ရွှေအရောင်းအဝယ် ကျနေဆဲ
diz_admin
August 24, 2020ကိုဗစ်ကပ်ရောဂါကြောင့် ရွှေအရောင်းအဝယ်အခြေအနေမှာ အေးစက်နေဆဲဖြစ်ကြောင်း ထားဝယ်ရွှေဆိုင် အချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က အလှူအတန်းနှင့် မင်္ဂလာဆောင်၊ ပွဲလမ်းသဘင်များရှိသဖြင့် ရွှေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိနေသော်လည်း ယခုနှစ်တွင်ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး ဖေဖော်ဝါရီ လခန့်မှ စတင်ကာ အရောင်းအဝယ်များ ထက်ဝက်မက လျော့ကျသွားခဲ့သည်မှာ ယခုအချိန်အထိဖြစ်ကြောင်း ရွှေဆိုင် လုပ်ငန်းရှင်အချို့ကပြောသည်။ ကိုဗစ်ကာလ စက်ချုပ်သမ ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ခြင်းနှင့် ရွှေဈေးအပြောင်းအလဲ အတက်အကျဖြစ်ခြင်းတို့ကြောင့် ရွှေအရောင်းအဝယ်ဈေးကွက် အေးနေခြင်းဖြစ်သည်ဟု ထားဝယ်မြို့၊ ဈေးကြီးတောင်ဘက်ခြမ်းမှ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ “အခုက ပါးကို ပါးနေတယ်။ အခုဆို အရောင်းအဝယ်မရှိဘူး။ ဈေးကလည်း အတက်အကျဖြစ်နေတာကိုး” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။ ကိုဗစ်ကာလတွင် တစ်နေ့လုံးဆိုင် ဖွင့်သော်လည်း မရောင်းရဘဲ ပြန်ရသည့် နေ့များလည်းရှိသည်ဟု ထားဝယ်မြို့၊ […]


