ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မှတ်ပုံတင်တွင် မွေးသက္ကရာဇ်ပြင်လိုက ဗဟိုရုံးချုပ်အထိတင်ပြရမည်

Dawei Watch

March 27, 2024

စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ကြေညာပြီးနောက် နိုင်ငံသားစိစစ်ရေးကတ် ခေါ် မှတ်ပုံတင်ကတ်တွင် မွေးသက္ကရာဇ် မှားယွင်းမှုပြင်ဆင်လိုပါက ဗဟိုရုံးချုပ်အဆင့်ထိ တင်ရမည်ဖြစ်ကြောင်း လဝက ဝန်ထမ်းများထံက သိရသည်။ စစ်မှုထမ်းရန် အသက်ပြည့်မီနေသူများနှင့်ပတ်သက်၍ ပြင်ဆင်မှုများရှိလာနိုင်သဖြင့် ဗဟိုရုံးချုပ်အထိ တင်ပြခိုင်းခြင်းဖြစ်ကြောင်း မတ်လ ၁၉ ရက်က စစ်ကောင်စီအာဘော် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကြေညာခဲ့သည်။ သို့သော် အမည်၊ အဘအမည် စသဖြင့် အခြားအချက်အလက် မှားယွင်းပြင်ဆင်မှုများကိုမူ မြို့နယ်အဆင့်ရုံးများတွင် ပြုလုပ်ပေးနေဆဲဖြစ်ကြောင်း လဝက ဝန်ထမ်းများထံမှ သိရသည်။ “မွေးသက္ကရာဇ်က မြို့နယ်က ပြင်ပေးလို့မရတော့ဘူး။ ကျန်တာအားလုံး လုပ်ပေးလို့ရတယ်။ ပုံမှန်ကတော့ သွေးနှောဖြစ်မှ ခရိုင်ရုံးအထိတင်ရတယ်။ ရိုးရိုးဆိုရင်တော့ မြို့နယ်မှာ အပြီးလုပ်လို့ရပါတယ်” ဟု အမည်မဖော်လိုသည့် ထားဝယ်မြို့နယ် က လဝက ဝန်ထမ်းတစ်ဦးက ပြောသည်။ စမတ်ကတ်ပြုလုပ်ရာတွင်လည်း လဝက၏ကွန်ပျူတာအချက်အလက်များ […]

ထားဝယ်က ဇမ္ဗူသီရိပရဟိတအဖွဲ့ရုံးကို စစ်ကောင်စီတပ် ဝင်စီး

Dawei Watch

March 26, 2024

ထားဝယ်မြို့အခြေစိုက် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ဖြစ်သည့် ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဉ်အသင်းရုံးခန်းကို ယနေ့ မတ်လ ၂၆ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့ အခွန်လွတ်ဈေးအရှေ့ရှိ ဇမ္ဗူသီရိရုံးခန်းကို မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်သားများ၊ နယ်မြေခံ ရဲများနှင့် ပျူစောထီးများ အပါအဝင် စစ်ကောင်စီဘက်တော်သား ၁၀၀ နီးပါးက ဝင်ရောက်စီးနင်းခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ဇမ္ဗူသီရိအဖွဲ့သားတစ်ဦးက ပြည်သူ့ကာကွယ်ရေးတပ်ထံ ဝင်ရောက်သွားပြီး လက်ရှိတွင် ထားဝယ်မြို့သို့ ရောက်ရှိနေသည် ဟုဆိုကာ လာရောက်ရှာဖွေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အဲဒီရုံးက ကောင်လေး PDF ထဲကို ဝင်တယ်လို့တော့ ပြောတာပဲ။ အခု ထားဝယ်ပြန်ရောက်နေတယ် သတင်းရလို့တဲ့”ဟု အထက်ပါမြို့ခံက ပြောသည်။ ထိုကဲ့သို့ လာရောက်စစ်ဆေးချိန်တွင် စစ်ကောင်စီတပ်သားများက ပရဟိတအဖွဲ့သားများကို နာရီပိုင်းအကြာ […]

ဇာဒီရွာက လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်က သေနတ်ပစ်ဖောက်သတိပေး

