ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မလွှဲတောင်ဂိတ် ပြန်ဖွင့်လိုက်သော်လည်း ယာဉ်အသွားအလာနည်းပါး

Dawei Watch

March 20, 2024

စစ်ကောင်စီက မနေ့(မတ် ၁၉)ကစတင်ပိတ်ထားသည့် မွန်-တနင်္သာရီနယ်စပ် ၊ ရေဖြူမြို့နယ်ရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်ကို ပြန်ဖွင့်လိုက်ပြီဖြစ်သော်လည်း ဖြတ်သန်းသွားလာသည့် ယာဉ်နည်းပါးနေသေးကြောင်း ဒေသခံများနှင့် ခရီးသွားများကပြောသည်။ ရေးမြို့ နှင့် ကလိန်အောင်မြို့အကြား မလွှဲတောင်လမ်းပိုင်းတွင် မတ်လ ၁၉ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးမှုပြုလုပ်နေခြင်းကြောင့် စစ်ကောင်စီဘက်က မလွှဲတောင်ဂိတ်က ဖြတ်သန်းခွင့် ပိတ်ခဲ့ခြင်းဖြစ်သည်။ “ ကားတွေတော့ တဖြည်းဖြည်းချင်းသွားနေကြတယ်။ အများစုကတော့ အခြေအနေစောင့်ကြည့်ပြီးမှ သွားကြမယ် “ ဟု ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက ပြောသည်။ နယ်မြေစိုးမိုးရေးအတွက် တော်လှန်ရေးအဖွဲ့များ၏ လမ်းပိုင်း စစ်ဆေးမှုမှာ မနက် ၇ နာရီမှ ညနေ ၃ နာရီအထိကြာခဲ့ပြီး စစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က လေယာဥ်ဖြင့် လာရောက်ကင်းထောက် ပျံသန်းမှုရှိခဲ့သည်ဟု နယ်မြေစိုးမိုးရေး […]

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ဘတ် ၆ သန်း ထီပေါက်

Dawei Watch

March 20, 2024

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် မတ်လ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆုဖြစ်သော ဘတ် ၆ သန်း ပထမဆုကို ဆွတ်ခူးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မတ်လ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၉၉၇၆၂၆ တွင် ခြောက်လုံးတိုက် ပထမဆု ဘတ် ၆ သန်း ပေါက်ခဲ့ခြင်းဖြစ်သည်။ ထီပေါက်သည့် မြန်မာအလုပ်သမားမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁၂ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ ထီပေါက်ခဲ့သော မြန်မာအလုပ်သမားက ဆုငွေထုတ်ယူနိုင်ရန် အလုပ်သမားကူညီရေးအဖွဲ့ဖြစ်သော MHAC မဟာမိတ်အဖွဲ့ထံသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့သဖြင့် မတ်လ ၁၈ ရက်နေ့က ဆုငွေကို ထုတ်ယူပေးနိုင်ခဲ့ကြောင်း အဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။ “သူတို့က အလုပ်သွားရင်းနဲ့ပဲ ထိုးလိုက်တာ […]

မေတ္တာမြို့တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သား အလောင်း ၁၄ လောင်းတွေ့

Dawei Watch

March 20, 2024

မေတ္တာမြို့တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သား အလောင်း ၁၄ လောင်းတွေ့ရကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်းမှူးက ပြောသည်။ စစ်ကောင်စီတပ်သားများနှင့်အတူ အရပ်သားပြည်သူ ၄ ဦးလည်း သေဆုံးနေသည်ကို တွေ့ရဟု ၎င်းကဆိုသည်။ မတ်လ ၉ ရက်နေ့က ကျောက်မဲတောင်စခန်းမှ မေတ္တာဗျူဟာစခန်းကို ထိုးဖောက်ဝင်ရောက်သည့် အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၁၀ ဦးကျော်ကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါ စစ်ကြောင်းနှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ မတ်လ ၁၀ ရက်မှ ၁၅ ရက်အထိ မေတ္တာမြို့တွင် ၆ ရက်ဆက် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု KNU၊ KNLA၊ PDF […]

