ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့ နှစ်ဆန်းတစ်ရက် ဘုရားသွားကျောင်းတက်မြင်ကွင်းများ

Dawei Watch

April 17, 2024

ထားဝယ်မြို့ ရွှေတောင်စားစေတီ ၊ လောကမာရဇိန်ဘုရားကြီး နှင့် ရှင်ကိုးရှင်စာရင်းဝင် ရှင်ပင်ခရုစေတီ ဘုရားတို့တွင် ဧပြီ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက် ဘုရားသွားကျောင်းတက် မြင်ကွင်းပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ အတာအိုးလာရောက်ပို့ဆောင်သူ ၊ ဘုရားဖူးလာရောက်သူများတွေ့ရပြီး စတုဒီသာလှူဒါန်းနေသူများကိုမူ မမြင်တွေ့ရပေ။ နှစ်ဆန်းတစ်ရက် နံနက်ပိုင်းထက် ညနေပိုင်းတွင် အတာအိုးလာရောက်ပို့ဆောင်သူပိုများနိုင်ကြောင်း ဘုရားဖူးလာသူများက ဆိုသည်။ ထားဝယ်ဒေသက ရပ်ကွက်နှင့် ကျေးရွာအချို့တွင် နှစ်ဆန်းတစ်ရက်ညနေပိုင်းအထိ အတာအိုးပို့ပြီး ပြန်လာသူများအား ရေပက်သည့် ဓလေ့ရှိသော်လည်း ကိုဗစ်နှင့်အာဏာသိမ်းပြီးနောက် ယင်းဓလေ့လည်း ပျောက်ကွယ်လုဆဲဆဲအခြေအနေတွင် ရှိသည်။

နှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီက အကျဉ်းသားသုံးထောင်ကျော် လွတ်ငြိမ်းခွင့်ပြု

Dawei Watch

April 17, 2024

ယနေ့ကျရောက်သည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် အကျဉ်းသား၊ အကျဉ်းသူ သုံးထောင်ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ ၃၃၀၃ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုလိုက်သည်။ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်လျှင် ယခုကျခံရန်ကျန်ရှိသည် ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် ကန့်သတ်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ယင်းအပြင် နိုင်ငံတစ်ဝန်းတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများကို ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။ ယင်းသို့ လွတ်ငြိမ်းခွင့်ပြုရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ၊ မတရားအသင်း များအက်ဥပဒေ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (စ) ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) […]

စစ်ကောင်စီ မဏ္ဍပ်ပဲရှိခဲ့တဲ့ ထားဝယ်သင်္ကြန်

Dawei Watch

April 16, 2024

ထားဝယ်က နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်မှာ ပုဂ္ဂလိကဖျော်ဖြေမဏ္ဍပ်တွေ မပါရှိဘဲ စစ်ကောင်စီ မဏ္ဍပ်တွေပဲ ရှိခဲ့ပါတယ်။ သင်္ကြန်အကြိုနေ့ကစ၍ သင်္ကြန်အတက်နေ့အထိ စစ်ကောင်စီက စီစဥ်ထားတဲ့ ဖျော်ဖြေရေးမဏ္ဍပ် သုံးခုနဲ့ ကျင်းပခဲ့တာပါ။ အဲဒီထဲက ဗဟိုမဏ္ဍပ်မှာပဲ လာရောက်ရေကစားသူတွေ များခဲ့ပါတယ်။ အခုနှစ်သင်္ကြန်မှာ စစ်ကောင်စီက မြို့နယ်အဆင့်ဖျော်ဖြေရေးမဏ္ဍပ်တွေကို တည်ဆောက်ခြင်း မပြုတော့ဘဲ ထားဝယ်မြို့ပေါ် ရှိတဲ့ တိုင်းရဲတပ်ဖွဲ့ရုံးအနီးမှာပဲ မဏ္ဍပ်တွေ ဆောက်လုပ်ခဲ့တာပါ။ စစ်ကောင်စီက သင်္ကြန်မတိုင်မီကတည်းက သင်္ကြန်စည်ကားစေဖို့အတွက် သင်္ကြန်လည်မယ့်သူတွေကို ငွေပေးငှားရမ်းတာတွေ လုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ထားဝယ်မြို့တွင်းမှာ ကလေးသင်္ကြန်ရက် ဧပြီ ၁၁ ရက်ကတည်းစ၍ ရေကစားသူတွေရှိခဲ့ပေမယ့် ကိုဗစ်မတိုင်မီ ကာလကဲ့သို့ စတုဒီသာမဏ္ဍပ်၊ ပုဂ္ဂလိကမဏ္ဍပ်နှင့် အုန်းလက်ရေကစားမဏ္ဍပ်တွေနဲ့ စည်စည်ကားကား ကျင်းပကြတာကိုတော့ မတွေ့ရတော့ ပါဘူး။ သင်္ကြန်ရက်တွေအတွင်းမှာဆိုရင် ထားဝယ်မြို့အဝင်ဂိတ်တွေအနီးမှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က […]

သင်္ကြန်အတက်နေ့ ကံပေါက်ဒေသ သင်္ကြန်မြင်ကွင်း

Dawei Watch

April 16, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည်။ သင်္ကြန်အကြိုနေ့ကစ၍ ရေကစားသူများရှိခဲ့ပြီး ဘေးတွဲဆိုင်ကယ်တွေနဲ့ သင်္ကြန်လည်ခဲ့သူတွေလည်း ရှိကြသည်။ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားခံရသည့် တစ်ခုတည်းသော ဒေသဖြစ်သဖြင့် ဘေးတွဲဆိုင်ကယ်များဖြင့် သင်္ကြန်လည်ရသည်မှာလည်း ကံပေါက်သင်္ကြန်၏ ထူးခြားချက်ဖြစ်သည်။ ကိုဗစ်ကာလနှင့် အာဏာသိမ်းကာလတွင် ကံပေါက်သင်္ကြန်၌ ဖျော်ဖြေရေးမဏ္ဍပ်နှင့် ဘုန်းကြီးကျောင်း၊ ရပ်ကွက်အုပ်စုအလိုက် ထွက်ကြသည့် မြေဝိုင်းဖျော်ဖြေရေးယဥ်ကျေးမှုလည်း ပျောက်ကွယ်သွားခဲ့သည်။ ယခုနှစ်သင်္ကြန်သည် ကံပေါက်ဒေသတွင် ကိုဗစ်ကာလနောက်ပိုင်း ရေကစားသူပြန်ရှိလာသည့် သင်္ကြန်ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ဆုန်ကရန် သွားလည်ပြီး ထမင်းမချက်ထားသည့်ကိစ္စ မြန်မာဇနီးမောင်နှံ အချင်းများရာမှ ဇနီးသည်ဓားထိုးခံရ

Dawei Watch

April 16, 2024

ထိုင်းနိုင်ငံ စမွတ်ပရကန်မြို့တွင် ခင်ပွန်းသည်မှာ ဆုန်ကရန် သွားလည်သော်လည်း ပြန်ရောက်ချိန်တွင် ထမင်း မချက် ထားသဖြင့် ဇနီးသည် အလုပ်မှ ပြန်လာချိန် အချင်းများကြပြီး ဓားထိုးမှုဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စကားများ ရန်ဖြစ်ကြသော ဇနီးမောင်နှံနှစ်ဦးစလုံးသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်။ ဆုန်ကရန်ပွဲတော်ဖြစ်သော်လည်း အလုပ်မနားရသော အမျိုးသမီးဖြစ်သူမှာ ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အခန်းသို့ ပြန်လည်ရောက်ရှိကြောင်း ဖော်ပြသည်။ ခင်ပွန်းသည်မှာ ဆုန်ကရမ်တွင် အပြင်ထွက် ရေကစားပျော်ပါးခဲ့သော်လည်း ထမင်းမချက်ထားသဖြင့် စကားများ ရန်ဖြစ်ကြကြောင်း ဆိုသည်။ အမျိုးသမီးဖြစ်သူက စိတ်ဆိုးပြီး အမျိုးသား၏ ဦးခေါင်းကို နံရံနှင့် ဆောင့်လိုက်သဖြင့် ခေါင်းကွဲသွားရာမှ အမျိုးသားဖြစ်သူက ဓားဖြင့် ပြန်ထိုးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ အလုပ်နားသဖြင့် အပြင်ထွက် […]

တနင်္သာရီတိုင်းတွင် နှစ်ဆန်းတစ်ရက်မှစပြီး ခုနစ်ရက်ကြာ မိုးရွာနိုင်ခြေရှိဟု မိုးဇလထုတ်ပြန်

Dawei Watch

April 16, 2024

မနက်ဖြန် ကျရောက်သည့် မြန်မာနှစ်ဆန်းတစ်ရက်မှစတင်ပြီး ခုနစ်ရက်ကြာ တနင်္သာရီတိုင်းတွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်နှင့် အရှေ့ဘက်မှ ရွေ့လျားလာသော တိမ်တိုက်များ‌ကြောင့် အပူပျံတက်တိမ် အားကောင်းခြင်းကြောင့် တိုင်းနှင့်ပြည်နယ်အားလုံးနီးပါးတွင် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုင်းနှင့် ပြည်နယ်များအနက် တနင်္သာရီတိုင်းတွင် ဧပြီလ ၁၇ ရက်မှ ၂၃ ရက်နေ့အထိ ခုနစ် ရက်ဆက်တိုက် နေရာကွက်ကြား မိုးရွာနိုင်ကြောင်း ထုန်ပြန်ချက်တွင်ဖော်ပြထားသည်။ တိုင်းအတွင်းရှိ ဒေသခံများမှာ ဧပြီလအတွင်း ရာသီဥတုအလွန်ပူပြင်းသဖြင့် မိုးကိုမျှော်လင့်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထားဝယ်မြို့တွင်မူ ရာသီဥတုပူပြင်းသည့်ကြားထဲ မကြာခဏ လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်နေသဖြင့် မြို့ခံတို့က ဝေဖန်နေကြသည်။

သင်္ကြန်တွင် ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

April 16, 2024

သင်္ကြန်ကာလ ဧပြီလ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများနှင့် လဝကများ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဧပြီလ ၁၄ ရက်က ရနောင်းခရိုင် ကပေးဒေသအတွင်းရှိ တောထဲတွင် ပုန်းနေပြီး ကားစောင့်နေသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၇ဦးတို့ကို ထိုင်းခြေမြန်တပ်ရင်း အမှတ် (၂၅) က ဖမ်းဆီးခဲ့သည်။ ဓါတ်ပုံများအရ ဖမ်းဆီးခံရသူများတွင် ကလေးငယ်များလည်း ပါဝင်နေသည်ကို တွေ့ရသည်။ ဧပြီလ ၁၁ ရက်ကလည်း ရနောင်းခရိုင် ကရဘူရီဒေသတွင် အိမ်စီးကားတစ်စီးပေါ်လိုက်ပါလာသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသားသုံးဦး၊ အမျိုးသမီးလေးဦး […]

ရိုးရာမပျက် တနင်္သာရီ ကျားအက

Dawei Watch

April 15, 2024

တနင်္သာရီမြို့တွင် သင်္ကြန်ကာလအတွင်း နှစ်စဥ်ပြုလုပ်လေ့ရှိသည့် ရိုးရာကျားအကပွဲကို ယခုနှစ်သင်္ကြန်အကျနေ့(ဧပြီ ၁၄)တွင်လည်း ပြုလုပ်ခဲ့ကြသည်။ ယခုနှစ်တွင် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်တို့ ပူးပေါင်းကာ တစ်ရက်တည်း ပြုလုပ်ခဲ့ကြောင်း မြို့ခံများထံကသိရသည်။ ပုံမှန်အားဖြင့် ကျားကပွဲကို သင်္ကြန်အကြိုနေ့တွင် ချောင်းကြီးရပ်ကွက်က စတင် ကျင်းပ၍ သင်္ကြန်အကျနေ့တွင် ချောင်းငယ်ရပ်ကွက်တွင် ကျင်းပလေ့ရှိသည်။