Dawei Watch

March 26, 2024

ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာရှိ လောင်းကစားဝိုင်းကို ယနေ့(မတ်၂၆) ညနေ ၃ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက သေနတ်ပစ်ဖောက် သတိပေးခဲ့ကြောင်း ရွာသားများကပြောသည်။ ဇာဒီရွာ၊ သီရီမင်္ဂလာဘုန်းကြီးကျောင်း တောင်ဘက်ရှိ ဆင်သတ်ခြံစုနှင့် ဆယ်အိမ်စုလမ်းတို့တွင် ရက်ရှည် ပြုလုပ်နေသည့် လောင်းကစားဝိုင်းများကို သတိပေးလိုက်ခြင်းဖြစ်သည်။ “သေနတ်သံကတော့ လေး၊ငါးချက်ကြားရတယ်။ (လောင်း)ကစားသမားတွေကတော့ပြေးကြတာပဲ ပစ္စည်းကျန်ခဲ့တဲ့သူတွေလည်းရှိတယ်” ဟု ဇာဒီရွာသားတစ်ဦးကပြောသည်။ လောင်းကစားဝိုင်း သေနတ်ပစ်ဖောက်သတိပေးခံရပြီးနောက် ဆိုင်ကယ်အချို့ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက သိမ်းဆည်းသွားကြောင်း၊ ညနေ ၅ နာရီခန့်တွင် ဆိုင်ကယ်ပိုင်ရှင်များကို နှုတ်ဖြင့်ခေါ်ယူသတိပေးပြီးနောက် ဆိုင်ကယ်များကို ပြန်ပေးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေး၍ ရပ်နားထားသည့် လောင်းကစားဝိုင်းများမှာ ရန်ပုံငွေရှာသည်ဟုဆိုကာ ကံပေါက်တိုက်နယ် အတွင်းရှိကျေးရွာအချို့တွင် ပြန်လည်ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။

ထိုင်းတောင်ပိုင်းမှ မေတ္တာရိပ်စာသင်ကျောင်း၏ သင်္ကြန်မြင်ကွင်း

Dawei Watch

March 26, 2024

ထိုင်းတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းတွင် ယနေ့(မတ် ၂၆) နေ့လယ်ပိုင်းက ကျင်းပခဲ့သည့် ကျောင်းတွင်းသင်္ကြန်မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ယင်းကျောင်းတွင် မူကြိုမှ အထက်တန်းအထိ ကျောင်းသူကျောင်းသား ၈၀၀ ကျော်ပညာသင်ကြားနေပြီး အများစုက ထားဝယ်ဒေသခံ ရွှေ့ပြောင်းကလေးများ ဖြစ်သည်။

ဘန်ကောက်တွင် မြန်မာလုပ်သားများ လုပ်အားခ မရသဖြင့်အမှုဖွင့်

Dawei Watch

March 26, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်သည့် မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၈ သိန်းကျော် မရသဖြင့် ယနေ့ မတ်လ ၂၆ ရက်နေ့တွင် အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံးသို့ တိုင်ကြား ကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။ ဘန်ကပီနယ်မြေရှိ ANDAMAN CONSTRUCTION တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၃ ဦးသည် လုပ်အားခ တစ်လစာနှင့်အချိန်ပိုကြေးများအတွက် လုပ်အားခ စုစုပေါင်း ဘတ် ၈ သိန်းကို ရရှိခြင်းမရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ လုပ်အားခတောင်းခံသည့်အချိန်တွင်လည်း အလုပ်ရှင်ဘက်က နေ့ရွှေ့ညရွှေ့ ရွှေ့ဆိုင်းနေခဲ့သဖြင့် တိုင်ကြားရခြင်းဖြစ်ကြောင်း အလုပ်သမားတစ်ဦးက ပြောဆိုသည်။ “အလုပ်လည်း ပေးမဆင်းတော့ဘူး။ လုပ်အားခလည်း မရှင်းပေးဘူး။ နောက်ပြီးတော့ ဘတ် (နေထိုင်လုပ်ကိုင်ခွင့်လက်မှတ်) […]

