BREAKING
July 27, 2024
EN MM

မှုခင်း

ညောပြင်ရွာတွင် ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

diz_admin

July 5, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာတွင် အရက်အတူတူသောက်နေသည့် ဆွေမျိုးတော်စပ်သူနှစ်ဦး အချင်းချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ယင်းကျေးရွာ ဒေသခံအချို့နှင့် ဆွေမျိုးတော်စပ်သူတို့ထံမှ သိရသည်။ အသက် ၄၀ ဝန်းကျင်အရွယ် ဦးမြင့်ဇော်ဦးအား အသက် ၃၀ ကျော်အရွယ် ကိုဖစုက တုတ်ဖြင့်ရိုက်သတ်လိုက်ခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ ဦးမြင့်ဇော်ဦးနှင့် ကိုဖစုမှာ သမီးယောက်ဖတော်စပ်ကြောင်း ၎င်းကရှင်းပြသည်။ ဦးမြင့်ဇော်ဦးသေဆုံးနေကြောင်းကို ဇူလိုင်လ ၄ ရက်မနက်မှ သိရပြီး ယင်းနေ့ ညနေပိုင်းတွင် စစ်တပ်ကားများ ညောပြင်ရွာအတွင်း ရောက်လာပြီး ကိုဖစုကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းကပြောကြားသည်။ “(ကိုဖစုက) သူသတ်တယ်လို့ ဝန်ခံထားတယ်” ဟု ၎င်းကဆိုသည်။ လူမှုကွန်ယက် Facebook စာမျက်နှာတွင်မူ ညောပြင်ရွာတွင် ဒလန်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရကြောင်း သတင်းအမှားများထွက်ပေါ်နေကြောင်း ၎င်းကဆိုသည်။ “သမီးယောက်ဖနှစ်ယောက် ရန်ဖြစ်ပြီး […]

ထားဝယ်ကမ်းနားလမ်းတွင် အမျိုးသားတစ်ဦး ဓားထိုးခံရ

diz_admin

May 19, 2021

ထားဝယ်မြို့ ကမ်းနားလမ်းတွင် မေလ ၁၈ ရက်ညက အမျိုးသားတစ်ဦးဓားထိုးခံရပြီး ဆေးရုံတင်ပို့ထားပြီး လက်ရှိအချိန်ထိ မိဘများနှင့် အဆက်အသွယ်မရသေးကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ည ၁၀ နာရီခန့်တွင် DDPC ဈေးဝယ်စင်တာအလွန် ကမ်းနားလမ်းပေါ်ရှိ တံတားအနီးတွင် ဖြစ်ပွားခဲ့သည်ဟု သိရကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုနိုင်က ဆိုသည်။ ဓားထိုးခံရသူမှာ ပလောက်မြို့တွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ်ရှိ ကိုသန်းဇော်ဖြစ်ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာခြောက်ချက်ရရှိထားသည့် ကိုသန်းဇော်က ကမြောကင်းတံတားဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းသို့ ပြေးဝင်လာသည်ဟု ဦးကိုကိုနိုင်က ဆိုသည်။ ထိုကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တန်းလျားအတွင်းသို့ ဓားဒဏ်ရာများဖြင့် ပြေးဝင်လာသည့် အဆိုပါ အမျိုးသားတွင် အဝတ်အစားမပါဘဲ ဝတ်လစ်စလစ်ဖြစ်နေကြောင်း ၎င်းက ပြောသည်။ ထိုနောက် ကြက်ခြေနီတပ်ဖွဲ့မှ […]

မွန်တွင် သက်ငယ်မုဒိမ်းမှု အများဆုံး

diz_admin

January 28, 2021

မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုများအနက် ၈၀ ရာခိုင်နှုန်းခန့်သည် သက်ငယ်မုဒိမ်းမှုများဖြစ်သည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောကြားသည်။ ပြည်နယ်အတွင်း သက်ငယ်မုဒိမ်း ဖြစ်ပွားမှု များပြားလာပြီး သက်ငယ် မုဒိမ်းအများစုသည်လည်း အသက်မပြည့်ကြသူ အချင်းချင်း ကျူးလွန်မှုဖြစ်စဉ်က ပိုများကြောင်း ပြည်နယ်ရဲ တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ “များသောအားဖြင့်တော့ ၁၈ နှစ် မပြည့်သေးတဲ့ သမီးရည်းစားစုံတွဲတွေ အချစ်နယ်ကျွံရာကနေ မိသားစုပါလာတာ။ လူမှုရေးကိစ္စတွေ ရှင်းမရတဲ့အဆုံးမှာ ရဲစခန်းမှာ လာအမှုဖွင့်ရင်းနဲ့ မုဒိမ်းမှုတွေ ဖြစ်တာများပါတယ်” ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်း က ပြောသည်။ သက်ငယ်မုဒိမ်းကျူးလွန်သူတို့ သည် မိသားစုဝင်များနှင့် ဆွေမျိုးတော် စပ်သူတို့က အများစု ဖြစ်လေ့ရှိကြောင်း မွန်ပြည်နယ်အတွင်း ကလေးသူငယ် […]

