တိုင်းအစိုးရအား ပိုထိန်းကျောင်းနိုင်ရန် တိုင်းလွှတ်တော်အတွက် အဓိကဝင်ပြိုင်ခြင်းဖြစ်ဟု ထားဝယ်ပါတီဆို
diz_admin
August 4, 2020ထားဝယ်တိုင်းရင်းသားများပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြေညာထားပြီး ယင်းသို့ ရွေးချယ်ရခြင်းမှာ တိုင်းအစိုးရအား ထိန်းကျောင်းရာတွင် ပိုမိုအားကောင်းစေရန်ဆိုသည့် အချက်တစ်ခုလည်း အပါအဝင်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလ အတွေ့အကြုံအရ တိုင်းလွှတ်တော်အတွင်း ပါတီတစ်ခုတည်းမှ လွှတ်တော်ကိုယ်စားလှယ်များသာရှိနေခြင်းက တိုင်းအစိုးရကို ထိန်းကျောင်းရာတွင် အားနည်းချက်ရှိခဲ့ကြောင်း ဦးအေးမင်းက ပြောသည်။ “လွှတ်တော်ထဲမှာ အသံတွေစုံဖို့လိုမယ်။ တစ်နည်းအားဖြင့် တိုင်းလွှတ်တော်ထဲမှာ ပါတီစုံမယ်ဆိုရင် တိုင်းအစိုးရကို အရင်တုန်းကထက် ထိန်းကျောင်းပေးနိုင်မယ်လို့လည်း ယုံကြည်တယ်။ ဒါကြောင့် တိုင်းဒေသကြီးတစ်ခုတည်းကို ဝင်ပြိုင် ရခြင်းဖြစ်တယ်” ဟု ဦးအေးမင်းက ပြောသည်။ ထားဝယ်တိုင်းရင်းသားများပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးကို ကိုယ်စားလှယ် ၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လာမည့် ၂၀၂၀ […]