ဘင်္ဂလား‌ဒေ့ရှ်နယ်စပ် မောင်တောတွင် စစ်ကောင်စီတပ်သား ၉၀ကျော် လက်နက်ချ

Dawei Watch

March 26, 2024

ဘင်္ဂလား‌ဒေ့ရှ်-မြန်မာနယ်စပ်ရှိ မောင်တောမြို့နယ်၊ တမန်းသားကျေးရွာအနီး တောင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၉၀ ကျော် လက်နက်ချကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ြပချက်အရ သိရသည်။ တမန်းသားရွာက စစ်ကောင်စီစခန်းကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းမှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း AA က မတ်လ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။ စခန်းတွင် မထွက်ပြေးဘဲ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မတ်လ ၂၅ ရက်က လက်နက်ချခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ြပသည်။ စခန်းမှ ထွက်ပြေးသွားသူများအနက် ၃၀ နီးပါးကို ဖမ်းမိထားကြောင်းလည်း ဆိုသည်။ တမန်းသားရွာနှင့် ၉မိုင်ခန့်အကွာရှိ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကိုလည်းက AA […]

ထားဝယ်ထောင်တွင် အကျဉ်းသားတစ်ဦး ထောင်ပြင်ပတွင် ခေါ်ယူစစ်ဆေးခံရစဉ် ပစ်သတ်ခံရ

Dawei Watch

March 26, 2024

ထားဝယ်ထောင်တွင် အကျဉ်းချခံထားရသည့် အကျဉ်းသားတစ်ဦးကို ထောင်ပြင်ပခေါ် ထုတ်စစ်ဆေးစဉ် ထွက် ပြေးသည်ဟုဆိုကာ စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း အဆိုပါအကျဉ်းသားနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။ မတ်လ ၁၇ ရက်နေ့တွင် ထားဝယ်ထောင်၌ အကျဉ်းကျခံနေရသည့် ကိုဝင်းသီဟကို အကြမ်းဖက်မှု သက်သေခံ ပစ္စည်းများ ပြသခိုင်းရန်ဟုဆိုကာ စစ်ကောင်စီတာဝန်ရှိသူက ထောင်ပြင်ပသို့ ခေါ်ထုတ်စစ်ဆေးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယင်းသို့စစ်ဆေးစဉ် ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ထောင်တာဝန်ရှိသူများက မိသားစုကို မတ်လ ၂၃ရက် အကြောင်းကြားခဲ့ကြောင်း အကျဉ်းသားနှင့် နီးစပ်သူက ဆိုသည်။ “မိသားစုက အလောင်းတောင် မမြင်ရဘူးလို့သိရတယ်။ သိတဲ့အချိန်မှာ သင်္ဂြိုဟ် ပြီးနေပြီလို့သိရတယ်” ဟု ၎င်းနီးစပ်သူကပြောသည်။ ကိုဝင်းသီဟကို ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ က ထောင်ဝင်စာ […]

ကျိုက်ထိုတွင် ရဟန်းတစ်ပါးနှင့် ကဖီးဆိုင်ပိုင်ရှင် ပစ်ခတ်ခံရ၊ ရဟန်းပျံလွန်တော်မူ

Dawei Watch

March 26, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင်ကျောင်း (ဘောဂဝတီကျောင်း) က ရဟန်း တစ်ပါးနှင့် ကဖီးဆိုင်ပိုင်ရှင်တို့ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပစ်ခတ်ခံရပြီး ရဟန်းပျံလွန်တော်မူသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကျောက်ဖြူတောင်ကျောင်း (ဘောဂဝတီကျောင်း) က ရဟန်း ဥူးစန္ဒိမာနှင့် စစ်တော်ကဖီး ဆိုင်ပိုင်ရှင် ဦးတင်ငြိမ်း တို့သည် ကင်မွန်းချောင်းလမ်းမကြီးနှင့် ကင်မွန်းချောင်းနယ်မြေ ရဲစခန်းလမ်းဆုံရှိ စင်တော်ကဖီးဆိုင်ရှေ့တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဥူးစန္ဒိမာသည် အခင်းဖြစ်ပွားရာ နေရာတွင် ပျံလွန်တော်မူသွားပြီး ဦးတင်ငြိမ်းသည် ကျည်ရှပ်ထိမှန် ဒဏ်ရာရရှိသွားကြောင်း ကျိုက်ထိုဒေသခံတစ်ဦးက ဆိုသည်။ “ဘုန်းကြီး ဥူးစန္ဒိမာနဲ့ စစ်တော်ကဖီးဆိုင်ပိုင်ရှင် တင်ငြိမ်းတို့က စကစ သတင်းပေးတွေလို့ သတင်းထွက်နေတာ ပေါ့လေ။ အဲဒါကြောင့် […]