ကော့သောင်းတွင် အဓမ္မစစ်မှုထမ်းစေရန် မဲနှိုက်ရွေးချယ်

Dawei Watch

March 20, 2024

ကော့သောင်းမြို့တွင် အဓမ္မစစ်မှုထမ်းစေရန်အတွက် လူငယ်များရှိသည့် အိမ်ထောင်စုတိုင်း မဲနှိုက်ကြရပြီး မဲပေါက်သူကို စစ်မှုထမ်းစာရင်း‌တွင် သွင်းလိုက်ကြောင်း မြို့ခံအချို့ကပြောသည်။ မတ်လ ၁၉ ရက်ညပိုင်းမှစပြီး ရပ်ကွက်တိုင်းနီးပါး မဲနှိုက်ရွေးချယ်ကြောင်း မြို့ခံတို့ကဆိုသည်။ “သူတို့က လူငယ်တွေရှိတဲ့အိမ် စာရင်းကောက်ပြီးသား။ အဲဒီအိမ်တွေအကုန်မဲနှိုက်ရတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။ မဲပေါက်သည့်အိမ်ရှိ လူငယ်များ နိုင်ငံခြားရောက်နေပါက ပြန်ခေါ်ခိုင်းနေကြောင်း မြို့ခံတို့ကဆိုသည်။ မြို့ပေါ်ရပ်ကွက်တွင် တစ်ရပ်ကွက်လျှင် ၅ ဦးမှ ၈ ဦးအထိ စစ်မှုထမ်းခေါ်ပြီး ကျေးရွာများတွင်မူ တစ်ရွာလျှင် ၂ ဦးနှုန်းခေါ်နေသည်ဟု ကြားသိရကြောင်း မြို့ခံအချို့ကပြောသည်။ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် ထုတ်ပြန်တောင်းဆိုထားသည်။ ပူးပေါင်းပါဝင်သည့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ စစ်ကောင်စီသတင်းပေးများကို စစ်ရေးပစ်မှတ်အဖြစ် အရေးယူသွားမည်ဖြစ်ကြောင်း […]

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်မှုပိုဖြစ်လာ

Dawei Watch

March 20, 2024

ထိုင်းမြန်မာနယ်စပ် တနင်္သာရီမြို့နယ် မော‌တောင်မြို့တွင် ယခုလကစပြီး ဖုန်းလိုင်းနှင့် အင်တာနက်ပြတ်တောက်မှု ပိုများလာကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါမြို့တွင် ယမန်နှစ် နိုဝင်ဘာလကစပြီး ဖုန်းလိုင်းနှင့် အင်တာနက် ပြတ်တောက်မှုများ ရှိခဲ့သော်လည်း ယခုလတွင် ပိုမိုဆိုးရွားလာကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် ပြတ်တောက်သည့်အချိန်ကြာလာသလို မပြတ်တောက်သည့်အချိန်တွင်လည်း လိုင်းအားမကောင်းတော့ကြောင်း မောတောင်မြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ဖြတ်ရင်လည်း တစ်ခါတစ်လေ ရက်နဲ့ချီကြာတယ်။ တစ်ခါတစ်လေ နာရီပိုင်းလောက်ကြာတယ်။ ဖုန်းလိုင်းတစ်ခုချည်း ဖြတ်တာမျိုးရှိသလို ဖုန်းလိုင်းအားလုံးကိုဖြတ်တာမျိုးလည်းရှိတယ်”ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်အတွင်း လေယာဥ်ပျံသန်းမှုနှင့်လေကြောင်းတိုက်ခိုက်မှုများ လုပ်သည့်အချိန်တိုင်း ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။ ထိုကြောင့်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံရသည့်အချိန်တိုင်း လေကြောင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေရကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။ “အရင်တစ်ပတ်လောက်ကဆို […]

