ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘတ်ငါးသောင်းနှင့်အထက် ငွေလွှဲငွေထုတ်ပြုလုပ်သူများကို မျက်နှာဓါတ်ပုံမှတ်တမ်းရယူရန် ထိုင်းဘဏ်ကြီးများစီစဉ်

diz_admin

April 27, 2023

ထိုင်းနိုင်ငံ ဘဏ်ကြီးအများစုက လာမည့်မေလမှစ၍ ငွေကြေးလိမ်လည်မှုများနှင့် အလွဲသုံးစားအလုပ်ခံရမှုများမှ ကာကွယ်နိုင်ရန်အတွက် ဘတ်ငါးသောင်းနှင့်အထက် ငွေလွှဲငွေထုတ်ပြုလုပ်သူများကို မျက်နှာအား ဓါတ်ပုံရိုက်ယူ မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း ထိုင်းတရားရေးကျွမ်းကျင်သူ Steven Sanyu က ယနေ့တွင် ရေးသားလိုက်သည်။ အဆိုပါအစီအစဉ်ကို ဘန်ကောက်ဘဏ်၊ ကစီကွန်ဘဏ်ကဲ့သို့ နိုင်ငံတော်အဆင့် ဘဏ်ကြီးများက လာမည့် မေလမှစတင်ကာ မိတ်ဆက်အသုံးပြုရန် စီစဉ်ထားကြောင်း Bangkok Post ကလည်း မနေ့က ဖော်ပြထားသည်။ ထိုင်းနိုင်ငံရှိ အလတ်စား၊ အသေးစားဘဏ်လုပ်ငန်းများကလည်း ယင်းအစီအစဉ်ကို လာမည့် ဇွန်လတွင် နောက်ဆုံးထား လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ သုံးစွဲသူများ၏ ဇီဝလက္ခဏာသက်သေပြချက်များကို ရယူထားရမည့် အဆိုပါအစီအစဉ်ကို ဇွန်လတွင် ဘဏ်အားလုံးက စတင်အသုံးပြုရန် ထိုင်းနိုင်ငံ ဗဟိုဘဏ်မှ ပြီးခဲ့သော မတ်လက ပြောကြားခဲ့ပြီးနောက် ဘဏ်ကြီးများက လာမည့်လတွင် စတင်ရန် စီစဉ်လာခြင်းဖြစ်သည်။ ဘတ် ငါးသောင်းနှင့်အထက် မိုဘိုင်းငွေကြေးလွှဲပြောင်းမှု […]

မြိတ်တွင် ကိုဗစ်ပိုးတွေ့သူတစ်ဦးထပ်တိုး၊ ကိုဗစ်လူနာသုံးဦးရှိလာပြီ

diz_admin

April 27, 2023

မြိတ်မြို့တွင် ဧပြီလ ၂၆ ရက်နေ့၌ ကိုဗစ်ပိုးတွေ့သူ တစ်ဦးထပ်တိုးသဖြင့် ကိုဗစ်ပိုးတွေ့လူနာ သုံးဦးရှိလာပြီ ဖြစ်ကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ ကို‌ဗစ်ပိုးတွေ့ရှိသူသည် မြိတ်မြို့အဝင် ကျောက်ဖြူတောင်ကျေးရွာနေ အသက်ငါးဆယ်နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ ၎င်းသည် ခရီးသွားရန်အတွက် ကိုဗစ်ပိုးရှိမရှိ စစ်ဆေးရာမှ ပိုး‌တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြိတ်တွင် ဧပြီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် တစ်သားအရွယ်နှင့် ၁၇ နှစ်အရွယ် ညီအစ်မနှစ်ဦးတို့တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပြီးဖြစ်သည်။ ယင်းညီအစ်မနှစ်ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဧပြီလ ၂၆ ရက်နေ့က ဆေးရုံဆင်းခွင့်ရပြီး နေအိမ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်းတို့ထံမှ သိရသည်။ “ကိုဗစ်ပိုးစတွေ့နှစ်ယောက်က အိမ်ပြန်သွားပါပြီ” ဟု အထက်ပါ နာရေးကူညီမှုအသင်းဝင်က ပြောဆိုသည်။ […]

