အွန်လိုင်းပညာရေးအပေါ် ကျောင်းသားများ၏ သဘောထား စစ်တမ်းကောက်
diz_admin
July 27, 2020တက္ကသိုလ်များတွင် အွန်လိုင်းမှ ပို့ချရန် စီစဉ်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး ထားဝယ်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ၏ သဘောထား စစ်တမ်းတစ်ခုကို အွန်းလိုင်းမှတဆင့် ကောက်ခံနေကြောင်း ယင်းတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာခင်အေးသန်း က ပြောသည်။ အွန်လိုင်းမှ ပို့ချပါက ကျောင်းသားများအတွက် မည်သည့်အခက်အခဲများ ရှိနေသည်ကို သိရှိနိုင်ရန်နှင့် ယင်းအခက်အခဲများကို မည်သို့ဖြေရှင်းမည်ကို သိနိုင်ရန်အတွက် သဘောထား စစ်တမ်းကောက်ခြင်းဖြစ်ကြောင်း ဒေါက်တာခင်အေးသန်းက ပြောသည်။ “ကျောင်းသားတွေမှာရှိတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း သိချင်လို့ပါ။ အဲလို သိရပြီဆိုရင် သူတို့ကို ဘယ်လိုမျိုးဖြေရှင်းပေးလို့ရှိရင် အဆင်ပြေမလဲပေါ့။ အဲတာလေး သိချင်တာပေါ့လေ၊ အဓိကကတော့” ဟု ၎င်းက ဆိုသည်။ အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ အဆိုပါ သဘောထားစစ်တမ်းကို ဇူလိုင်လ တတိယအပတ်မှ စတင်ကောက်ယူနေခြင်းဖြစ်ကြောင်း ထားဝယ်ကွန်ပျူတာ တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ […]


