စစ်အာဏာရှင်တပ်က မော်တုန်းရွာကို ဒရုန်းနဲ့ ဗုံးချလို့ နေအိမ်မီးလောင်
Dawei Watch
June 15, 2026မော်တုန်းရွာ (အရှေ့ကမ်း) အခြေစိုက် စစ်အာဏာရှင် အမှတ်-၃၀၆ က ချခဲ့တာလို့ ဆိုပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါမော်တုန်းရွာ (အရှေ့ကမ်း) အခြေစိုက် စစ်အာဏာရှင် အမှတ်-၃၀၆ က ချခဲ့တာလို့ ဆိုပါတယ်။
နှစ်ဖက်ပစ်ခတ်မှုကြောင့် မင်းဒပ်ရွာကွက်သစ် သစ်တိုကုန်းတွင် နေထိုင်နေသည့် ဒေသခံများနှင့် ဝဲရစ်၊ သိမ်ကုန်းက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိုသည်။
လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဝင်ရောက်တပ်စွဲနေထိုင်သော စစ်အာဏာရှင်တပ်သည် စစ်ပြဲအရှေ့ပိုင်း စာသင်ကျောင်းအနီးရှိ နေအိမ်တစ်ဆောင်အား ထပ်မံမီးရှို့ဖျက်ဆီးကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ ဇွန်လ ၁၄ရက်က စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ စစ်ပြဲကျေးရွာတွင် တစ်နေကုန်နီးပါး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီးနောက် ညနေ ၆ နာရီခန့်တွင် စစ်အာဏာရှင်တပ်က ပျဉ်ထောင်အိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “မနက် ၄နာရီလောက်စပြီး ပစ်နေကြတာ ညနေပိုင်းအထိပဲ။ (ညနေ) ၆ နာရီလောက်မှာ ပစ်သံတွေ စဲသွားပြီးတာနဲ့ ရွာထဲကနေ မီးခိုးလုံးတွေ တက်လာတာ စပြီးမြင်ရတယ်” ဟု တိမ်းရှောင်နေရသည့် စစ်ပြဲဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းအပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ် ဝင်ရောက်နေထိုင်နေသည့် ဘုန်းကြီးကျောင်းလည်း ကြီးကြီးမားမား ပျက်စီးသွားပြီး အရပ်သားနေအိမ်အချို့လည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံများက […]
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး တပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၁၂ရက် နံနက်ပိုင်းက ကော့ဘိန်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့သည်။ ယင်းနောက် ညနေပိုင်းတွင် စစ်အာဏာရှင်တပ်က ကော့ဘိန်းရွာအနီးဝန်းကျင်ရှိ ကျေးရွာများဘက်သို့ လေယာဉ်ဖြင့် ဗုံးကြဲကြောင်း ဒေသခံများက ပြောသည်။ “(ဥယျာဉ်) ခြံထဲမှာကျတော့ လူထိတာတော့ မကြာမိဘူး။ (ဒေသခံတွေ) အကုန်လုံးက လေယာဉ်ကို ကြောက်နေကြတယ်။ ထပ်ပြီး ဗုံးလာကြဲမှာကို စိုးရိမ်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ဒေသတွင်း စစ်ရေးအခြေအနေ ပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသလို လေကြောင်းအန္တရာယ်ကိုလည်း […]
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ယနေ့ ဇွန်လ ၁၂ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ ကော့ဘိန်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် တိုက်ခိုက်ခြင်းဖြစ်ပွားပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ကြာ ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ “စစ်တပ်က ရွာထဲမှာ ရှိနေတာကြာပြီ။ အဲဒါကို လက်နက်ကိုင်တွေက ဝင်ပစ်တာ။ ၁၀ မိနစ်လောက် ပစ်ကြပြီး လက်နက်ကိုင်တွေ ပြန်ဆုတ်သွားတော့ တိုက်ပွဲက ငြိမ်သွားတာ။ စစ်တပ်ဘက်က သုံးယောက်ထိသွားတယ်။ အဲဒီလောက်ပဲ သိရတယ်” ဟု ကော့ဘိန်းဒေသခံတစ်ဦးက ပြောဆိုသည်။ တိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း လုံခြုံရေးတိုးမြှင့်ထားပြီး ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း […]
ဂိုဒေါင်အမိုးတက်ပြင်ရာမှ ဆွေးနေသည့် အုတ်ကြွပ်ပြားကို နင်းမိပြီး ခြေချော်ကျခြင်းဖြစ်ကြောင်း သိရသည်။
စစ်ရှောင်များသည် ဥယျာဥ်ခြံများတွင် နေထိုင်ကြပြီး ခြင်ထောင် အလုံအလောက် မရှိကြောင်း ဆိုသည်။
ရုရှားနှင့် မြန်မာ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်ကိုလည်း လက်မှတ်ထိုးခဲ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လည်း ပါဝင်သည်ဟု ရုရှားစီးပွားရေးဝန်ကြီးက ဆိုသည်။