တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
March 23, 2024ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံသားဥပဒေသစ်က ခွဲခြားနေကြောင်း မွတ်ဆလင်များဆို အိန္ဒိယနိုင်ငံရဲ့ ၂၀၁၉ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို အကောင်အထည်ဖော်မယ်လို့ အစိုးရက ကြေညာလိုက်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံမှာ ဆန့်ကျင်ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ နောက်လထဲကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင် ကြေညာလိုက်တာပါ။ CAA လို့ခေါ်တဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ ဘာသာရေးဖိနှိပ်မှုတွေကြောင့် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ အိန္ဒိယကို ၂၀၁၄ ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် ထွက်ပြေးဝင် ရောက်လာကြတဲ့လူတွေကို နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ပေးထားပါတယ်။ ဒါပေမဲ့ အစ္စလာမ်ဘာသာဝင်တွေကိုတော့ နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ပေးမထားပါဘူး။ ဒါကို အတိုက်အခံနိုင်ငံရေးပါတီတွေနဲ့ မွတ်ဆလင်လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေက ဒီလုပ်ရပ်ဟာ […]


