ထားဝယ်လျှပ်စစ်ယူနစ်ဈေး ဒေါ်လာဈေးအပေါ် အခြေခံကောက်မည်
diz_admin
July 28, 2020ထားဝယ်ခရိုင်အတွင်း သုံးစွဲနေသည့် လျှပ်စစ်ယူနစ်ဈေးနှုန်းကို ဒေါ်လာဈေး အတက်အကျအပေါ်တွင် အခြေခံပြီး တွက်ချက်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးအောင်သူရက ပြောကြားသည်။ လက်ရှိ ထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးကို Petro & Trans ကုမ္ပဏီက တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်တွင် စတင်လုပ်ကိုင်ခဲ့သည်။ ထားဝယ်ခရိုင်အတွက် လျှပ်စစ် တင်ဒါခေါ်ယူစဉ်က လောင်စာဈေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်အတက်အကျအပေါ် မူတည်၍ ၃လလျှင် ၁ ကြိမ် လျှပ်စစ်ယူနစ် ဈေးနှုန်းကို ပြင်ဆင်သတ်မှတ်နိုင်ကြောင်း စည်းကမ်းချက် တစ်ခုအဖြစ် ဖော်ပြထားသည်။ ထိုသို့ ၃ လ ၁ ကြိမ် ဈေးနှုန်းပြင်ဆင်လိုပါက တိုင်းအစိုးရအဖွဲ့သဘော တူညီမှုရယူရမည်ဖြစ်သည်။ အဆိုပါကုမ္ပဏီက ဂက်စ်လောင်စာကို အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်မည်ဟု တင်ဒါအောင်မြင်ထားသည်။ အထက်ပါကုမ္ပဏီဘက်မှ ဂက်စ်အင်ဂျင်ဖြင့် […]


