ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်သို့သွားသည့် ပညစ်ရွာသားရှစ်ဦး ‌‌ခြောက်ရက်ကြာအထိ အဆက်အသွယ်မရ

Dawei Watch

August 9, 2023

လောင်းလုံးမြို့နယ် ပညစ်ရွာမှ ထားဝယ်မြို့သို့ သွားသည့် ပညစ်ရွာသားရှစ်ဦး ခြောက်ရက်ကြာသည်အထိ အဆက်အသွယ် မရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ဩဂုတ်လ ၄ ရက်နေ့ ပညစ်ရွာမှ ကားတစ်စီးဖြင့် ဒေသခံရှစ်ဦးလိုက်ပါသွားခြင်းဖြစ်သည်။ လိုက်ပါသွားကြသူများမှာ မဌေးဌေး၊ မအေးအေးဆင့်၊ ဦးမြင့်နှင့် ဇနီးဒေါ်ပိုသန်း၊ သားမက် ကိုကျော်ဆန်း၊ ချွေးမ မသန်းအေး၊ ဦးဖေသန်းနှင့် သမီး မဇာတို့ဖြစ်ကြကြောင်း ဒေသခံတို့က ပြောသည်။ ဦးမြင့်တို့ မိသားစုဝင်လေးဦးမှာ ဆေးခန်းပြရန် သွား‌ရောက်ခြင်းဖြစ်ပြီး လေးဦးစလုံးကို စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သတင်းကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ၎င်းတို့မိသားစုဝင်လေးဦးကို မည်သည့်နေ‌ရာတွင် မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည်ကို အသေးစိတ် မသိရသေးပေ။ ယင်းအပြင် ကားတစ်စီးတည်းအတူ လိုက်ပါသွားသည် နောက်ထပ်ဒေသခံလေးဦးမှာလည်း ရွာသို့ ဩဂုတ်လ ၈ ရက် အထိ […]

ဝေဒီရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

Dawei Watch

August 9, 2023

လောင်းလုံးမြို့နယ်‌၊ဝေဒီရွာတွင် အမျိုးသမီးတစ်ဦး အဖမ်းခံရပြီး လေးရက်အကြာ ဩဂုတ်လ ၆ ရက်နေ့က ဦးလေးတော်စပ်သူ သေနတ်ဖြင့်ပစ်ခတ်ခံရသည်ဟု ဒေသခံများထံမှသိရသည်။ မနေ့(ဩဂုတ် ၈) ညနေပိုင်းက ဝေဒီရွာသား အသက် ၅၅ နှစ်အရွယ်ရှိ ဦးဝင်းနိုင်ဆိုသူ ပစ်ခတ်ခံရခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းနိုင်ကို ဆေးရုံသို့ အရေးပေါ်တင်ပို့လိုက်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “သေနတ်သံက လေးငါးချက်လောက် ကြားရတယ်”ဟု ၎င်းဒေသခံကပြောသည်။ ဦးဝင်းနိုင်ကို မည်သူတို့က မည့်သည့်အကြောင်းယင်းကြောင့်လာရောက်ပစ်ခတ်သွားသည်ဆိုခြင်းကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။ လွန်ခဲ့သည့် လေးရက်ခန့် က  ဦးဝင်းနိုင်၏ တူမတော်စပ်သူ မဝါဝါဆိုသူမှာလည်း ဝေဒီရွာ၏ လမ်းပိုင်းတစ်နေရာတွင် လက်နက်ကိုင် လူတစ်စုက ဖမ်းခေါ်သွားပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများကဆိုသည်။ မဝါဝါကို မည်သူတို့က မည်သည့်အကြောင်းယင်းကြောင့် ဖမ်ခေါ်သွားသည်ဆိုသည်ကိုလည်း မသိရသေးပေ။ မဝါဝါမှာ လွန်ခဲ့သည့် ၆ […]

ရှစ်လေးလုံးအထိမ်းအမှတ် သရက်ချောင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်