ဆေးဝင်ဖမ်းသည့် ဒုရဲအုပ်တစ်ဦး ဓားခုတ်ခံရ

diz_admin

January 23, 2021

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု အောင်မင်္ဂလာရပ်တွင် ဇန်နဝါရီလ ၇ ရက်နေ့က မူးယစ်ဆေးဝါး ဝင်ဖမ်းသည့် ဒုရဲအုပ်တစ်ဦး ဓားဖြင့် အခုတ်ခံရကြောင်း မြိတ်မြို့ မြိုမရဲစခန်းထံမှ သိရသည်။ ရှစ်ခန်းတွဲတန်းလျားရှိ အခန်းတစ်ခန်းအား မူးယစ်ဆေးသတင်းအရ မူးယစ်ဝရမ်းဖြင့် ဝင်ရောက်စဉ် အခန်းရှေ့ရှိ အမျိုးသားသုံးဦးအနက် တစ်ဦးက အသင့်ဝှက်ထားသည့် ဓားရှည်ဖြင့် ဖမ်းဆီးရေး အဖွဲ့တွင်ပါဝင်သည့် ဒုရဲအုပ်မြင့်ဇော်အား ခုတ်ပြီး ထွက်ပြေးသွားကြောင်း မြိုမရဲစခန်းမှ သိရသည်။ အမျိုးသားသုံးဦးအနက် ကျန်ရှိ သည့်နှစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့ပြီး ထွက်ပြေးသူအား ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။ “တနင်္သာရီမှာ သတင်းရလို့ သွားမိတာ” ဟု စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။ ဓားခုတ်ခံရသည့် […]

အသက်မပြည့်မိန်းကလေးအား သားမယားပြုကျင့်သူနှင့် ကြံရာပါဆိုသူတို့အား အမှုဖွင့်

diz_admin

January 19, 2021

မြိတ်မြို့၊ ထားဝယ်စုရပ်ရှိ ဟိုတယ်တစ်ခုတွင် အသက်မပြည့်မိန်းကလေးအား သားမယားပြုကျင့်သူနှင့် ကြံရာပါ ဆိုသူတို့အား ဇန်နဝါရီလ ၁၁ ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း မြိတ်မြို့ မြိုမရဲစခန်းထံမှ သိရသည်။ ဟိုတယ်အခန်းတစ်ခုတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့က မိန်းကလေးအား ပုလောမြို့နေ အသက် ၂၇ နှစ်ရှိ ဓာတ်ပုံရိုက်ကူးရေးလုပ်ကိုင်သူနှင့် အသက်မပြည့်သော မိန်းကလေးငယ်တို့ သားမယားပြုကျင့်နေစဉ် တပည့်နှစ်ဦးတို့မှ ဗီဒီယိုရိုက်ကူး‌ထားသည့် ဖိုင်မှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ ဓာတ်ပုံလုပ်ငန်းလုပ် ကိုင်သူနှင့် တပည့်နှစ်ဦးတို့မှာ မြိတ်မြို့နေ အသက်မပြည့်မိန်းကလေးအား ရိုက်ကူးခ ကျပ်ငါးသောင်းဖြင့် မော်ဒယ် ဓာတ်ပုံရိုက်မည်ဟုဆိုကာ မိခင်ဖြစ်သူထံ ခွင့်ပြုချက်ဖြင့် ‌အဖော်အမျိုးသမီးတစ်ဦးနှင့် အတူထည့်ပေးလိုက်ခဲ့ကြောင်း ရဲစခန်းထံမှ သိရသည်။ ရေကန်ဘောင်တွင် ဓာတ်ပုံရိုက်ကူးနေစဉ် မိုးရွာလာသဖြင့် ဟိုတယ်ရှိ အခန်းသို့ […]

မြိတ်တွင် သမီးရည်းစား နှစ်ဦး သေဆုံး

diz_admin

January 14, 2021

မြိတ်မြို့ ကန်ဖျားရပ်ကွက်ရှိ နေအိမ်သုံးခန်းတွဲ တိုက်ခန်းတစ်ခုတွင် ဇန်နဝါရီလ ၇ ရက်နေ့ ညရှစ်နာရီခွဲအချိန်ခန့်က သမီးရည်းစားချင်း စကားများပြီး လူသတ်မှုဖြစ်ခဲ့ကြောင်း မြိတ်မြို့ မြိုမရဲစခန်း ထံမှ သိရသည်။ အဆိုပါ အခန်းတွဲတွင် သမီးရည်းစားနှစ်ဦး စကားများပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေကြသဖြင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးရာ နှစ်ဦးစလုံး ဓားဒဏ်ရာတို့ဖြင့် သေဆုံးနေ သည်ကို တွေ့ရှိခဲ့ကြောင်း မြို့မရဲစခန်း ထံမှ သိရသည်။ အိမ်အခန်းတံခါးအား ဂျက်ထိုးထားသဖြင့် အနောက်ဘက်တံခါးအပေါ် ဘက်ရှိ သွပ်ပြားအားဖျက်ပြီး ဝင်ရောက် စစ်ဆေးခဲ့ရာ နှစ်ဦးစလုံး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ကန်ဖျားနယ် မြေ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ပြောပြသည်။ “သမီးရည်းစား အတွင်းရေးကိစ္စကြောင့် ဖြစ်မှာပါ” ဟု မြိတ်မြို့ မြို့မရဲ စခန်းမှ စခန်းမှူး […]