ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်းဆောင်းပါး

ပေါက်ကွဲသံများနှင့် ထားဝယ်သင်္ကြန်

Dawei Watch

April 14, 2026

စစ်ယူနီဖောင်းချွတ်ကာ အရပ်သားအသွင် ပြောင်းထားသည့် တနင်္သာရီတိုင်း စစ်အစိုးရ၏ ပထမဆုံး သင်္ကြန်ပွဲတော်သည် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများနှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းစစ်အစိုးရရဲ့ ဟန်ပြသင်္ကြန်

Dawei Watch

April 12, 2026

အတုအယောင်ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ စစ်အုပ်စုက ဧပြီလဆန်းမှာ လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့စည်းခဲ့ပေမဲ့ စစ်ခေါင်းဆောင်တွေကိုပဲ ဘောင်းဘီချွတ်ရာထူးပြောင်းခဲ့တာကြောင့် လူထုအကြား လှောင်ပြောင်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုကနေ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းလိုက်တဲ့အတွက် အသွင်းပြောင်း စစ်အစိုးရလို့ပဲ ခေါ်နေကြပါတယ်။ ဒီလိုပါပဲ တနင်္သာရီတိုင်းမှာလည်း ဧပြီ ၁၀ ရက်နေ့မှာ တိုင်းစစ်အစိုးရအဖွဲ့ ပေါ်လာခဲ့ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ လူယုံ အင်ဂျင်နီယာစစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးဇော်နိုင်ဦးက ဝန်ကြီးချုပ်အဖြစ် တိုင်းစစ်အစိုးရကို ဦးဆောင်ခဲ့ပြီး ဝန်ကြီးနေရာ အများစုကလည်း စစ်အုပ်စုနဲ့ မကင်းတဲ့သူတွေပါပဲ။ တိုင်းစစ်ကော်မရှင်မှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဖြစ်နေတဲ့ ဗိုလ်မှူးကြီး သိန်းဇော်မြင့်၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ စီးပွားရေးဝန်ကြီး ဦးမောင်ကြီးနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာတို့က နေမြဲအတိုင်း တိုင်းစစ်အစိုးရမှာ နေရာပြန်ရပါတယ်။ […]

ဂယက်ထနေတဲ့ ထားဝယ်က ကျောင်းသားတစ်ပိုင်း ပြည်သူ့စစ်

Dawei Watch

April 10, 2026

ထားဝယ်မြို့က အထက်တန်းကျောင်းသားတွေ၊ ဆယ်ကျော်သက်လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဌာနေပြည်သူ့စစ် (ထားဝယ်) အဖွဲ့ထဲမှာ လတ်တလော ဂယက်တွေ ဖြစ်နေပါတယ်။ ဆယ်ကျော်သက် ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ TikTok အကောင့်တွေမှာ ပြည်သူ့စစ်အဖွဲ့က ထွက်ရတော့မယ့် အကြောင်းတွေကို ဝမ်းနည်းပက်လက် ရေးတင်နေကြတာပါ။ ထားဝယ်မြို့ခံတွေကြားမှာလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဲဒီပြည်သူ့စစ်အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ကောလာဟလတွေက မြို့ခံတွေကြားမှာ ပြောဆိုလာကြပါတယ်။ အဲဒီကောလာဟလ ဘယ်လိုစထွက်လာလဲဆိုတာ တိတိကျကျ မသိရပေမဲ့၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတရာထူးယူပြီး အရပ်သားအစိုးရအသွင် ဖွဲ့စည်းလိုက်တဲ့အချိန်နဲ့တော့ သွားပြီးတိုက်ဆိုင်နေပါတယ်။ ဒါပေမဲ့ Dawei Watch ရဲ့ စုံစမ်းတွေ့ရှိချက်အရတော့ ဒီအဖွဲ့ကို လုံးဝဖျက်သိမ်းလိုက်တာ မဟုတ်ဘဲ အပြောင်းအလဲတချို့လုပ်ပြီး အသွင်သစ်နဲ့ ပြန်လှုပ်ရှားမယ့် အခြေအနေတွေ တွေ့ရပါတယ်။ ထားဝယ်က ကျောင်းသားတစ်ပိုင်း ပြည်သူ့စစ် စစ်အုပ်စုက […]

နေပြည်တော်ဆင်းတု ဗိသုကာမှသည် တနင်္သာရီတိုင်း စစ်ဝန်ကြီးချုပ်ဆီသို့

Dawei Watch

April 6, 2026

စစ်ခေါင်းဆောင် ရွေးချယ်လိုက်သည့် တနင်္သာရီတိုင်း စစ်ဝန်ကြီးချုပ်သစ်မှာ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်သည်။ စစ်ကော်မရှင်၏ ရွေးကောက်ပွဲပြီးနောက် ခေါ်ယူလိုက်သော တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က တိုင်းဒေသကြီးဝန်ကြီးချုပ်သစ်ကို ဧပြီလ ၁၂ ရက်နေ့တွင် အတည်ပြုခန့်အပ်လိုက်ခြင်းဖြစ်သည်။ အမည်က ဦးဇော်နိုင်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်။ ကြံ့ခိုင်ရေးပါတီသို့ ရွေးကောက်ပွဲနီးချိန်တွင်မှရောက်ပြီး သီးခြားမဲဆန္ဒနယ် မရှိသူ ဦးဇော်နိုင်ဦး ဆိုသည်မှာ မည်သူနည်း။ ဦးဇော်နိုင်ဦးသည် စစ်အင်ဂျင်နီယာတပ်တွင် ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က သီရိပျံချီဘွဲ့ အပ်နှင်းထားသည်။ OTS အပတ်စဉ် ၈၃ ဆင်းဖြစ်ပြီး ဗိုလ်ချုပ်ဟောင်း ဦးဇော်နိုင်ဦးကို စစ်အုပ်စု၏ ရွေးကောက်ပွဲအပြီး တတိယအကြိမ်လွှတ်တော်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်ခြင်းဖြစ်သည်။ ၎င်းသည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်အတွက် ကြံ့ခိုင်ရေးပါတီမှ အချိုးကျ ကိုယ်စားပြုစနစ် (PR) စနစ်ဖြင့် အရွေးချယ်ခံရသူဖြစ်သည်။ ဦးဇော်နိုင်ဦးက […]

