မြိတ်နှင့်ပုလောတွင် အမျိုးသမီးအချို့ အဖမ်းခံထားရ
diz_admin
April 22, 2023စစ်ကောင်စီတပ်က မြိတ်မြို့နှင့်ပုလောမြို့တို့တွင် ဒေသခံအမျိုးသမီးလေးဦးထက် မနည်းကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ယနေ့ ဧပြီ (၂၂) နံနက်တွင် ပုလောမြို့နယ်၊ မြဒေါင်ကျေးရွာနေ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။ “အဖမ်းခံရတာက ဦးလွင်ဦး သမီးနဲ့ချွေးမလို့ သိရတယ်။အဖေကို မတွေ့လို့သမီးကို ဖမ်းတယ်ကြားရတယ်။ ဘာအတွက်ဖမ်းတာလည်းတော့ မသိရသေးဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ ဦးလွင်ဦးသည် မြဒေါင်ရွာတွင် ကုန်စုံဆိုင်ရောင်းချခြင်းလုပ်ငန်း၊ လယ်လုပ်စက် အငှါးလုပ်ကိုင်ခြင်းလုပ်ငန်းနှင့် ခရီးသည်တင်ကား ပြေးဆွဲသည့်လုပ်ငန်းများ ကိုလုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ ဖမ်းဆီးခံရသည့် အကြောင်းအရင်းကိုမသိရသေးဟု ဒေသခံများက ပြောဆိုခဲ့ကြပြီး လက်ရှိတွင် အဆိုပါအမျိုးသမီးနှစ်ဦးကို ပုလောမြို့ ၂၈၅ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများ ထံမှသိရသည်။ အလားတူ တနင်္သာရီမြို့နယ်၊ လယ်သစ်အနောက်ကမ်းကျေးရွာမှ မြိတ်မြို့သို့ လာရောက်ခဲ့သည့် အသက် ၃၀ […]


