ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောတွင် လက်နက်ကြီးကျည်စထိမှန်ပြီး အဘွားတစ်ဦးသေဆုံး

Dawei Watch

August 20, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန်ကာ အဘွားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၁၉ ရက် ညနေက ပုလောမြို့တပ်ရင်းဘက်က ပစ်ခတ်သည့်လက်နက်ကြီးကျည်နှစ်လုံး လက္ကူးရွာသို့ ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ “လက်နက်ကြီးက တစ်နေရာတည်း နှစ်လုံးလာကျတာ။ အိမ်အမိုးတွေလည်း ပေါက်ပြဲကုန်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ လက်နက်ကြီးကျည်စထိမှန်ပြီး အသက် ၇၅ နှစ်အရွယ် ဒေါ်သန်းကြည်လည်း နေရာတွင် သေဆုံးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “လမ်းမှာရပ်ပြီး (တခြားအိမ်ထဲကလူနဲ့) စကားပြောနေတုန်း လာမှန်ပြီး သေဆုံးသွားတာ” ဟု ၎င်းက ပြောသည်။ ယင်းနှင့်တစ်ချိန်တည်း မှော်ကြောင်းရွာဖက်သို့လည်း ပစ်ခတ်ခဲ့သေးပြီး အနည်းဆုံးအရပ်သား သုံးဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောဆိုသည်။ လက်နက်ကြီးပစ်ခတ်ချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံတို့က […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 19, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၁၃ ရက်နေ့မှ ဩဂုတ်လ ၁၉ ရက်နေ့အထိ အာဆီယံဥက္ကဋ္ဌနေရာ မြန်မာမယူနိုင်သေးပါ ၂၀၂၆မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံက တာဝန်မယူနိုင်သေးလို့ တစ်နှစ်နောက်ဆုတ် လိုက်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်သေးတာ၊ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်နေသေးတာတွေကြောင့် ရွှေ့ဆိုင်းလိုက်တာလို့ ထိုင်းအခြေစိုက် PBS သတင်းမှာ ဖော်ပြပါတယ်။ အာဆီယံဥက္ကဋ္ဌ တာဝန်ကို အင်္ဂလိပ်အက္ခရာစဉ်အတိုင်း အလှည့်ကျတာဝန်ယူကြတာပါ။ ၂၀၂၆ ဟာ မြန်မာနိုင်ငံရဲ့ အလှည့်ဖြစ်ပေမယ့် အဆင်သင့်မဖြစ်တာကြောင့် ဖိလစ်ပိုင်က အစားထိုး တာဝန်ယူရမှာပါ။ မြန်မာနိုင်ငံကတော့ ၂၀၂၇ မှာမှ တာဝန်ယူမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုကိစ္စကို ဆုံးဖြတ်ချက်မချရသေးဘူးလို့ […]

ထားဝယ်တွင် တစ်လအတွင်းဆန်နှင့်ဆီဈေး ဆက်တိုက်တက်

Dawei Watch

August 19, 2023

ထားဝယ်တွင် ဇူလိုင်လ တတိယအပတ်မှစပြီး ဩဂုတ်လ ၁၉ရက်နေ့အထိ ဆန် နှင့်ဆီဈေးနှုန်း ဆက်တိုက်တက်နေသည်။ မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးတွင် ဇူလိုင်လတတိယပတ်မှ ဩဂုတ်လ ဒုတိယပတ်အတွင်း စပါးလက်ကျန်နည်းလာပြီ အဝယ်များနေခြင်းကြောင့် ဩဂုတ်လ အတွင်းဆန်ဈေးတက်နေခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ အချက်အလက်များအရသိရသည်။ ရွှေဘိုပေါ်ဆန်းမှာ ရွှေဘို ဒေသတစ်ခုတည်းမှသာဝင်ရောက်ပြီး လက်ကျန်နည်းခြင်းနှင့် လှောင်သမားများထံမှ ဝယ်ယူရခြင်းတို့ကြောင့် ရန်ကုန်ဈေးကွက်တွင်လည်း ဈေးတက်နေကြောင်း ပြည်တွင်းသတင်းဌာနများတွင် တွေ့ရသည်။ ရန်ကုန်ဈေးကွက်တွင် ဇူလိုင် ၂၁ ရက်မှ ဩဂုတ်လ ၁၉ ရက်နေ့အထိ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၉၅၀၀၀ ကျပ်မှ ၁၃၀၀၀၀ အထိဈေးတက်သွားသည်ကို မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၏ အချက်လက်များအရ သိရသည်။ ယင်းကြောင့် အဆိုပါဒေသမှ ဝယ်ယူရောင်းချသည့် ဆန်အမျိုးအစားများမှာ ထားဝယ်မြို့တွင် ဆက်တိုက်တက်နေခြင်းဖြစ်သည်။ ဇူလိုင်လ ၂၁ ရက်နေ့မှ ဩဂုတ်လ […]

သရက်ချောင်းက အမျိုးသမီးနှစ်ဦးကို သတိပေးခံရ၊ စွပ်စွဲချက်ကို ကာယကံရှင်ငြင်း

Dawei Watch

August 19, 2023

သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာက အမျိုးသမီးနှစ်ဦးသည် စစ်ကောင်စီသတင်းပေးလုပ်နေသည်ဟုဆိုကာ ဩဂုတ်လ ၁၈ရက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက သတိပေးထားသည်ကို တွေ့ရသည်။ မမီးချောနှင့် မဇင်မာသက်တို့သည့် စစ်ကောင်စီသတင်းပေးနေသူများဖြစ်ပြီး လက်ညိုးထိုးမှုကြောင့် ပိန်းတောရွာက ဒေသခံအချို့ဖမ်းဆီးခံရတာတွေရှိကြောင်း သတိပေးစာတွင် ရေးသားထားသည်။ အဆိုပါ သတိပေးစာအပေါ်တွင် ကျည်နှစ်တောင့်နှင့် ပစ်စတိုသေနတ်တစ်လက်တင်ထားသည့် ဓာတ်ပုံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်အချို့က လူမှုကွန်ရက်တွင် ပို့စ်တင်ထားသည်ကို တွေ့ရသည်။ စစ်ကောင်စီတပ်ကို သတင်းပေးနေတာကြောင့် သတိပေးရခြင်းဖြစ်ကြောင်း စာတွင် ရေးသားထားသည်။ “အဲ့ဒီကိစ္စကို လိုက်နေတဲ့ မြေပြင်က ရဲဘော်တော်တော်များများသိတယ်။ မိန်းမသားတွေ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ဘက်က သတိပေးရခြင်းဖြစ်တယ်” ဟု အထက်ပါအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။ အဆိုပါအမျိုးသမီးနှစ်ဦးမှာ တော်လှန်ရေးအင်အားစုထဲက ရဲဘော်အချို့နှင့် ခင်မင်ရင်းနှီးကြသလို တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ကို သတင်းပေးနေကြောင်း ၎င်းက ပြောဆိုသည်။ ၎င်းတို့နှစ်ဦးသည် မိန်းမသားများဖြစ်သည့်အတွက် […]

တိုက်ပွဲဖြစ်နိုင်သောကြောင့် မောတောင်နယ်စပ်လမ်း ညဖက်မသွားရန်သတိပေး

Dawei Watch

August 19, 2023

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မောတောင်လမ်းပိုင်းကို ညဖက် မသွားလာကြရန် ကော်သူးလေတပ်မတော် (KTLA-tcjf) က ယနေ့ ဩဂုတ်လ ၁၉ ရက် နံနက်တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။ ထုံခါ-မောတောင် လမ်းပိုင်းတွင် ည ၆ နာရီမှ နံက် ၆ နာရီအတွင်း သွားလာခြင်း မပြုရန်၊ ကားများ မှန်ချမောင်းနှင်ရန်၊ တာလပတ်ဖုံးအုပ်ထားခြင်း မပြုဘဲ ကားအတွင်းပိုင်းကို မြင်သာအောင်ထားရန် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းအပြင် စစ်ကောင်စီတပ်များနှင့် နီးကပ်စွာမသွားလာရန်၊ တော်လှန်ရေးအဖွဲ့များက စစ်ဆေးမှုကို ခံယူရန်လည်း ဖော်ပြသည်။ “ကျွန်တော်တို့နဲ့ မနီးမဝေးမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာတော့ တိုက်ပွဲတွေ ဖြစ်လာနိုင်လို့ ခရီးသွားပြည်သူတွေ ဘေးကင်းလုံခြုံအောင် ဒီစာကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ကော်သူးလေတပ်မတော်မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အင်အားတရာနီးပါးရှိ […]

မော်လမြိုင်တွင် ရွှေဆိုင်က ရွှေဆွဲကြိုးခိုးယူသွားသည့် နိုင်ငံခြားသားနှစ်ဦးဖမ်းမိ

Dawei Watch

August 19, 2023

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရွှေဆိုင်တစ်ဆိုင်က ရွှေဝယ်ဟန်ပြကာ နှစ်ကျပ်သား ရွှေဆွဲကြိုးခိုးယူသွားသည့် နိုင်ငံခြားသားနှစ်ဦးကို ဖမ်းမိထားပြီဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင်က ပြောသည်။ မြိုင်ရတနာ လေးထပ်ဈေး၊ ပထမထပ်တွင် ဖွင့်လှစ်ထားသည့် စိန်ပန်းခိုင်ရွှေဆိုင်တွင် ဩဂုတ်လ ၁၇ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်၌ နိုင်ငံခြားသား အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့က ရွှေဝယ်ယူမည့် ဟန်ပြ၍ ရွှေ နှစ်ကျပ်သားဆွဲကြိုးတစ်ကုံး ခိုးယူသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ရွှေဝယ်သလို ဆွဲကြိုးတွေ ထုတ်ပြခိုင်းပြီး လိမ်သွားတာပါ။ ရွှေ နှစ်ကျပ်သား ဆွဲကြိုး တစ်ကုံးပါသွားတယ်။ လိမ်သွားတဲ့ နိုင်ငံခြားသား နှစ်ယောက်က ကျွန်တော်တို့ သိထားရတာကတော့ ဂျော်ဒန်နိုင်ငံကလို့သိရတယ်” ဟု စိန်ပန်းခိုင် ရွှေဆိုင်ပိုင်ရှင်က ပြောဆိုသည်။ ရွှေဆွဲကြိုးများ ပြခိုင်းပြီး တစ်ကုံးပြန်မပေးဘဲ ယူသွားသည်ကို CCTV ရုပ်သံမှတ်တမ်းတွင်တွေ့ရကြောင်း […]

မြိတ်တွင် အခေါက်ရွှေ အရောင်းအဝယ်ရပ်

Dawei Watch

August 19, 2023

မြိတ်မြို့ရှိ ရွှေဆိုင်များတွင် ဩဂုတ်လ ၁၈ ရက်နေ့မှစပြီး အခေါက်ရွှေအရောင်းအဝယ် ရပ်နားထားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အခေါက်ရွှေ အရောင်းအဝယ် ရပ်နားခဲ့သည့်အချိန်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် သုံးဆယ့်ကိုးသိန်းခြောက်သောင်း အထိ ဈေးပေါက်နေခဲ့ကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့က ဆိုသည်။ ယင်းကာလမတိုင်မီက ကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း ရွှေ‌ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ “အခုက ကြိုက်ရောင်းကြိုက်ဝယ်ဈေးတောင် မဟုတ်တော့ဘူး။ အရောင်းအဝယ်ကို ရပ်လိုက်တာ။ ငွေလဲဈေးတွေ မငြိမ်တော့ အခြေအနေကြည့်နေကြတဲ့ သဘောပါ” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ကြိုက်ရောင်း ကြိုက်ဝယ်ဈေးဆိုသည်မှာ ရွှေဝယ်ယူသူအား ရွှေဆိုင်များက ပေါက်ဈေးအတိုင်း ရောင်းချခြင်းဖြစ်ပြီး ပြန်ရောင်းပါက ပေါက်ဈေးထက် (ငါးသိန်း၊ ဆယ်သိန်းစသဖြင့်) နိမ့်သည့် ဈေးဖြင့်ဝယ်ယူကြခြင်းဖြစ်သည်။ ယနေ့တွင်လည်း မြိတ်မြို့ရှိ ရွှေဆိုင်အချို့ပိတ်ထားပြီး ဖွင့်ထားသည့်ဆိုင်များတွင်မူ အခေါက်ရွှေအရောင်းအဝယ် ရပ်နားထားသည်ဟု ရွှေဆိုင်ရှင်အချို့က […]

တနင်္သာရီတွင် စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့် အရပ်သားကို ပြန်ရှာမတွေ့သေး

Dawei Watch

August 19, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာတွင် ဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်ခံရပြီးနောက် ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၇ရက် ညဦးပိုင်းက တမုတ်ချုံးရွာလမ်းတနေရာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက အသက် ၃၅ နှစ်ရှိ ဦးထွန်းနိုင်ဝင်းအား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ပစ်ခတ်ပြီးနောက် ဦးထွန်းနိုင်ဝင်းကို စစ်ကောင်စီတပ်သားများ သယ်ယူသွားသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။ “သူက အရက်မူးပြီး ဒီလိုပဲ သွားနေတတ်တာ။ အဲဒီမှာ ကင်းပုန်းနဲ့တိုးပြီး ပစ်သတ်ခံရတာ။ ရုပ်အလောင်းကတော့ ဒီနေ့ထိ ပြန်မရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းမှာ တမုတ်ချုံးရွာမှ ထွက်ခွာသွားပြီဖြစ်သော်လည်း ဦးထွန်းနိုင်ဝင်းကို ပြန်လည်ရှာဖွေ မတွေ့သေးသဖြင့် သေဆုံးသွားပြီဟု ယူဆကြောင်း ဒေသခံတို့က ပြောဆိုသည်။ ဦးထွန်းနိုင်ဝင်းတွင် သားသမီးနှစ်ဦး ရှိပြီး […]