ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကံပေါက်တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ်တစ်ဦး သေဆုံး

Dawei Watch

August 3, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေးကြောင့် ဩဂုတ်လ ၂ ရက် မနက်အစောပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ကံပေါက်ဒေသ၊ ဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုကျေးရွာမှ မခင်ဝင့်ဝါလှိုင်မှာ ကံပေါက်ဆေးရုံတွင်ပင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ “ ကလေးက အိမ်မှာကတည်းက သွေးတွေလျှံနေတာ။ လက္ခဏာကတော့ သိပ်မကောင်းဘူး။ ဆေးရုံက တစ်ရက်ပဲတက်လိုက်ရတယ်“ ဟု ဆွေမျိုးနီးစပ်သည့် ကောင်းမှုရွာသားတစ်ဦး ကပြောပါသည်။ ကံပေါက်ဒေသအတွင်းရှိ ကျေးရွာအုပ်စု များတွင် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာဖြင့် ကလေးငယ်များ ဖျားနာမှုများရှိနေပြီး ကံပေါက်ဆေးရုံနဲ့ ထားဝယ်ဆေးရုံသို့ အရေးပေါ်လူနာအဖြစ် တက်ရောက်ကုသခံယူမှု များလည်းရှိသည်ဟု ဒေသခံများကပြောသည်။ ဇူလိုင်လ နောက်ဆုံးအပတ်ကလည်း သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာက ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦး သွေးလွန်တုပ်ကွေးရောဂါ ဖြင့် ကွယ်လွန်ခဲ့သေးသည်။ ထားဝယ်ခရိုင်တွင် ယခုနှစ် သွေးလွန်တုပ်ကွေးရာသီ၌ […]

သံဃာတော်များ ဝါဆိုဝါကပ်ပြုတော်မူ

Dawei Watch

August 2, 2023

ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက် ယနေ့ ဩဂုတ် ၂ ရက်တွင် သံဃာတော်များ ဝါဆိုဝါကပ်တော်မူပြီဖြစ်သည်။ ရေဖြူမြို့နယ်တွင် ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ စခန်းကြီးသုဓမ္မာ ပါဝါရဏာဂိုဏ်း၊ ဟိန်းဇဲ သုဓမ္မာ ပါဝါရဏာဂိုဏ်း စသည့် သံဃဂိုဏ်း သုံးခု၏ အဖွဲ့ဝင် ဘုန်းတော်ကြီးကျောင်း ၈၀ ကျော်ရှိသည်။ “မနှစ်က စခန်းကြီးဂိုဏ်း တစ်ခုတည်း လောင်းလုံးနဲ့ ရေဖြူ နှစ်မြို့နယ်ပေါင်း ဝါဆိုသံဃာ အပါး ၉၄၀ ကျော် ရှိတယ်။ အခုနှစ် ဝါဆို သံဃာစာရင်းက မချုပ်ရသေးတော့ တိတိကျကျ ပြောမရသေးဘူး။ အရင်နှစ်ကထက်တော့ပိုမယ်” ဟု စခန်းကြီး သုဓမ္မာ ပါဝါရဏာဂိုဏ်းဝင် ဆရာတော်တစ်ပါးက မိန့်ကြားသည်။ ထားဝယ်ခရိုင်တွင် အထက်ဖော်ပြပါ ဂိုဏ်း ၃ဂိုဏ်းအပြင် သိမ်ဝဂိုဏ်း၊ နန်းတော်ရာဂိုဏ်း၊ ရွှေတောင်ဂိုဏ်း၊ မရမ်းပင်ဂိုဏ်း […]

မြိတ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

Dawei Watch

August 2, 2023

မြိတ်မြို့ ‌မြိတ်တောင်နယ်မြေရှိ ဆောက်လက်စ တိုက်အိမ်တွင် ယနေ့ ဩဂုတ်လ ၂ ရက်နေ့ ညနေ ၄ နာရီခန့်က အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ ဇေယျာသီရိ ၄ ရပ်ကွက်ရှိ ဆောက်လက်စ တိုက်အိမ်တွင် အလုပ်လုပ်ကိုင်နေသည့် ပန်းရန်အဖွဲ့မှ ပန်းရန်ဆရာတစ်ဦး ဓာတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ခံတစ်‌ဦးက ပြောသည်။ “ပေကြိုးတိုင်းရင်းနဲ့ မီးကြိုးကိုသွားထိပြီး ဓာတ်လိုက်သွားတာ” ဟု ၎င်းက ဆိုသည်။ အသက် ၅၀ နှစ်ရှိ အဆိုပါအမျိုးသားသည် ဓာတ်လိုက်ခံရသဖြင့် ဝမ်းဗိုက်တွင် ပြတ်ရှဒဏ်ရာတစ်ချက်အပါအဝင် ဒဏ်ရာအချို့ရရှိခဲ့သဖြင့် မြိတ်ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။ ဓာတ်လိုက်လူနာသည် မြိတ်ဆေးရုံအရောက်တွင် သေဆုံးခဲ့သဖြင့် ယင်းဆေးရုံကြီးမှတဆင့် တပ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ […]

ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးနောက် Pheu Thai ပါတီရုံခန်းရှေ့ ဆန္ဒပြမှုဖြစ်

Dawei Watch

August 2, 2023

ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းပြီး Move Forward ပါတီမပါဘဲ အစိုးရအသစ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြေညာပြီးနောက် Pheu Thai ပါတီရုံးခန်းရှေ့တွင် ဆန္ဒပြမှုဖြစ်ပွားနေခြင်းဖြစ်သည်။ ညွန့်ပေါင်းအဖွဲ့ ဖျက်သိမ်းခဲ့သဖြင့် Move Forward ပါတီသည် အတိုက်အခံပါတီအဖြစ်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် Move Forward ပါတီထောက်ခံသူများက Pheu Thai ပါတီရုံးခန်းရှေ့တွင် ပုံစံတူရုပ်များကို မီးရှို့ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြသူများက ဒီမိုကရေစီအတွက် အသက်ပေးသွားသူများကို သတိရမရ မေးခွန်းထုတ်၍ ဆန္ဒပြခဲ့ကြကြောင်း‌ ဖော်ပြထားသည်။ Ref: Khaosod English, The Reporter

ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဟု Pheu Thai ပါတီကြေညာ

Dawei Watch

August 2, 2023

ထိုင်းနိုင်ငံရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီက တော်ဝင်ဥပဒေကို ပြင်ဆင်ရေး လက်မလျော့နိုင်ဟု ပြောကြားခဲ့ပြီးနောက် ညွန်းပေါင်းအဖွဲ့ကို ဖျက်သိမ်းကြောင်း Pheu Thai ပါတီက ယနေ့ (ဩဂုတ် ၂) နေ့လယ်ပိုင်းတွင် ကြေညာခဲ့သည်။ Pheu Thai ပါတီအနေဖြင့် ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းပြီး Move Forward ပါတီမပါဘဲ အစိုးရအသစ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ Pheu Thai ပါတီအနေဖြင့် လာမည့် ဩဂုတ်လ ၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် Srettha Thavisin ကို အမည်စာရင်းတင်သွင်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ Move Forward ပါတီကို ၎င်း၏ ရွေးကောက်ပွဲကတိဖြစ်သော တော်ဝင်ဥပဒေပြင်ဆင်ရေးကို လက်လျော့ဖို့ ကနဦးတောင်းဆိုခဲ့ပြီး လက်မလျော့နိုင်ပါက Move Forward ပါတီမပါဘဲ အစိုးရအသစ်ကို ဖွဲ့စည်းသွားမည်ဟု Pheu Thai ပါတီဘက်က ကြိုတင်ပြောဆိုထားသည်။ ယင်းနောက် Move Forward ပါတီဘက်ကလည်း တော်ဝင်ဥပဒေပြင်ဆင်ရေး လက်မလျှော့နိုင်ကြောင်း ထပ်မံပြောကြားခဲ့သဖြင့် Pheu Thai ပါတီက ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး […]

တနင်္သာရီတွင် စစ်ကောင်စီတပ် တစ်ရက်တည်း သုံးနေရာတိုက်ခိုက်ခံရ

Dawei Watch

August 2, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ် တစ်ရက်တည်း သုံးနေရာတွင် တိုက်ခိုက်ခံရကြောင်း ဒေသခံနှင့် တော်လှန်ရေးအုပ်စုများထံမှ သိရသည်။ ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ်၊ ဗောဓိကမ်းတံတား စစ်ဆေးရေးဂိတ်နှင့် ညောင်ပင်ကွင်းရှိ အမှတ် (၅၆၁) တပ်ရင်းတို့ ဩဂုတ်လ ၁ရက်နေ့တွင် တိုက်ခိုက်ခံရကြောင်း ၎င်းတို့ထံမှ သိရသည်။ “မွန်းလွဲအချိန် ညောင်ပင်ကွင်းမှာ နှစ်နေရာ တိုက်ခံရတယ်။ ပြီးတော့ညဦးဖက် ဗောဓိကမ်းတံတားလည်း အတိုက် ခံရတယ်။ ထိခိုက်ဒဏ်ရာရမှုက မသိရသေးဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲတွင် ညောင်ပင်ကွင်းတံတားဂိတ် လျှပ်တစ်ပြက်တိုက်ခိုက်ခံရပြီး တစ်ပြိုက်နက် (၅၆၁) တပ်ရင်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းတိုက်ပွဲတွင်ပါဝင်သည့် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “ညောင်ပင်ကွင်းတံတားဂိတ်ကို ကော်သူးလေအာမီက ဝင်ပစ်တယ်။ ၅၆၁ […]

ဖမ်းဆီးခံ မူးဒူးရွာသားလေးဦး ၉ရက်ကြာသည်အထိ ပြန်မလွတ်သေး

Dawei Watch

August 2, 2023

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ မူးဒူးရွာက ရွာသားလေးဦးသည် ဖမ်းဆီးခံရပြီး ၉ရက်ကြာသည် အထိ ပြန်လည်မလွတ်မြောက်လာသေးကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင်လ ၂၅ ရက်နေ့က မူးဒူးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် မူးဒူးအပါအဝင် အနီးဝန်းကျင် ကျေးရွာတို့က ဒေသခံ ၁၁ဦး ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအနက် ခုနစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး မူးဒူးရွာသား လေးဦးကိုမူ ရေနက်ဆိပ်ကမ်းရဲစခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ အဆိုပါရွာသားလေးဦးကို ဖမ်းဆီးသွားသည့်စစ်ကြောင်းက ဇူလိုင်လ ၂၇ ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း လမ်းတွင် ကင်းပုန်းဝပ်နေသည့် နောက်ထပ်စစ်ကောင်စီစစ်ကြောင်းတစ်ခုက ထပ်မံဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “အခုဆိုရင် ၉ ရက်ရှိပြီ။ ဖမ်းထားတာ အရပ်သား တံငါသမားတွေပါ။ မိသားစုကလည်း ပြန်လွှတ်ပေးဖို့ ဆက်သွယ် တောင်းဆိုနေကြတယ်။ […]

ထိုင်းတွင် ကရင်အမျိုးသားတစ်ဦး ဘတ် ၆ သန်း ထီပေါက်

Dawei Watch

August 2, 2023

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် အလုပ်လုပ်ကိုင်နေသော ကရင်အမျိုးသားတစ်ဦးသည် ထိုင်းထီ အမြင့်ဆုံးဆု ဘတ် ၆ သန်းပေါက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စန်ခရာဘူရီဒေသရှိ ဈေးထဲက ရေခဲဆိုင်တွင် လုပ်ကိုင်နေသော အဆိုပါအလုပ်သမားသည် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော အမြင့်ဆုံးထီဆု 260453 တွင် နံပါတ်ခြောက်လုံးတူဖြင့် ဘတ် ၆ သန်း ကံထူးခြင်းဖြစ်သည်။ ကံထူးသူမှာ အသက် ၃၆ နှစ်အရွယ် ကိုဖိုးထူးဆိုသူဖြစ်ပြီး ရေခဲဆိုင်တွင် လုပ်ကိုင်နေသည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ၎င်းသည် ယာယီနေထိုင်လုပ်ကိုင်ခွင့်လက်မှတ် ပန်းရောင်ကတ် ခေါ် ဘတ်ကတ် ကိုင်ဆောင်ကာ လုပ်ကိုင်နေသည် ဖြစ်ကြောင်း ဆိုသည်။ ထီလက်မှတ်ကို ဈေးထဲရှိ ထီဆိုင်တွင်ပင် ဘတ် ၈၀ ဖြင့် […]