ကော့သောင်းအကျဉ်းထောင်မှ အယောက် ၄၀ ပြန်လွတ်
Dawei Watch
August 1, 2023စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် ကော့သောင်း အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း အယောက် ၄၀ ပြန်လွတ်လာကြောင်း သိရှိရသည်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါစစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် ကော့သောင်း အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း အယောက် ၄၀ ပြန်လွတ်လာကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများ ယနေ့ညနေပိုင်းက ပြန်လွတ်လာကြသည်ကို တွေ့မြင်ရစဉ်။ ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်၏ ထုတ်ပြန်ချက်အရ အပြစ်ဒဏ်မှလွတ်ခါနီး ၆ လအောက်သာ ကျန်တော့သည့် အကျဉ်းသား/သူ စုစုပေါင်း ၃၀ ကျော် လွတ်လာခြင်းဖြစ်ဟု သိရသည်။ ထားဝယ်အကျဉ်းထောင်ထဲတွင် မတရားဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား /သူ ၄၀၀ နီးပါးအထိရှိနေဆဲဖြစ်ကြောင်း ယင်းကွန်ရက်ထံမှသိရသည်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နှင့်ကျွန်းစုမြို့နယ်တို့တွင် စစ်ကောင်စီက တစ်ရက်အတွင်း အမျိုးသားသုံးဦး ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီမြို့နယ်၊သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်ကုန်းရွာနေ အသက် ၄၂ အရွယ် ဇော်မင်း(ခ)လင်းလင်းဆိုသူမှာ ဇူလိုင်လ ၃၁ ရက်နေ့က တနင်္သာရီမြို့တွင် အဖမ်းခံခဲ့ရသည်။ ၎င်းသည် တနင်္သာရီမြို့တွင် ဆေးဝယ်ပြီးရွာအပြန် အဖမ်းခံရသည်ဟု ဒေသခံများ ထံမှသိရသည်။ “သူ့သမီးအတွက် ဆေးသွားဝယ်တာ ဝယ်တဲ့ဆေးထဲမှာ အနာကျက်ဆေးပါလို့ဆိုပြီး အဖမ်းခံရတယ်လို့ သိရတယ်”ဟုဒေသခံအမျိုးသား ကပြောသည်။ ၎င်းအဖမ်းခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီထောက်ခံသူအုပ်စု၏ တယ်ရီဂရန်ချန်နယ်တွင် အဖမ်းခံရသူသည် PDF တပ်အား ဆေးဝယ်ပေးခြင်း၊ဆေးကုပေးခြင်း ပြုလုပ်သည့် ဆေးမှူးဖြစ်သည်ဟု ရေးသားထားပြီး တနင်္သာရီမြို့ရဲစခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)/၅၂(က)ဖြင့် အရေးယူထားကြောင်း ဖော်ပြထားသည်။ အလားတူ တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ လယ်တောင်ရွာနေ စက်သုံးဆီနှင့်ကွမ်းယာရောင်းသူ အသက် ၆၆ နှစ်ရှိ အမျိုးသားတစ်ဦးသည်လည်း အဖမ်းခံခဲ့ရသည်။ […]
မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၁၀ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ဇူလိုင်လ ၃၁ရက် ည ၁၀ နာရီခန့်တွင် ဖမ်းဆီးရမိကြောင်း အမှတ် (၂၅) ခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများသည် ရနောင်း-ကော့သောင်းနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး ဖန်ငခရိုင်သို့ ပစ်ကပ်ကားဖြစ်သွားရောက်စဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ရနောင်းခရိုင် စုက်စမ်ရန်ဒေသ နားခါးရွာအနီးတွင် မြန်မာအလုပ်သမားများကို ပစ်ကပ်ကားနှစ်စီးဖြင့် တရားမဝင် ပို့ဆောင်နေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကားနှစ်စီးပေါ်တွင် မြန်မာအလုပ်သမား ၁၀ ဦးနှင့် ထိုင်းနိုင်ငံသား ကားသမား နှစ်ဦးတို့ကို ဖမ်းမိကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် မလေးရှားနိုင်ငံသို့ သွာရောက်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၃၅၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် […]
စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို တရားစီရင်ပြီးသည့် အမှုများမှ အချို့ကို ပြစ်ဒဏ်လျှော့ပေါ့ပေးကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားခြင်း ဖြစ်သည်။ ယင်းအနက် ၂၀၂၁ ခုနှစ်က စွဲဆိုခဲ့သည့် အမှုငါးခု၏ ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခြင်းဖြစ်သည်။ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်သည့် ၅ ခုမှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေဖြင့် စွဲဆိုထားမှု၊ ပုဒ်မ ၅၀၅၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေများဖြင့် စွဲဆိုထားမှုများဖြစ်သည်။ အမှုရှစ်မှုဖြင့် ထောင်ဒဏ် ၁၂နှစ်ချမှတ်ခံထားရသည့် သမ္မတဦးဝင်းမြင့်ကိုမူ အမှုနှစ်ခုအတွက် ချမှတ်ထားသည့် ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခြင်းဖြစ်သည်။ သမ္မတ ဦးဝင်းမြင့်ကိုမူ စွဲဆိုထားသော အမှုများအနက်မှ ပုဒ်မ ၅၀၅ […]
စစ်ကောင်စီက ဖမ်းဆီးထားသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို တရားစီရင်ပြီး ပြစ်ဒဏ်များမှ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်သည်။ အသေးစိတ်ကိုမူ မသိရှိရသေးပေ။
ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးကို လာရောက်ကြသည့် ဘုရားဖူးများကို ဝါဆိုလပြည့်နေ့ (သြဂုတ်လ ၁ ရက်နေ့)တွင် မြင်တွေ့ရစဉ်။
အက်ဒီးဒတ်စ် အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းစုသည် မန်ယူအသင်းကို ပရီးမီးယားလိဂ်သမိုင်းတွင် စံချိန်တင်စပွန်ဆာကြေးပေးအပ်ကာ ဝတ်စုံစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။ အက်ဒီးဒတ်စ်သည် မန်ယူကို ၁၀ နှစ်သက်တမ်းရှိ ဝတ်စုံစပွန်ဆာစာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပြီး ယင်းစာချုပ်ကတစ်ဆင့် မန်ယူမှာ စပွန်ဆာကြေးပမာဏ ပေါင်သန်း ၉၀၀ အထိ ရရှိသွားတော့မည်ဖြစ်သည်။ အက်ဒီးဒတ်စ်နှင့် မန်ယူတို့သည် ၂၀၁၅-၁၆ ဘောလုံးရာသီကစတင်ကာ လက်တွဲခဲ့ခြင်းဖြစ်ပြီး ပုံရိပ်ကြီးမားသော မန်ယူနှင့် ဆက်လက် အလုပ်လုပ်ခွင့်ရရှိသည့်အတွက် အားရကျေနပ်မိပါကြောင်း အက်ဒီးဒတ်စ်က သတင်းထုတ်ပြန်ထားသည်။ ယခုချုပ်ဆိုလိုက်သော စာချုပ်သစ်အရ အက်ဒီးဒတ်စ်သည် မန်ယူ၏ဝတ်စုံစပွန်ဆာမိတ်ဖက်အဖြစ် ၂၀၃၅ ခုနှစ်ထိတိုင် ရပ်တည်သွားနိုင်တော့မည်ဖြစ်ပြီး မန်ယူမှာ ဆုဖလားရရှိမှု၌ အားရကျေနပ်စရာ မရှိတော့သော်လည်း ကွင်းပြင်ပ ဈေးကွက်တွင်မူ ပုံရိပ်ကြီးမားစွာ ထင်ကျန်နေဆဲဖြစ်ကြောင်း ယခုစပွန်ဆာစာချုပ်က သက်သေခံလျက်ရှိသည်။ မန်ယူသည် အက်ဒီးဒတ်စ်နှင့် ချုပ်ဆိုခဲ့သော စာချုပ်ဟောင်း၌ […]