လောင်းလုံးပအဖနဲ့ ဒေသခံတွေကြား ဘာလွဲနေလဲ
Dawei Watch
February 9, 2025လောင်းလုံးမြို့နယ် ကျောက်ပုံကျေးရွာက ဒေသခံ ၇၀ လောက်က ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၃ နာရီလောက်မှာ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ကို ရည်ရွယ်ဆန္ဒပြခဲ့ကြပါတယ်။ ကျောက်ပုံရွာမှာ မီးစက်မောင်းနေတဲ့ လူငယ်တစ်ယောက်ကို ပအဖအဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဖမ်းဆီးလိုက်ရာကနေ ဆန္ဒပြပွဲဖြစ်ပေါ်လာတာလို့ ဆန္ဒပြရာမှာပါဝင်တဲ့သူတွေက Dawei Watch ကို ပြောဆိုပါတယ်။ ဆန္ဒပြရာမှာပါတဲ့ ဒေသခံတွေ ပြောပြတာကတော့ ပအဖကခန့်အပ်ထားတဲ့ ကျောက်ပုံကျေးရွာရပ်ကျေး အုပ်ချုပ်ရေးတာဝန်ခံရဲ့ စေခိုင်းချက်အရ မီးစက်မောင်းတဲ့လူငယ်ကို ထားဝယ်ခရိုင်တပ်ရင်း(၁) ကရဲဘော်တွေ ဖမ်းဆီးတာလို့ဆိုပါတယ်။ လောင်းလုံးမှာ ဒီလိုဒေသခံတွေက ပအဖကို ဆန္ဒပြတာက စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ၄ နှစ်ကျော် ကာလအတွင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ နယ်နှင်ပြစ်ဒဏ် မီးစက်မောင်းလူငယ်ဟာ အခြားရွာသားတစ်ဦးပါ။ ကျောက်ပုံရွာကို […]