ပွဲစားများက အထူးလမ်းကြောင်းဖြင့် ဘတ်ရိုက်ပေးမည်ဆိုကာ ဘတ်အတုများထုတ်ပေး

Dawei Watch

March 20, 2024

ထိုင်းနိုင်ငံရောက် မြန်မာများကို “VIP လမ်းကြောင်း” ဟု အလွယ်ခေါ်ဆိုကြသည့် အထူးလမ်းကြောင်းဖြင့် ဘတ်ရိုက်ပေးမည်ဆိုကာ မြန်မာပွဲစားအချို့က အလုပ်လုပ်ခွင့်လက်မှတ် အတုများ ထုတ်ပေးနေကြောင်း အကျိုးဆောင်များနှင့် အလုပ်သမားများထံမှ သိရသည်။ VIP လမ်းကြောင်းဆိုသည်မှာ ဘတ် (အလုပ်လုပ်ခွင့်လက်မှတ်-ပန်းရောင်ကတ်) ရိုက်ခွင့်ပိတ်သွားပြီးနောက်ပိုင်း မှ ရောက်လာသူများအတွက် ပွဲစားများက အထူးလမ်းကြောင်းဖြင့် ပန်းရောင်ကတ် ပြုလုပ်ပေးခြင်းဖြစ်သည်။ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမား အမျိုးသားတစ်ဦးက မြန်မာပွဲစားကို ၁၄၀၀၀ ဘတ် ပေး၍ VIP လမ်းကြောင်းအတိုင်း အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ခဲ့ကြောင်း အကျိုးဆောင်တစ်ဦးထံမှ သိရသည်။ ယင်းပွဲစားက ထိုအမျိုးသားကို ယာယီအလုပ်လုပ်ခွင့်လက်မှတ်စာရွက် (ဘိုင်အနုမတ်) ကို အခြားသူတစ်ဦး၏ နာမည်၊ မွေးသက္ကရာဇ်များဖြင့် အချက်အလက်များ အစားထိုး၍ ပေးအပ်လာခဲ့ကြောင်း သိရသည်။ ထိုအမျိုးသားသည် အမည်နှင့် မွေးသက္ကရာဇ်မတူသော အလုပ်လုပ်ခွင့်လက်မှတ်စာရွက်ဖြင့် သူကိုယ်တိုင်ပင် […]

တနင်္သာရီရှိ ကျေးရွာ ၁၀ ရွာခန့်ကို စစ်ကောင်စီက ဆန်၊ ဆီ၊ ဆေးဝါး သယ်ယူခွင့် လုံးဝပိတ်ပင်

Dawei Watch

March 20, 2024

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီမြို့နယ်အတွင်းရှိ ဘန်းလမွတ်ကျေးရွာအုပ်စုနှင့် ဇဝဲကျေးရွာအုပ်စုအတွင်းသို့ ဆန်၊ ဆီ၊ ဆေးဝါးနှင့် စက်သုံးဆီသယ်ဆောင်ခွင့်ကို မတ်လ ၁၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က လုံးဝကန့်သတ်ပိတ်ပင်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်လက မြို့နယ်အတွင်းရှိ မရင်းကြီးရွာနှင့် တကူကျေးရွာအုပ်စုဘက်ကို ပိတ်ထားခဲ့ရာမှ လက်ရှိတွင် ဘန်းလမွတ်နှင့်ဇဝဲကျေးရွာအုပ်စုများကိုပါ ရိက္ခာဖြတ်တောက်လာခြင်း ဖြစ်သည်။ ဘန်းလမွတ်ကျေးရွာအုပ်စုနှင့် ကဇဝဲကျေးရွာအုပ်စုတွင် ကျေးရွာ ၁၀ ရွာနီးပါးရှိပြီး အိမ်ထောင်စု ၁၀၈၇ ခုအထိရှိသည်။ အဆိုပါကျေးရွာအုပ်စုနှစ်ခုကို ဆန်၊စားသုံးဆီ၊ စက်သုံးဆီ စသည့် စားနပ်ရိက္ခာတင်ထားသည့် ကုန်တင်ကားများ ဝင်ခွင့်မပြုတော့သည့်အပြင် အခြားယာဉ်နှင့်ဒေသခံများကိုလည်း ပုံမှန်ထက် ပိုမိုစစ်ဆေးဖမ်းဆီးနေကြောင်း ဒေသခံများက ဆိုသည်။ “လမ်းက တစ်လမ်းပဲရှိတယ်။ အခုလိုပိတ်ဆို့တော့ ကျေးရွာထဲ စျေးလည်းအရမ်းကြီးလာပြီး ဆန်ဝယ်ရင် အကန့်အသတ်နဲ့ဝယ်နေရတယ်။ ဆေးဝါးလည်းပိတ်တဲ့အထဲ ပါနေတော့ ကျန်းမာရေးအတွက်ပါ အခက်အခဲ […]

ရထားလမ်းပိုင်း မိုင်းခွဲခံရပြီးနောက် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း

Dawei Watch

March 19, 2024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ကျောက်တင်ရထား မိုင်းခွဲခံရပြီးနောက် ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းလိုက်ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် ယမန်နေ့ နံနက်ပိုင်းက အမှတ် ၆၈၆ အစုန် ကျောက်တင်ရထား မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။ ရထားမိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ရထားတွဲဆိုင်း ၇ တွဲ လမ်းချော်တိမ်းမှောက်သွားခဲ့ပြီး ရထားလမ်းလည်း ပေ ၂၀ ခန့် ပျက်စီးသွားခဲ့သည်ဟု သိရသည်။ ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် ရထားခရီးစဥ်နှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၁ အဆန် ရထားခရီးစဥ်များကို မတ်လ ၁၉ ရက်နေ့မှစပြီး ယာယီဖျက်သိမ်းကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။ […]