ထိုင်းတွင် မြန်မာလုပ်သားထောင်ချီ ဥပဒေမဲ့ အလုပ်ဖြုတ်ခံနေရ

Dawei Watch

March 27, 2026

ထိုင်းရောက် မြန်မာအလုပ်သမားမှာ သတ်မှတ်ထားသော ဥပဒေများအတိုင်း ခံစားခွင့် မရရှိဘဲ ရုတ်တရက် အလုပ်ဖြုတ်ခံရမှုများ ဆက်တိုက်ဖြစ်လာနေသည်။

တောင်ပိုင်းကို ရိုက်ခတ်လာတဲ့ ပြည်သူ့ရေးရာ စီမံဒေါက်တာကြီးပေးတဲ့ ဒုက္ခ

Dawei Watch

March 26, 2026

ပြည်သူ့ရေးရာ စီမံဒေါက်တာကြီးဦးဆောင်တဲ့ စစ်အုပ်စုက ချမှတ်လိုက်တဲ့ မူဝါဒတွေကတော့ ပြည်သူလူထုကို ဒုက္ခနွံထဲနှစ်နေသလိုပါပဲ။

သရက်ချောင်းမှာ စစ်အာဏာရှင်တပ် ကြည်း ရေ လေ အစွမ်းကုန်သုံးပြီး တိုက်နေတာဘာကြောင့်လဲ

Dawei Watch

March 2, 2026

သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်အာဏာရှင်တပ်က နေ့မအား ညမနား လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုများ တရစပ် လုပ်ဆောင်နေသည်။ ပင်လယ်ပြင်ရှိ စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးနေသလို မြေပြင်ကလည်း စစ်ကြောင်းထိုးနေသည်။ ကြည်း၊ ရေ၊ လေ ဘက်စုံသုံးပြီး စစ်အာဏာရှင်တပ်က တိုက်ခိုက်နေခြင်းဖြစ်သည်။ ဖေဖော်ဝါရီလဆန်းက စတင်ပြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်သည် စစ်တလင်းပြင်အတိ ဖြစ်လာသည်။ ကျေးရွာ ၂၀ ကျော်က အရပ်သားပြည်သူများ ထွက်ပြေးနေကြရပြီး ရိက္ခာပြတ်လပ်မှုများနှင့်လည်း ကြုံနေရသည်။ သရက်ချောင်းမြို့နယ်ကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလဆန်းမှာ စစ်ကြောင်းစထိုးပြီး ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲစဖြစ်သည်။ ယင်းနောက် မြိတ်-ထားဝယ်ကားလမ်းပေါ်က ဝင်းဝစခန်းကို KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ပူးပေါင်း တိုက်ခိုက်ရာမှ တိုက်ပွဲများ […]

စစ်ကော်မရှင်က လေကြောင်းအားပြုပြီး တနင်္သာရီတိုင်းကို ထိုးစစ်ဆင်

Dawei Watch

February 21, 2026

စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲအပြီးတွင် တနင်္သာရီတိုင်းအတွင်း စစ်ရေးပိုမိုပြင်းထန်လာနေသည်။ Dawei Watch က ရရှိထားသည့် အချက်အလက်များအရ စစ်ကော်မရှင်က တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ၏ တည်နေရာကို အသေးစိတ် ထောက်လှမ်းနေသည်မှာ ၆ လခန့်ရှိပြီဖြစ်သည်။ စစ်ကော်မရှင်၏ မြေပြင်တပ်များသို့ ညွှန်ကြားချက်များတွင် ပစ်မှတ်တည်နေရာများကို စနစ်တကျကောက်ယူပြီး တင်ပြရန်ဆိုသည့် အချက်ကို ဆက်တိုက်ဖော်ပြနေကြောင်း တွေ့ရသည်ဟု စစ်ရေးသတင်းရင်းမြစ်က Dawei Watch သို့ ပြောဆိုသည်။ ယခု ဖေဖော်ဝါရီလတွင်တော့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာနေသည်။ တနင်္သာရီတိုင်းအတွင်း ယခုကဲ့သို့ လေယာဉ်ဖြင့် ရက်ဆယ်နှင့်ချီ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုမျို မကြုံဖူးကြောင်း ဒေသခံများကဆိုကြသည်။ စစ်အာဏာရှင်တပ်၏ ဂျက်တိုက်လေယာဉ်များ၊ Y12၊ ရဟတ်ယာဉ်များ ကောင်းကင်ယံတွင် နေ့စဉ်ရက်ဆက် ဝဲပျံလျက်ရှိသည်။ တိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားသည့်နေရာများ၊ စစ်ရေးတင်းမာနေသည့်နေရာများကို […]