ရွေးကောက်ပွဲနီးချိန် ထားဝယ်ကို စစ်မီးမြှိုက်လာသည့် စစ်အုပ်စု
Dawei Watch
December 13, 2025စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပရန် နှစ်ပတ်သာလိုတော့ချိန်တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပတ်ပတ်လည်၌ တိုက်ပွဲများ ပြင်းထန်လာနေသည်။ ထားဝယ်မြို့မှ မြောက်ဘက်ရှိ ရေဖြူမြို့နှင့် တောင်ဘက်ရှိ လောင်းလုံးမြို့နယ်အနီးဝန်းကျင်တို့တွင် တော်လှန်ရေးအဖွဲ့များ ၏ စစ်ရေးလှုပ်ရှားမှုများ အားကောင်းလာပြီး စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် လျက် ရှိသည်။ ထို့အပြင် မြို့၏အရှေ့ဘက်ခြမ်း ဝင်ပေါက်မှ တော်လှန်ရေးတပ်များ ချဉ်းကပ်လာနိုင်သည်ဟု ယူဆရသည့် ကျေးရွာချင်းဆက်တံတား ငါးခုကိုလည်း ရွေးကောက်ပွဲနီးကပ်လာချိန်တွင် စစ်အာဏာရှင်တပ်က ဖျက်ဆီးပစ်ခဲ့သည်။ ထားဝယ်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရန် အားခဲထားသည့် စစ်အုပ်စုက ရွေးကောက်ပွဲ အထိအခိုက်မရှိစေရန် ပြည်သူလူထု၏ အသက်အိုးအိမ်စိမ်းစည်များကို ရန်ပြုကာ အသည်းအသန် ကြိုးပမ်းနေသည်။ စစ်အုပ်စု၏ ထားဝယ်မြို့နယ် ရွေးကောက်ပွဲခြေလှမ်းက မည်သို့ ရှိနေပါသနည်း။ စစ်အုပ်စု ရွေးကောက်ပွဲအခြေအနေ စစ်အုပ်စုက ဒီဇင်ဘာလ ၂၈ ရက်တွင် […]