Dawei Watch

August 8, 2023

ရှစ်လေးလုံးအရေးတော်ပုံ ၃၅နှစ်ပြည့်နေ့တွင် သရက်ချောင်းမြို့နယ်ရှိ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင်များ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ယနေ့ ပြုလုပ်ကြသည်။ ‘၈၈၈၈ စိတ်ဓာတ်ကိုင်စွဲ လူထုတော်လှန်ရေးဆင်နွှဲ’ ဘန်နာကိုင်ဆောင်ကာ သပိတ်လုပ်ဆောင်ခဲ့ကြပြီး စစ်ကောင်စီတပ် ထုတ်ကုန်များကို သပိတ်မှောက်ရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

ပုလောတွင် စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်

Dawei Watch

August 8, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်ရှိ ကျေးရွာများဘက်သို့  စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့(သြဂုတ် ၈)နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ပုလောမြို့  ၂၈၅ တပ်ရင်းမှ လက္ကူးနှင့်မှော်ကြောင်းရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို မွန်းလွဲပိုင်းတွင် မီးလောင်ချောင်းနှင့် ဇရပ်ဆိပ်ရွာများဘက်သို့ ပလမြို့တပ်ရင်းကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “တိုက်ပွဲဖြစ်သံတော့ မကြားရဘူး။ ပလဘက်ကပစ်တဲ့ လက်နက်ကြီးလာကျနေလို့ အိမ်အောက်မှာ ဆင်းဝပ်နေရတယ်”ဟု မီးလောင်ချောင်းရွာနေ ဒေသခံအမျိုးသမီး ကပြောသည်။ ပုလောမြို့အနီး မှော်ကြောင်းရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့နံနက်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟုကြားသိရပြီးနောက် အဆိုပါကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။  လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေကြပြီး အထိအခိုက်ရှိမရှိကိုမူ Dawei Watch ကဆက်လက်စုံစမ်း နေဆဲဖြစ်သည်။ “ဇရပ်ဆိပ်ရွာထဲ နှစ်လုံးလာကျတယ်။ ထိခိုက်မှုကတော့မကြားရဘူး”ဟု […]

လောင်းလုံးတွင် ရှစ်လေးလုံး အထိမ်းအမှတ် လူထုသပိတ်ပြုလုပ်

Dawei Watch

August 8, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်း ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ ပြုလုပ်ခဲ့သည်။ ‘၈၈၈၈ စိတ်ဓါတ် ကိုင်စွဲ ၊ လူထုတော်လှန်ရေး ဆင်နွှဲ’ စာသားပါ ဘန်နာကိုင်ဆွဲ၍ ချီတက်ခဲ့ကြပြီး ရှစ်လေးလုံး အရေးတော်ပုံအတွင်း ကျဆုံးခဲ့သည့် ဒီမိုကရေစီသူရဲကောင်း‌များကို ‌အလေးပြုခဲ့ကြကြောင်း ယင်းကော်မတီက ထုတ်ပြန်သည်။

ရေကြီးမှုကြောင့် ကျိုက်မရောတွင် စာသင်ကျောင်းအချို့ပိတ်ထားရ

Dawei Watch

August 8, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေ တိုးလာသည့် အတွက် အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာအများစုတွင် ရေကြီးရေလျှံနေသဖြင့် အခြေခံပညာစာသင်ကျောင်းအချို့ ပိတ်ထားရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေကြီးမှုကြောင့် ကျိုက်မရောမြို့ပေါ် ကျောင်းတစ်ကျောင်းအပါအဝင် ချောင်းနှစ်ခွ၊ ငပြေမ၊ နိတုံ၊ ကြခတ်ကုန်း၊ ကွာငန်း၊ အောင်ဗလကုန်း၊ လမုခို၊ ညောင်ကုန်း စသောကျေးရွာတို့မှ စာသင်ကျောင်း ကိုးကျောင်းကို ယနေ့ ဩဂုတ်လ ၈ ရက်နေ့မှစပြီး ယာယီပိတ်ထားကြောင်း ၎င်းတို့ထံမှ သိရသည်။ “ရေက တချို့နေရာမှာဆို ခါးလောက်အထိ ရောက်နေတယ်။ ဒီလိုအခြေအနေမှာ ကလေးတွေ ကျောင်းသွားဖို့က လုံးဝအဆင်မပြေတော့ဘူးလေ။ အဲဒါကြောင့်မို့ ကျောင်းတွေက ယာယီပိတ်လိုက်တာ” ဟု ကျိုက်မရောဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ အတ္ထရံမြစ်ရေ မြင့်တက်လာသည့်အတွက် ကျိုက်မရောမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရှင်စောပု […]

တနင်္သာရီမြစ်ရေကြီးမှုကြောင့် နေအိမ်လေးဆယ်ကျော် ပြောင်းရွှေ့ရ

Dawei Watch

August 8, 2023

ယခုလအစမှစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေမြင့်တက်ကာ ရေကြီးမှုကြောင့် နေအိမ် လေးဆယ်ကျော် ပြောင်းရွှေ့ခဲ့ရကြောင်း ယင်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ တနင်္သာရီမြစ်ရေသည် ဩဂုတ်လ ၃ ရက်နေ့တွင် စိုးရိမ်ရေအမှတ် ၁၇ ပေအထိ ရောက်ရှိခဲ့ပြီး နေအိမ်အချို့ ရေလွှမ်းခဲ့ကြောင်း ယင်းမြို့နေသူအချို့က ပြောသည်။ ယင်းနောက် ဩဂုတ်လ ၇ ရက်နေ့တွင် ၁၈ ပေခွဲအထိ မြင့်တက်လာပြီး ဩဂုတ်လ ၈ ရက်နေ့တွင် တစ်ပေကျော်ခန့် ပြန်လည်ကျဆင်းခဲ့သဖြင့် ၁၇ ပေကျော်အထိ ရှိနေကြောင်း တနင်္သာရီမြို့နေသူတစ်ဦးက ဆိုသည်။ တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ် ၂၄ ပေ သတ်မှတ်ထားသည်။ “ရေတော့နည်းနည်းပြန်ဆင်းသွားတယ်။ မိုးကတော့ ရွာနေတာပဲ” ဟု တနင်္သာရီမြို့နေသူတစ်ဦးက ပြောဆိုသည်။ […]

လောင်းလုံးမြို့အဝင်တွင် ရှစ်လေးလုံးနေ့ဆန္ဒဖော်ထုတ်နေချိန် ကင်းလှည့်လာသည့် စစ်ကောင်စီကားပစ်ခတ်ခံရ

Dawei Watch

August 8, 2023

ရှစ်လေးလုံးအရေးတော်ပုံ ၃၅နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လောင်းလုံးမြို့အဝင်တွင် ဆန္ဒဖော်ထုတ်နေချိန် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကားနှစ်စီးကို မိုင်းဆွဲပစ်ခတ်ခဲ့ကြောင်း ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ လောင်းလုံးမြို့ပေါ်ရှိ မိုးလေဝါသရုံးအနီး လမ်းမပေါ်တွင် Dawei Defense Team (DTT) တပ်ခွဲ (၃) ၊ ထားဝယ်-ပကဖ နှင့် ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ Guerrilla Dawei တို့ ပူးပေါင်း၍ ယနေ့ နံနက် ၇နာရီခွဲက ဆန္ဒဖော်ထုတ်ကြောင်း အထက်ပါပူးပေါင်းအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရှစ်လေးလုံး အရေးတော်ပုံ ၃၅နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ‘၈၈၈၈’ စာသားကို ရေးဆွဲပြီး တာယာအဟောင်းများကို မီးရှို့နေ့စဉ် စစ်ကောင်စီတပ်က ကင်းလှည့်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်က ကားနှစ်စီးဖြင့် ရောက်ရှိလာသဖြင့် အသင့်စောင့်ကြိုပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ငါးမိနစ်ခန့် ကြာဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဆက်လက်ရေးသားထားသည်။ […]