ဘန်လောရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီးနှစ်ဦးဒဏ်ရာရ
Dawei Watch
July 26, 2023မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီမြို့တပ်ရင်းမှ ဘန်လောကျေးရွာအုပ်စုသို့ ယနေ့မွန်းလွဲ ၁ နာရီဝန်းကျင်မှ ၂ နာရီခွဲအချိန်အထိ လက်နက်ကြီး ဆယ်ချက်ခန့်ပစ်ခတ်ခဲ့ပြီး ဘန်လောအနောက်ကမ်းနှင့် အရှေ့ကမ်းရွာနေ အမျိုးသမီးကြီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “အိမ်နားလာကျပြီး နှစ်ယောက်စလုံး ခြေတွေမှာထိတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး”ဟု ဒေသခံ အမျိုးသား ကပြောသည်။ စစ်ကောင်စီတပ်မှ ဘန်လောရွာနှင့်တစ်ဆက်တည်း ဘန်လင်ရွာဘက်သို့လည်း ပစ်ခတ်ခဲ့သေးပြီး လူနှင့်နေအိမ် ထိခိုက်မှုမကြားရဟု ဒေသခံများ ကဆိုသည်။ “ဘာတိုက်ပွဲမှမရှိဘူး။ PDF တွေရှိနေတယ်ထင်ပြီး ပစ်တာဖြစ်မယ်”ဟု ဒေသခံ နောက်တစ်ဦး ကပြောသည်။ ယင်းသို့ပစ်ခတ်နေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ကလည်း တနင်္သာရီတံတား စစ်ဆေးရေးဂိတ်ကို အဝေးမှသွားရောက် ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူဒေသခံအမျိုးသား […]


