ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးတွင် အချင်းများရာမှ ပစ်ခတ်မှုဖြစ်၊ အမျိုးသားတစ်ဦးသေဆုံး

diz_admin

April 20, 2023

လောင်းလုံးမြို့နယ်၊ ဝဗျောရွာရှိ အရက်ဆိုင်တစ်ဆိုင်တွင် အမျိုးသားနှစ်ဦး အချင်းများရာမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများပြောဆိုချက်အရသိရသည်။ သေဆုံးသူမှာ မကျွန်းမော်ရွာသား ဦးတင်စိုးဆိုသူဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ဧပြီလ ၁၈ ရက် ညနေပိုင်းက ဝဗျောဈေးအနီးရှိ အရက်ဆိုင်တွင် အချင်းများကြရာမှ အရက်ဆိုင်ရှင် ဦးဘချစ်ခိုင်ဆိုသူက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဘာကြောင့် ပစ်သတ်တယ်ဆိုတာတော့ မသိရဘူး။ ဘချစ်ခိုင်ကတော့ ထွက်ပြေးသွားပြီလို့သိရတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ အချင်းများကြသည်ဟုသာ သိရပြီး မည်သည့်အကြောင်းအရင်းကြောင့် အချင်းများကြသည်ကိုမူ သေသေချာချာ မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။ ပစ်ခတ်ခံရပြီနောက် ဦးတင်စိုးကို ထားဝယ်ဆေးရုံသို့ အရေးပေါ်ကားဖြင့် သယ်ဆောင်သွားစဉ် လမ်းခရီးတွင် သေဆုံးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဦးတင်စိုးမှာ လောင်းလုံးမြို့နယ် […]

မြန်မာလက်ဝှေ့မယ် ဘရော်နီကာ အီတလီတွင် စိန်ခေါ်ပွဲထိုးသတ်ရန် စတင်ထွက်ခွာ

diz_admin

April 20, 2023

မွေထိုင်းစိန်ခေါ်ပွဲ ၁၀ ပွဲဆက်တိုက် အနိုင်ရယူကာ မှတ်တမ်းကောင်းတစ်ရပ် ပိုင်ဆိုင်ထားသည့် မြန်မာ့လက်ဝှေ့မယ် ဘရော်နီကာသည် ၎င်း၏မွေထိုင်းပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဖြတ်သန်းမှုတလျှောက် ၁၂ ပွဲမြောက် စိန်ခေါ်ပွဲ ထိုးသတ်ရန်အတွက် အီတလီနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရှိရသည်။ ဘရော်နီကာသည် မြန်မာ့လက်ဝှေ့နှင့် မွေထိုင်း နှစ်ခုလုံးကို မှတ်တမ်းကောင်းများဖြင့် ဖြတ်သန်းထားနိုင်သူဖြစ်ပြီး မွေထိုင်းဘက်သို့ ကူးပြောင်းပြီးနောက်တွင် ပွဲဦးထွက်ပွဲစဉ်သာ ရှုံးနိမ့်၍ ကျန် ၁၀ ပွဲဆက်တိုက်ကို အနိုင်ထိုးသတ်နိုင်ခဲ့သူဖြစ်သည်။ ကယန်းကျားသစ် ဟု ချစ်စနိုးခေါ်ဝေါ်ခံရသည့် ဘရော်နီကာ သည် လာမည့်ဧပြီလ ၂၂ ရက်နေ့တွင် အီတလီနိုင်ငံ၊ ရောမမြို့၌ အီတလီလက်ဝှေ့မယ် အက်စ်တာ ဗွိုင်အိုလာနှင့် စိန်ခေါ်ပွဲ ထိုးသတ်သွားလိမ့်မည်ဖြစ်ပြီး ယခုပွဲစဉ်မှာ ၅၃ ကီလိုတန်းပွဲစဉ်ဖြစ်လာလိမ့်မည်ဟု သိရသည်။ ဘရော်နီကာ သည် မြန်မာ့လက်ဝှေ့နည်းစနစ်ဖြင့် […]

