနဲ့ ညီမျှတဲ့ ယန်း ၆၃၀၀ ကနေစပြီး ကလေးတွေအတွက် ယန်း ၃၈၀၀ သတ်မှတ်ထားပါတယ်။ ဟယ်ရီပေါ်တာ ဇတ်လမ်းထဲက ဟော့ဝပ်မှော်ကျောင်းတော်၊ လှို့ဝှက်ခန်းမဆောင်တွေနဲ့ ဇာတ်ဝင်ခန်းနေရာတွေကို လေ့လာကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ အထဲမှာ ဟယ်ရီပေါ်တာ အမှတ်တရပစ္စည်းတွေကိုလည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီဥယျာဉ်ကို ၂၀၂၀ ကပိတ်သွားတဲ့ တိုကျိုမြို့က […]

သရက်ချောင်း ကနက်သီရိရွာသားများ စစ်ဘေးရှောင်နေစဉ် နေအိမ်အချို့ဖောက်ထွင်းခံရ

Dawei Watch

June 16, 2023

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် ဒေသခံများ စစ်ဘေးရှောင်နေကြစဉ် နေအိမ်အချို့ ဖောက်ထွင်းခိုးယူခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၈ ရက်နေ့တည်းက သရက်ချောင်းမြို့နယ် ကမြိုင်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိကျေးရွာ များကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသဖြင့် ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေကြရသည်။ ဇွန်လ ၁၃ ရက်က စစ်ကောင်စီတပ်များ ပြန်ထွက်သွားပြီးနောက် လူမရှိသည့် စစ်ဘေးရှောင်များ၏ နေအိမ်ငါးလုံးခန့် ဖောက်ထွင်းခံထားရကြောင်း ယင်းကျေးရွာမှ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ နေအိမ်ဖောက်ထွင်းသူများကို ဒေသခံရွာသားအချို့နှင့် PDF တပ်ဖွဲ့က ရှာဖွေဖမ်းဆီးရာ ဖောက်ထွင်းခိုးယူခဲ့သူ ဒေသခံ ခြောက်ဦးကို ဖမ်းမိပြီး ယင်းအနက်နှစ်ဦးကို ခိုးရာပါ ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့သည်ဟု ၎င်းက ဆိုသည်။ “သူတို့က လူလစ်တုန်း ဝင်လုပ်တာပေါ့နော်။ […]

ဖမ်းထားသည့် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၏ဇနီးနှင့် ကလေးတို့ကို PDF ပြန်လွှတ်ပေးဟုဆို

Dawei Watch

June 16, 2023

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ဘန်လောလမ်းဆုံတွင် ဖမ်းမိထားသည့် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၊ စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦး၏ ဇနီးနှင့် ကလေးတို့အား ပြည်သူ့ကာကွယ်ရေးတပ်က ပြန်လွှတ်ပေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ မြိတ်မြို့မှ အရံမီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၊ ညောင်ပင်ကွင်းအခြေစိုက် (၅၆၁) တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး၏ ဇနီးနှင့် ကလေးတို့ကို ဇွန်လ ၁၄ ရက်က ဘန်လောလမ်းဆုံ PDF စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဗိုလ်ကြီး၏ ဇနီးသည်မှာ မြိတ်မြို့မှ ညောင်ပင်ကွင်းတပ်ရင်းသို့အလာတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ၎င်းတို့ လေးဦးစလုံးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောဆိုသည်။ “ဗိုလ်ကြီးမိန်းမက နို့စို့အရွယ်ကလေးနဲ့ဆိုတော့ ဒီကနေ့ မနက်က ပြန်လွှတ်လိုက်တယ်။ မီးသတ်နှစ်ယောက်ကိုလည်း ခံဝန်ချက်တွေ ထိုးခိုင်းပြီး မနေ့ကတည်းက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရတယ်” […]

သရက်ချောင်း စစ်ကောင်စီ ကာကင်းစခန်းကို PDF များ သိမ်းပိုက်ပြီးမီးရှို့

Dawei Watch

June 16, 2023

သရက်ချောင်းမြို့ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ ကာကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်-PDF ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းတွင်သိမ်းယူပြီး မီးရှို့လိုက်ကြာင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်သည်။ အဆိုပါစခန်းတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်သား တစ်ဆယ်ကျော် နေထိုင်တပ်စခန်းချထားခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ “ပျူစောထီးစခန်း ရှိနေတာတော့ ကြာနေပြီ။ ကျွန်တော်တို့ ဆင်းချသွားတဲ့အချိန်မှာ သူတို့က ကျွန်တော်တို့ကိုလည်း ပြန်မပစ်ဘူး။ သူတို့က ကျွန်တော်တို့ကို မြင်တာနဲ့ ပြေးသွားတယ်။ ကျွန်တော်တို့ တက်ဝိုင်းတဲ့အချိန်မှာလေ။ အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်ဘူးပေါ့” ဟု ၎င်းက ဆိုသည်။ စခန်းတွင် စကားပြောစက် ၂ လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး ကာကင်းစခန်းကိုမူ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကာကင်းစခန်း ဝင်ရောက်စီးနင်းမှုတွင် […]

ဦးထွန်းမင်းလတ်နှင့် လုပ်ဖော်ကိုင်ဖက်သုံးဦးကို ရုံးထုတ်၊ စခန်းမှူးကို သက်သေအဖြစ်စစ်မေး

Dawei Watch

June 16, 2023

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုများဖြင့် ဖမ်းဆီးခံထားရသော ဟိုတယ်ထားဝယ်ပိုင်ရှင် ဦးထွန်းမင်းလတ်နှင့် လုပ်ဖော်ကိုင်ဖက်သုံးဦးကို ဇွန်လ ၁၅ ရက်နေ့က ရာ့ချဒါတရားရုံးတွင် ရုံးထုတ်စစ်ဆေးသည်။ ၎င်းတို့ကို ဖမ်းဆီးခဲ့သော ဖယာထိုင်းရဲစခန်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို တရားရုံးက ပထမဆုံးသက်သေအဖြစ် နံနက်မှ ညနေအထိ ရှစ်နာရီခန့်ကြာအောင် စစ်ဆေးမေးမြန်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာစစ်ကောင်စီ လက်နက်ပွဲစားဟုဆိုသူ ခရိုနီ ဦးထွန်းမင်းလတ်နှင်အတူ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ထိုင်းအထက် လွှတ်တော်အမတ် ဥပကစ်၏ သားမက်ဖြစ်သူနှင့် အတွင်းရေးမှူးနှစ်ဦးတို့ကို တရားရုံးထုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွက် ၎င်းတို့ကို တရားခွင်တွင် အသေးစိတ် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖယာထိုင်းရဲစခန်းမှူးက ၎င်းကိုယ်တိုင်သည် မူးယစ်ဆေးဝါးအမှု ၃၀ မှ ၄၀ ခန့်အထိ ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေး ထုတ်လုပ်သူအများစုမှာ မြန်မာ၊ […]