ထိုင်းတွင် မြန်မာလုပ်သားထောင်ချီ ဥပဒေမဲ့ အလုပ်ဖြုတ်ခံနေရ
Dawei Watch
March 27, 2026ထိုင်းရောက် မြန်မာအလုပ်သမားမှာ သတ်မှတ်ထားသော ဥပဒေများအတိုင်း ခံစားခွင့် မရရှိဘဲ ရုတ်တရက် အလုပ်ဖြုတ်ခံရမှုများ ဆက်တိုက်ဖြစ်လာနေသည်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါထိုင်းရောက် မြန်မာအလုပ်သမားမှာ သတ်မှတ်ထားသော ဥပဒေများအတိုင်း ခံစားခွင့် မရရှိဘဲ ရုတ်တရက် အလုပ်ဖြုတ်ခံရမှုများ ဆက်တိုက်ဖြစ်လာနေသည်။
ပြည်သူ့ရေးရာ စီမံဒေါက်တာကြီးဦးဆောင်တဲ့ စစ်အုပ်စုက ချမှတ်လိုက်တဲ့ မူဝါဒတွေကတော့ ပြည်သူလူထုကို ဒုက္ခနွံထဲနှစ်နေသလိုပါပဲ။
သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်အာဏာရှင်တပ်က နေ့မအား ညမနား လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုများ တရစပ် လုပ်ဆောင်နေသည်။ ပင်လယ်ပြင်ရှိ စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးနေသလို မြေပြင်ကလည်း စစ်ကြောင်းထိုးနေသည်။ ကြည်း၊ ရေ၊ လေ ဘက်စုံသုံးပြီး စစ်အာဏာရှင်တပ်က တိုက်ခိုက်နေခြင်းဖြစ်သည်။ ဖေဖော်ဝါရီလဆန်းက စတင်ပြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်သည် စစ်တလင်းပြင်အတိ ဖြစ်လာသည်။ ကျေးရွာ ၂၀ ကျော်က အရပ်သားပြည်သူများ ထွက်ပြေးနေကြရပြီး ရိက္ခာပြတ်လပ်မှုများနှင့်လည်း ကြုံနေရသည်။ သရက်ချောင်းမြို့နယ်ကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလဆန်းမှာ စစ်ကြောင်းစထိုးပြီး ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲစဖြစ်သည်။ ယင်းနောက် မြိတ်-ထားဝယ်ကားလမ်းပေါ်က ဝင်းဝစခန်းကို KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ပူးပေါင်း တိုက်ခိုက်ရာမှ တိုက်ပွဲများ […]
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲအပြီးတွင် တနင်္သာရီတိုင်းအတွင်း စစ်ရေးပိုမိုပြင်းထန်လာနေသည်။ Dawei Watch က ရရှိထားသည့် အချက်အလက်များအရ စစ်ကော်မရှင်က တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ၏ တည်နေရာကို အသေးစိတ် ထောက်လှမ်းနေသည်မှာ ၆ လခန့်ရှိပြီဖြစ်သည်။ စစ်ကော်မရှင်၏ မြေပြင်တပ်များသို့ ညွှန်ကြားချက်များတွင် ပစ်မှတ်တည်နေရာများကို စနစ်တကျကောက်ယူပြီး တင်ပြရန်ဆိုသည့် အချက်ကို ဆက်တိုက်ဖော်ပြနေကြောင်း တွေ့ရသည်ဟု စစ်ရေးသတင်းရင်းမြစ်က Dawei Watch သို့ ပြောဆိုသည်။ ယခု ဖေဖော်ဝါရီလတွင်တော့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာနေသည်။ တနင်္သာရီတိုင်းအတွင်း ယခုကဲ့သို့ လေယာဉ်ဖြင့် ရက်ဆယ်နှင့်ချီ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုမျို မကြုံဖူးကြောင်း ဒေသခံများကဆိုကြသည်။ စစ်အာဏာရှင်တပ်၏ ဂျက်တိုက်လေယာဉ်များ၊ Y12၊ ရဟတ်ယာဉ်များ ကောင်းကင်ယံတွင် နေ့စဉ်ရက်ဆက် ဝဲပျံလျက်ရှိသည်။ တိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားသည့်နေရာများ၊ စစ်ရေးတင်းမာနေသည့်နေရာများကို […]
By Dawei Watch & Lighthouse Reports This story was supported by the Pulitzer Center Rainforest Reporting Grant.This story was produced with support from the Environmental Reporting Collective (ERC). သိန္ဓောရွာမှ ကြိုဆိုပါသည်။ ရွာကိုဖြတ်ပြီး ဆိုင်ကယ်ဖြင့် ၈ မိနစ်ခန့်သွားလိုက်ချိန်တွင် တွင်းကြီးများ မြေစာပုံကြီးများကို အနီးကပ်မြင်လိုက်ရသည်။ ပေ ၄၀ ကျော်ခန့် နက်သည့် ချိုင့်ခွက်ကြီးများကလည်း အစီအရီ၊ သစ်ပင်မရှိတော့သည့် တောင်ကတုံးများကလည်း ဝန်းရံလျက်ရှိနေသည်။ တနင်္သာရီအမျိုးသားဥယျာဉ်ထဲတွင်တည်ရှိသည့် သိန္ဓောရွာသည် ယခင်ဥယျာဉ်ခြံစိုက်ပျိုးမှုဖြင့် အသက်မွေးကြသော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် တစ်ရွာလုံးနီးပါး ခဲမိုင်းတူးသူများ အဖြစ် […]
ရွေးကောက်ပွဲ အပိုင်း ၃ တွင်ပါဝင်သည့် လောင်းလုံးမြို့နယ် ရွေးကောက်ပွဲမှာ စစ်အုပ်စုက မူလစီစဉ်ထားသည့်အတိုင်း မဖြစ်လာဘဲ ဖြစ်သလိုသာ လုပ်လိုက်ရသော အခြေအနေမျိုး တွေ့ရသည်။ လောင်းလုံးမြို့နယ်တွင် ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၄၁ အုပ်စု ရှိသည့်အနက် မြို့ပေါ် ၄ ရပ်ကွက်နှင့် မောင်းမကန်၊ စခန်းကြီး၊ ကမြောကင်း ကျေးရွာအုပ်စုတို့တွင်သာ ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အုပ်စုက စီစဉ်ထားသည်။ သို့သော် အမှန်တကယ်ရွေးကောက်ပွဲပြုလုပ်သည့် ယနေ့တွင်မူ လောင်းလုံးမြို့ပေါ်တွင် မဲရုံမဖွင့်နိုင်တော့ဘဲ ၎င်းမဲရုံကို ထားဝယ်မြို့အနီး ကမြောကင်းရွာရှိ ထားဝယ်တက္ကသိုလ်သို့ ပြောင်းရွှေ့လိုက်ရသည်။ တော်လှန်ရေးတပ်တို့က ရွေးကောက်ပွဲ အကြိုနေ့ကတည်းက တိုက်ခိုက်မှုကြောင့် လုံခြုံရေးအခြေအနေအရ မြို့ပေါ်တွင် မဲပုံးမထောင်နိုင်တော့ခြင်းဖြစ်သည်။ ထိုသို့ မဲရုံရွှေ့လိုက်သဖြင့် မြို့ခံအချို့မှာ တကူးတကသွားရောက်မဲပေးစရာမလိုတော့ကြောင်း ပြောဆိုကြသည်။ “ထားဝယ်တက္ကသိုလ်ထဲ(မဲရုံ) ပြောင်းလိုက်တော့ တကူးတကမဲထည့်မယ့်သူကလွဲပြီး […]
လောင်းလုံးမြို့နယ်တွင် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲမှာ မည်ကာမတ္တအဆင့်ဖြစ်ရန်ပင် မသေချာလှတော့ပေ။ ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပရန် ရက်ပိုင်းအလိုတွင် လောင်းလုံးမြို့ပေါ် အပါအဝင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်အုပ်စုက ကြွေးကြော်ထားသည့် ဒေသတို့တွင် စစ်ရေးတင်းမာလျက်ရှိသည်။ လောင်းလုံးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် လေးခုနှင့် ကျေးရွာအုပ်စု ၄၁ အုပ်စုရှိသည့်အနက် မြို့ပေါ် ရပ်ကွက် လေးခုနှင့် မောင်းမကန်၊ စခန်းကြီး၊ ကမြောကင်း ကျေးရွာအုပ်စုတို့တွင်သာ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲကျင်းပမည့် ဇန်နဝါရီလ ၂၅ ရက်မတိုင်မီ တော်လှန်ရေးတပ်တို့၏ တိုက်ခိုက်မှုများ ခံရပြီးနောက် စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပမည့်ဟု ကြွေးကြော်ထားသည့်နေရာတို့တွင်ပင် မဲပုံးမထောင်နိုင်တော့သည့် အခြေအနေနှင့် ကြုံတွေ့နေရသည်။ လတ်တလော အခြေအနေအရ စစ်အာဏာရှင်တပ် ထိန်းချုပ်ထားသည့် လောင်းလုံးမြို့ပေါ် ရပ်ကွက် လေးခုစလုံးနှင့် စစ်အာဏာရှင်တပ် ခလရ […]
စစ်ကော်မရှင်က ယနေ့ (ဇန်နဝါရီ ၁၁)ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂)တွင် တနင်္သာရီတိုင်းမှ ရေဖြူ၊ ကျွန်းစုနှင့် တနင်္သာရီ မြို့နယ်သုံးခုပါဝင်ခဲ့ပြီး ရေဖြူမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်နှစ်ဦးမှာ မပြိုင်မီကတည်းက နိုင်နှင့်နေပြီ ဖြစ်သည်။ ရေဖြူမြို့နယ်သည် ရေဖြူမြို့၊ ကလိန်အောင်မြို့၊ နဘုလယ်တိုက်နယ်နှင့် ကံပေါက်တိုက်နယ်တို့ဖြင့် ဖွဲ့စည်းထားသည့် မြို့နယ်တစ်ခုဖြစ်သည်။ Myanmar Information Management Unit (MIMU) ၏ စာရင်းအရ ရေဖြူမြို့နယ်၌ ရပ်ကွက်ရှစ်ခုနှင့် ကျေးရွာအုပ်စု ၃၄ အုပ်စု ရှိသည်။ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များအရ ရေဖြူမြို့နယ်၌ ရွေးကောက်ပွဲ မလုပ်နိုင်သည့် ကျေးရွာအုပ်စုမှာ ၂၆ ခု ရှိသဖြင့် မြို့နယ်၏ နယ်မြေ ၂၅ ရာခိုင်နှုန်းဝန်းကျင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းဖြစ်သည်။ ကျင်းပသည့် […]