ကိုဗစ်ကာလအလှူငွေ ကျပ်သိန်း ခြောက်ရာကျော်ရရှိ
diz_admin
July 27, 2020တနင်္သာရီတိုင်းအစိုးရကို လာလှူထားသည့် ကိုဗစ်အလှူငွေ ကျပ်သိန်းခြောက်ရာကျော်ရရှိထားကြောင်း တိုင်းအစိုးရ အဖွဲ့အတွင်းရေးမှူးက ပြောကြားသည်။ ကိုဗစ်ကပ်ဘေးအတွက် ကုမ္ပဏီလုပ်ငန်းရှင်များ၊ စေတနာရှင်အသင်းအဖွဲ့များက တိုင်းအစိုးရထံ လှူဒါန်းကြခြင်း ဖြစ်သည်။ အဆိုပါ စေတနာရှင်များလှူဒါန်းထားသည့် အလှူငွေ ကျပ်သိန်းပေါင်း ၆၀၉ သိန်းကျော်နှင့် ကျန်းမာရေးသုံးပစ္စည်းများ လာလှူထားကြောင်း တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်က ဆိုသည်။ ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရ၏ တစ်နှစ်တာလုပ် ဆောင်ချက် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းကနေသင်ယူဖို့ တကကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ တိုင်းအစိုးရလက်ခံရရှိသည့် အလှူငွေများကို ပြည်ထောင်စုထံတင်ပြရပြီး တိုင်းအစိုးရအနေဖြင့် တိုက်ရိုက်သုံးစွဲခွင့်မရှိကြောင်း ၎င်းက ပြောသည်။ “ဗဟို (ပြည်ထောင်စု) ကနေမှ ဒါကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သုံးစွဲနေပါတယ်” ဟု ဦးခင်မောင်ကျော်က ဆိုသည်။ ကျန်းမာရေးသုံးပစ္စည်းများကို […]


