ကိုဗစ်ကြောင့် ရပ်နားထားသည် ယာဉ်မောင်းလိုင်စင်အသစ်ပြုလုပ်မှု ပြန်လည်ခွင့်ပြု
diz_admin
August 4, 2020ကိုဗစ်ကပ်ဘေးကြောင့် ယာယီရပ် နားထားသည့် ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်ခြင်းကို ပြန်လည်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန(ကညန) ထံမှ သိရသည်။ ယာဉ်မောင်းလိုင်စင်အသစ်လုပ်ခြင်းကို သြဂုတ်လ ၄ ရက်နေ့မှစတင်ကာ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။ ကိုဗစ်ကပ်ဘေးကြောင့် ကညနရုံး လုပ်ငန်းများကို မတ်လ ၂၃ ရက်မှ ဇွန်လဆန်းအထိ ပိတ်ထားခဲ့သည်။ ယင်းနောက် ဇွန်လ ၈ ရက်နေ့မှစပြီး ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကိုသာ ဆောင်ရွက်ခွင့်ပေးခဲ့သည်။ ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ လက်ရှိတွင် ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်ခြင်းကိုပါ ခွင့်ပြုတော့မည် ဖြစ်သည်။ ကညနရုံးတွင် တနင်္လာနေ့၌ ဆိုင်ကယ်မောင်း (က) လိုင်စင်နှင့် အင်္ဂါနေ့ တွင် ကားမောင်း […]


