တနင်္သာရီအခြေစိုက်သတင်းဌာန ထပ်တိုး
diz_admin
August 4, 2020ထားဝယ်မြို့တွင် အခြေစိုက်သည့် စုံစမ်းထောက်လှမ်းရေးသားမည့် ဒက္ခိဏ (Dakkhina Insight) အမည်ရှိ အွန်လိုင်းသတင်းဌာနတစ်ခု ထပ်တိုးလာသည်။ လက်ရှိတွင် သတင်းဌာနလိုင်စင် ရရှိရေးအတွက် ဇူလိုင်လအတွင်းက ပြန်ကြားရေးဝန်ကြီးဌာနထံ လျှောက်ထားပြီးဖြစ်ကြောင်း အထက်ပါသတင်းဌာန ၏ တာဝန်ခံအယ်ဒီတာ ဦးရဲထွဋ်ဝင်းက ဆိုသည်။ ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ “စုံစမ်းထောက်လှမ်းရတဲ့ သတင်းတွေ ဖော်ထုတ်ပြီး ရေးသားဖို့အတွက် ရည်ရွယ်တာပေါ့” ဟု ဦးရဲထွဋ်ဝင်းက ပြောသည်။ အဓိကအားဖြင့် တိုင်းအတွင်းရှိ သယံဇာတတူးဖော်ထုတ်လုပ်မှုအပိုင်းနှင့် တရားဥပဒေစိုးမိုးရေး(အဂတိလိုက် စားမှု) အပိုင်းကို ဦးစားပေး ရေးသားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ နောက်ပိုင်းတွင် အခြားမီဒီယာတိုက်များနှင့် မိတ်ဖက်လုပ်ကာ လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောသည်။ လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း အခြေစိုက်သည့် Dawei Watch သတင်းဌာနနှင့် ၎င်းသတင်းဌာနကထုတ်ဝေသည့် တနင်္သာရီအပတ်စဉ်၊ […]


