လွှတ်တော်သို့ ရောက်ရှိသွားသည့် ရေကြည်ငါးဖမ်းမှု
diz_admin
August 17, 2020လောင်းလုံးမြို့နယ်နှင့် ဆက်စပ်လျက်ရှိသော မြန်မာ့ပင်လယ်ပြင်တွင် ဒေသအခေါ် ရေကြည်ငါး(ငါးနီတူ)များအား တရားမဝင်ဖမ်းဆီးမှု များပြားလာနေမှုနှင့်ပတ်သက်၍ သြဂုတ်လ ၄ ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်တွင် မေးခွန်းထုတ်လိုက်သည်။ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂၊ လောင်းလုံးဒေသကိုယ်စားပြု အမျိုးသားလွှတ်တော်အမတ် ဦးသက်နိုင်စိုးက မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် သူ၏ မေးခွန်းအရ သိရသည်မှာ ယင်းသို့ ဖမ်းဆီးမှုသည် ၂၀၁၂ ခုနှစ်မှစ၍ များလာနေသည်။ ပိုက်ကွက်စိပ်များ ဖြင့် ဖမ်းဆီးနေခြင်း ဖြစ်သည်။ ပိုက်ကို စစ်ဆေးရေးအဖွဲ့များ မတွေ့စေရန်အတွက် လှေပေါ်တင်ဆောင်ခြင်းမပြုဘဲ ပိုက်ချထားသည့်နေရာအား ဂြိုလ်တုလမ်းပြစနစ် (GPS) ဖြင့် အမှတ်အသား ပြုဖမ်းဆီးခြင်း၊ ဗို့အားပြင်းမီးဖြင့် မြှူဆွယ်ခြင်း စသည့်နည်းလမ်းများဖြင့် ဖမ်းဆီးကြသည်။ ဇီဝဇိုးတို့ ပျော်စံရာ ဖမ်းသူများသည် ဒေသခံက […]


