ကုန်သီးသန့်တင်ရန် သတ်မှတ်လိုက်သည့်အတွက် သုံးဘီးယာဉ်မောင်းများ အကျပ်ဆိုက်
diz_admin
August 10, 2020ထားဝယ်ဒေသတစ်ဝိုက် ခရီးသည် ပို့ဆောင်ရာတွင် အဓိကအသုံးပြုနေသည့် သုံးဘီးဆိုင်ကယ်များကို ကုန်သီးသန့်သာ တင်ရန်အတွက် သတ်မှတ်လိုက်ခြင်းသည် အဆင်မပြေကြောင်း သုံးဘီးယာဉ်မောင်းများက ပြောဆိုသည်။ သုံးဘီးဆိုင်ကယ်အတွက် လုပ်ငန်းလိုင်စင်ထုတ်ပေးရာတွင် ယခင်က ခရီးသည်တင်ဆောင်ခွင့်ရှိသည့် (ဂ) လုပ်ငန်းလိုင်စင်ကို ထုတ်ပေးနေရာမှ လက်ရှိတွင် သုံးဘီးဆိုင်ကယ်အားလုံးကို ကုန်စည်သာ တင်ဆောင်ခွင့်ရှိသည့် (က)လုပ်ငန်း လိုင်စင်ကိုသာ ထုတ်ပေးတော့ခြင်းဖြစ်သည်။ ကွမ်းသမားနှင့် ကိုဗစ် ယခင်နှစ်ပေါင်းများစွာကတည်းက သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်တင် ဆောင်ခွင့်ရခဲ့သော်လည်း လက်ရှိတွင် ကုန်စည်သီးသန့်သာတင်ဆောင်ရမည်ဆိုပါက အခက်အခဲများစွာ ကြုံရနိုင်ကြောင်း ထားဝယ်မြို့အတွင်း ပြေးဆွဲနေသည့် သုံးဘီးယာဉ်မောင်းအချို့က ညည်းတွားပြောဆိုသည်။ လက်ရှိလုပ်ငန်းလိုင်စင်အရ ခရီးသည်တင်ဆောင်ခွင့်မရှိတော့သည့်အတွက် ဖမ်းဆီးအရေးယူခံရမည်ကို စိုးရိမ်နေရကြောင်း စည်ပင်သာယာဈေးကြီးတွင် ဂိတ်ထိုးပြေးဆွဲနေသည့် သုံးဘီးယာဉ်မောင်းတစ်ဦးက ဆိုသည်။ “ခရီးသည်မတင်ရဘူးဆိုရင် လုံးဝ အဆင်ပြေမှာမဟုတ်ဘူး” ဟု အဆိုပါ သုံးဘီးယာဉ်မောင်းက ပြောသည်။ လက်ရှိတွင် […]