သင်္ကြန်အပြီး ထားဝယ်တွင် ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုပြန်တင်းကျပ်

diz_admin

April 20, 2023

ထားဝယ်မြို့ပေါ်၌ သင်္ကြန်ကာလတွင် ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုများ မရှိခဲ့သော်လည်း သင်္ကြန်ကာလကျော်သည်နှင့် ပုံမှန်အတိုင်းပြန်လည်စစ်ဆေးတင်းကျပ်လာကြောင်း မြို့ခံအချို့က ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့တွင် ဆိုင်ကယ်ဦးထုပ် မဆောင်းသူများ၊ ယာဉ်မောင်းလိုင်စင်ကဲ့သို့သော အထောက်အထားစာရွက်စာတမ်းမရှိဘဲ ‌‌မော်တော်ယာဉ်မောင်းနှင်ခြင်းတို့ကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးခဲ့သည်။ ယင်းအပြင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းအတူမစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသားလိုက်ပါ မစီးနင်းရ စသည့် မော်တော်ယာဉ် ဥပဒေတွင်မပါသည့် စည်းကမ်းအချို့ကိုလည်း ထုတ်ပြန်ခဲ့သည်။ ယာဉ်ထိန်းရဲများသာမကဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကပါ မြို့အတွင်းလှည့်ပတ်သွားလာက စစ်ဆေးတင်းကျပ်နေပြီး တစ်ခါတရံ ပစ်ခတ်ဖမ်းဆီးခြင်းပင် ပြုလုပ်လေ့ရှိသည်။ သင်္ကြန်ကာလတွင်မူ ‌မော်တော်ဆိုင်ကယ်နှင့်ပတ်သက်ပြီး စစ်ဆေးမှု မပြုလုပ်တော့ကြောင်း မြို့ခံအချို့က ပြောသည်။ သင်္ကြန်အတွင်း ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မြို့ထဲဆိုင်ကယ်မောင်းနှင်နေသူများကို တွေ့ရပြီး သင်္ကြန်မဏ္ဍပ်သို့လည်း အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးပြီး ရေပက်ခံနေသည်ကိုတွေ့ရကြောင်း မြို့ခံအချို့က ဆိုသည်။ “မဏ္ဍပ်ရှေ့မှာ မော်တော်ပီကယ်ရှေ့မှာ ကိုယ်တိုင်ပဲ စီးနေကြတာ။ […]

အိန္ဒိယတွင် ပြင်းထန်လှသည့် အပူရှိန်ကိုပြသရန် နေအပူဖြင့် ကြက်ဥကြော်ပြ

diz_admin

April 20, 2023

လက်ရှိ အာရှနိုင်ငံအချို့တွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန် လွန်စွာ မြင့်တက်လျက်ရှိသည်။ ယင်းသို့ မြင့်တက်နေသည့် အပူချိန်သည် မီးမလိုပဲ ကြက်ဥကို သေချာကြော်နိုင်သည့်အထိ လုံလောက်သော အပူရှိန် ရှိနေကြောင်း ကို အိန္ဒိယနိုင်ငံ ၊ အနောက်ဘင်္ဂလားပြည်နယ် မှ အမျိုးသားတစ်ဦးက သက်သေပြခဲ့သည်။ အင်မတန်ပြင်းထန်လှသည့် အပူလှိုင်းကြောင့် အနောက်ဘင်္ဂလားပြည်နယ်အစိုးရမှ ကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များကို ပိတ်လိုက်ပြီဖြစ်ကြောင်း ကြေညာမှုအပြီး ၊ ဧပြီလ ၉ ရက်နေ့က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် “Puchu Babu”အမည်ရ အကောင့်သည် ၎င်း၏ ဝရန်တာ လက်ရန်းပေါ်တွင် အမည်းရောင် မကပ်ဒယ်အိုးကို တင်ကာ ကြက်ဥတစ်လုံးကို နေပူရှိန်ဖြင့် ကြော်ပြနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ပြင်းထန်လှသည့် အပူချိန်ကြောင့် မီးဖိုမရှိသည့်တိုင် ကြက်ဥကို […]

ထိုင်းတွင် မြန်မာလုပ်သား ၂၃ ဦး ဖမ်းဆီးခံရ

diz_admin

April 19, 2023

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ရှိ အမြန်လမ်းတစ်နေရာတွင် ပစ်ကပ်ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၃ ဦးကို ယနေ့ ဧပြီ ၁၉ရက် နံနက်ပိုင်းတွင် ဖမ်းမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နိုင်ငံခြားသား အလုပ်သမားများသည် ဘန်ကောက်နှင့် အနီးတဝိုက်နယ်မြေများတွင် အလုပ်လုပ်ကိုင်ရန် ကားများသုံးကာ တရားမဝင် ဝင်ရောက်လာမှုကို တားဆီးနိုင်ရန်အတွက် အမြန်လမ်းရဲတပ်ဖွဲ့များက လမ်းပေါ်တွင် စစ်ဆေးနေခဲ့ကြောင်း‌ ဆိုသည်။ ယင်းသို့ စစ်ဆေးနေချိန် နံနက် ၉ နာရီခန့်တွင် ကုန်ပစ္စည်းမပါသော ပစ်ကပ်ကားနှစ်စီးကို တွေ့ရှိခဲ့ရသဖြင့် အချက်ပြ၍ ရပ်တန့်စစ်ဆေးရမှ မြန်မာအလုပ်သမား အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၃ ဦးတို့ကို ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံသား ကားသမား ၂ ဦးကိုပါ […]

လောင်းလုံးတွင် PDF နှင့် မူးယစ်အဖွဲ့၊ ပျူစောထီးအဖွဲ့တို့ နှစ်ရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်

diz_admin

April 19, 2023

လောင်းလုံးမြို့နှင့်အနီးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် မူးယစ်ဆေးဖြန့်ဖြူးရောင်းချသည့်အဖွဲ့၊ ပျူစောထီးအဖွဲ့တို့နှင့် နှစ်ရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ပထမအကြိမ်မှာ ဧပြီလ ၁၇ ရက်တွင် ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Dawei Defense Team DDT တပ်ခွဲ ၃) နှင့် လောင်းလုံးမြို့ရှိ ပျူစောထီးအဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း DDT က သတင်းထုတ်ပြန်ထားသည်။ DDT တပ်ဖွဲ့ဝင်တို့ ခရီးသွားနေစဉ် ပျူစောထီးအဖွဲ့ဝင် ၅ ဦးက အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်ဖမ်းဆီးရန် လုပ်ဆောင်လာသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ပစ်တာက မြို့ထဲမှာတော့ မဟုတ်ဘူး။ မြို့အပြင်မှာဖြစ်ကြတာ။ အဲဒီလောက်ပဲသိတယ်။ အသေးစိတ်တော့မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ နောက်တစ်ရက် ဧပြီလ ၁၈ ရက်ညတွင်မူ လောင်းလုံးမြို့နှင့်ကပ်လျက်တည်ရှိသည့် ညင်းမော်ရွာရှိ မူးယစ်ဆေး အဖွဲ့နှင့် […]

သင်တန်းတက်ရန်လာသည့် ကျောင်းဆရာမတစ်ဦး သရက်ချောင်းဘုတ်တောင်တွင် အဖမ်းခံရ

diz_admin

April 19, 2023

ပုလောမြို့မှ ထားဝယ်မြို့သို့ သင်တန်းတက်ရန်လာသည့် ကျောင်းဆရာမတစ်ဦး ဧပြီလ ၁၈ ရက်က သရက်ချောင်းမြို့နယ် ဘုတ်တောင်တွင် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ အဖမ်းခံရသူမှာ ပုလောမြို့နယ်၊ ခန္ဒီကျေးရွာမှ အလယ်တန်းပြဆရာမဖြစ်ပြီး ထားဝယ်မြို့တွင် ပညာရေးဘွဲ့(B.Ed) သင်တန်းတက်ရန် လာခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှုးရုံး တာဝန်ရှိသူတစ်ဦးကပြောသည်။ ပုလောမြို့မှ ထားဝယ်သို့အလာ သရက်ချောင်းမြို့နယ် ဘုတ်တောင်အရောက်တွင် အမည်မသိ လက်နက်ကိုင်များက ခရီးသည်တင်ကားပေါ်ပါလာသည့် ကျောင်းဆရာမ ၄ ဦးကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း ၎င်းတာဝန်ရှိသူကပြောသည်။ စစ်‌ဆေးပြီးနောက် ကျန်ကျောင်းဆရာမသုံးဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျောင်းဆရာမတစ်ဦးကို ယနေ့ ဧပြီလ ၁၉ ရက်အထိ ပြန်မလွှတ်ပေးသေးကြောင်း ၎င်းပြောကြားသည်။ “မြို့နယ်ရုံးကို ဖုန်းလှမ်းဆက်တော့ မလွှတ်လာသေးဘူးလို့ပြောတယ်။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာ အဲဒါလဲမသိရဘူး” ဟု ၎င်းကဆိုသည်။ ဒေသခံအချို့ကမူ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ခိုင်လုံသည့် အကြောင်းပြချက်ရှိသဖြင့် […]

ထန်းပင်ကိုဖောင်ဖွဲ့ပြီး ပင်လယ်ထဲ တစ်ဦးတည်းစီးမျောနေသည့် နိုင်ငံခြားသားကို ထိုင်းရဲ လှေဖြင့်သွားခေါ်

diz_admin

April 18, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ထဲတွင် ကိုယ်တိုင်လုပ်ဖောင်ဖြင့် တစ်ဦးတည်း စီးမျောသွားလာနေသော နိုင်ငံခြားသား တစ်ဦးကို ထိုင်းစစ်တပ်က စက်လှေဖြင့် သွားခေါ်ခဲ့ရကြောင်း The Thaiger ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ အဆိုပါနိုင်ငံခြားသားသည် ကိုယ်တိုင်လုပ်ဖောင်ဖြင့် တရတ်ခရိုင် ကော့ကူန်ကျွန်းအနီး ပင်လယ်ထဲတွင် တစ်ဦးတည်း စီးမျောနေသည်ကို အပျော်တမ်းငါးဖမ်းထွက်လာသော ထိုင်းခရီးသွားများက ဧပြီလ ၁၇ ရက်နေ့တွင် တွေ့ရှိခဲ့သဖြင့် TikTok ဗီဒီယိုမှတ်တမ်းတင်ထားခဲ့သည်။ အဆိုပါ ဗီဒီယိုဖိုင်သည် ၂၀၀၀ ပြည့်နှစ်က Tom Hanks မင်းသားရိုက်ကူးခဲ့သော Survival ရုပ်ရှင်ဇာတ်လမ်းဖြစ်သည့် Cast Away ရုပ်ရှင်၏ အခန်းဆက်နှင့်ပင် တူနေကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထိုင်းခရီးသွားများသည် စင်းလုံးငှားလှေဖြင့် ကင်းမွန်ဖမ်းထွက်လာစဉ်တွင် ပင်လယ်ပြင်တွင် မျောပါနေသော ဖောင်တစ်ခုကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အနီးကပ်သွားကြည့်ခဲ့ရာမှ ဖောင်ပေါ်တွင် ခရီးဆောင်အိတ်နှင့် […]