နွေရာသီပူပြင်းသဖြင့် အဝယ်များပြီး နာနတ်သီးဈေး ပြန်တက်

diz_admin

April 27, 2023

ယခုနှစ်တွင် ရာသီဥတုပူပြင်းမှုကြောင့် နာနတ်သီးဝယ်ယူစားသုံးသူများလာသဖြင့် ဈေးပြန်ကောင်းလာကြောင်း ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာမှ နာနတ်သီးစိုက်တောင်သူအချို့က ပြောသည်။ ပြီးခဲ့သည့်နှစ်များက မိုးမပြတ်သည့်အတွက် နာနတ်သီးဈေးကွက် အရောင်းအေးသဖြင့် ဈေးကောင်းမရခဲ့ဟု တောင်သူအချို့က ပြောသည်။ ပြီးခဲ့သည့်နှစ်က မိုးနှောင်းကောင်းနေသလို မုတ်သုန်မိုးလည်းစောစောရွာသဖြင့် နာနတ်သီးဈေးကွက်ပျက်သည်အထိ ဈေးကျဆင်းခဲ့သည်ဟု ရောင်းမော်ရွာမှ နာနတ်သီးခြံရှင် လူငယ်အမျိုးသမီးက ဆိုသည်။ “မနှစ်က ဒီချိန်ဆို မိုးကြီးနေပြီလေ၊ အဲ့ဒီမှာဈေးကွက်ပျက်ထွက်သွားတယ်။ ပြီးတော့ လူသူအသွားလာလည်း နည်းတယ်ဆို ပြောရမယ်၊ အာဏာသိမ်းပြီးတဲ့နောက် ဈေးတော့ နည်းနည်းကျလာတယ်ဆိုပြောရမယ်၊ နွေရာသီဆို နာနတ်သီးက ဝမ်းအေးတယ်ဆိုတော့ စားသမားပေါတယ်။ မိုးရွာရင် သိပ်ပြီးစားသမားမရှိဘူး” ဟု လူငယ်အမျိုးသမီးက ရှင်းပြသည်။ ပြီးခဲ့သည့်နှစ်က တစ်လုံးကို ၃၀၀ ကျပ်တန်မှာ ယခုနှစ်တွင် ၇၀၀ ခန့်ရပြီး ၁၀၀၀-၁၂၀၀ တန်မှာ ယခုနှစ်တွင် ၁၅၀၀ -၂၀၀၀ […]

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရ

diz_admin

April 27, 2023

တနင်္သာရီမြို့နယ်၊ သဲဖြူကျေးရွာက ပြန်လည်ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ဧပြီလ ၂၆ ရက်တွင် နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်မိုင်းဆွဲခံရကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း၌ရှိသည့် သဲဖြူကျေးရွာကို မတ်လ ၂၈ရက်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်ဝင်ရောက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းနောက် ဧပြီလ ၂၆ ရက် နံနက်တွင် သိန်းခွန်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာလာစဉ် ကြားဖြတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ပွဲဖြစ်ပြီးနောက် ဆက်လက်ဆုတ်ခွာရာ သိန်ခွန်းနှင့် ချောင်းနှစ်ပေါက်ရွာအနီးတွင် မဟာမိတ်တပ်ပေါင်းစုမှ ဗိုလ်စူပါအဖွဲ့က ထပ်မံမိုင်းဆွဲတိုက်ခိုက်မှုကြောင့် အထိအခိုက်သေဆုံးများပြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “မနေ့ကဖြစ်စဉ်တွေကြောင့် ဟိုဘက် (စစ်ကောင်စီဖက်) မှာ အထိအခိုက်အကျဆုံးရှိတယ်လို့ သိရတယ်။ ဘယ်လောက်ဆိုတာတော့ မသိရသေးဘူးပေါ့” ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက […]

ကင်ဂျုံအန်၏ ချစ်လှစွာသော ကလေးကြောင့် မြောက်ကိုးရီးယားတွင် ပြည်သူများ၏ မကျေနပ်မှု မြင့်တက်ဟုဆို

diz_admin

April 27, 2023

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ “အချစ်ဆုံးကလေး” ဂျူအယ်သည် တန်ဖိုးကြီးသော အဝတ်အစားနှင့်အတူ စည်းစိမ်အပြည့်နေထိုင်နေမှုမှာ အငတ်ဘေးကို ဖြတ်သန်းနေကြရသည့် မြောက်ကိုရီးယားပြည်သူများအတွက် မကျေမနပ်ဖြစ်မှုကို မြင့်တက်လာစေသည်ဟု တောင်ကိုရီးယားမှ လွှတ်တော်အမတ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “မြောက်ကိုရီးယားနိုင်ငံသားအများစုဟာ ပြင်းထန်တဲ့ ကန့်သတ်ချုပ်ချယ်မှုအောက်မှာ နေထိုင်နေ ကြရပါတယ်။ ဒါကြောင့် ခေတ်မီအဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ဂျူအယ် ရဲ့ ပျိုမြစ်မှုပုံရိပ်က ပြည်သူတွေကို စိတ်ပျက်စေတာပါ” ဟု တောင်ကိုရီးယားနိုင်ငံ ၊ အမျိုးသား လွှတ်တော် ဆိုင်ရာ ထောက်လှမ်းရေးကော်မတီ၏ အမှုဆောင်အတွင်းရေးမှူး ယူးဆန်းဘုမ်း  က ပြောကြားခဲ့သည်။ ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး တံခါးပိတ်သတင်းစာရှင်းလင်းပွဲတွင် ယူး၏ပြောကြားမှုအရ လက်ရှိတွင် အသက် ၁၀နှစ်ဟု ယူဆရသည့် ဂျူအယ်သည် နှင်းလျှောစီးခြင်းနှင့် မြင်းစီးခြင်း ကဲ့သို့သော ငွေကုန်ကြေးကျများသည့် ကိစ္စများကို ပိုင်ဆိုင်ထားပြီး ပညာသင်ကြားမှုကိုမူ နေအိမ်မှသာ ဆောင်ရွက်ကြောင်း […]

မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ရောက်ရှိ

diz_admin

April 27, 2023

မိုးလေဝသဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ယခုနှစ် (၂၀၂၃ခုနှစ်) သည် မြန်မာနိုင်ငံတွင် အပူဆုံးနှစ်အဖြစ် စံချိန်တင်နိုင်ဖွယ်ရှိပြီး နိုင်ငံ၏ မြို့ကြီး ၁၀ မြို့ထက်မနည်းတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။ ကလေးဝနှင့် ညောင်ဦးကဲ့သို့ ဒေသများတွင် ဧပြီလ ၁၈ ရက်နေ့က အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ် ကို ကျော်လွန်ခဲ့သည်။ ဆက်လက်ပြီး ကလေး၊ တမူး၊ မင်းပင်၊ မုံရွာ၊ မြင်းမူ၊ မြင်းခြံ၊ ချောက်နှင့် ပခုက္ကူမြို့များတွင် နေ့အပူချိန်သည် အမြင့်ဆုံး ၄၃ မှ ၄၄ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့သည်။ နိုင်ငံ၏ အပူဆုံးဒေသများအနက် အများစုမှာ မြန်မာနိုင်ငံအလယ်ပိုင်းတွင်း ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးကဲ့သို့သော နေရာများတွင် ပျမ်းမျှနေ့အပူချိန်ထက် […]

ပုလောတွင် ခရီးသွားပြည်သူနှစ်ဦးပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

diz_admin

April 26, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ခရီးသွားပြည်သူနှစ်ဦး ပစ်ခတ်ခံရပြီး နောက်ထပ်သားအဖနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများ ထံမှသိရသည်။ ဧပြီလ ၂၅ ရက် ညနေက ခရီးသွားပြည်သူ အမျိုးသားနှစ်ဦး မင်းထိန်ရွာမှ ပုလောမြို့သို့ ပြည်ထောင်စု လမ်းအတိုင်း ခြေလျင်သွားခဲ့ရာ ပဝတ်ကုန်းရွာအနီးတွင် ပစ်ခတ်ခံရပြီး တစ်ဦးမှာသေဆုံးကာ နောက်တစ်ဦးမှာ လက်မောင်းနှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ “ပဝတ်ကုန်းရွာထိပ်မှာ အပစ်ခံရတာ။ တစ်ဦးက မှောက်ပြီး သေနေတယ်။ အလောင်းလည်း ကောက်သူ မရှိဘူး။ သူ့အဖော်က ဒဏ်ရာတွေနဲ့ မင်းထိန်ရွာဖက်ကို ပြန်ပြေးလာတယ်” ဟု မင်းထိန်ရွာ ဒေသခံအမျိုးသားက ဆိုသည်။ အသက် ၃၀ အရွယ် အဆိုပါအဆိုပါအမျိုးသားနှစ်ဦးမှာ ပုလောဒေသခံများမဟုတ်ဘဲ ရခိုင်တိုင်းရင်းသား လေသံမျိုးဖြင့် စကားပြောဆိုကြောင်း ဒေသခံများက ပြောဆိုသည်။ မင်းထိန်ရွာတွင် […]

ဘီးလင်းမြို့နယ် အခွန်ရုံး တိုက်ခိုက်ခံရ

diz_admin

April 26, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့ ကန်သာယာရပ်ကွက်တွင် တည်ရှိသည့် မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနရုံး ယနေ့ ဧပြီလ ၂၆ ရက် နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဘီးလင်း-ဇုတ်သုတ်ကားလမ်းဘေးရှိ အဆိုပါရုံးကို နံနက် ၁ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တို့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ “ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ၊ အိမ်တွေပါ တုန်တယ်။ လူထိခိုက်မှုတော့ မရှိဘူး။ အခွန်ရုံးအဆောက်အအုံ ပျက်ဆီးတာတော့ ရှိတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။ တိုက်ခိုက်ခံရမှုကြောင့် အခွန်ရုံး အရှေ့မျက်နှာစာနှင့် အတွင်းပိုင်းနေရာအချို့ ထိခိုက်ပျက်ဆီးမှုရှိပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတို့၏ ပြောကြားချက်အရ သိရသည်။ ဖေဖော်ဝါရီလအတွင်းကလည်း ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရပြီး […]