ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များ ပုံမှန်ပြန်ပြေးဆွဲ

Dawei Watch

March 26, 2024

မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် မီးရထားခရီးစဉ်များကို မတ်လ ၂၅ ရက်နေ့ကစပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေကြောင်း မော်လမြိုင်ဘူးတာကြီးထံမှ သိရသည်။ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် မတ်လ ၁၈ ရက် နံနက်ပိုင်းက ကျောက်တင်ရထား မိုင်းဆွဲခံရပြီး ရထားတွဲဆိုင်း ၇တွဲ လမ်းချော်တိမ်းမှောက်သွားခဲ့သလို ရထားလမ်း လည်း ပေ ၂၀ ခန့် ပျက်စီးခဲ့သည်။ ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် မော်လမြိုင်-ရန်ကုန် အစုန်ရထားခရီးစဉ်နှင့် ရန်ကုန်-မော်လမြိုင် အဆန် ရထားခရီးစဉ်များကို မတ်လ ၁၉ ရက်နေ့ကစပြီး ယာယီဖျက်သိမ်းခဲ့သည်။ ပျက်စီးသွားသည့် ရထားလမ်းပိုင်းကို မတ်လ ၂၃ ရက်နေ့က ပြန်လည်ပြင်ဆင်ပြီးဖြစ်သည့်အတွက် မတ်လ ၂၄ ရက်နေ့တွင် ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲရန် စီစဉ်ပြီးမှ လုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ ရထားခရီးစဉ်များ ကို […]

စစ်မှုထမ်းရန် အရွေးခံရသူ၏ မိသားစုကို ထောက်ပံ့ရန်ဆိုကာ ကျန်အိမ်ထောင်စုများထံမှ ငွေတောင်း

Dawei Watch

March 26, 2024

တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာအချို့တွင် စစ်မှုထမ်းရန် ရွေးချယ်ခံရသူ၏ မိသားစုကို ငွေကြေးထောက်ပံ့နိုင်ရန်အတွက် အခြားအိမ်ထောင်စုများက ငွေကြေးထည့်ဝင်ရမည်ဆိုကာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက အဓမ္မငွေတောင်းခံနေကြောင်းသိရသည်။ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင်လည်း စစ်မှုထမ်းရန် သင်တန်းသွားရောက်မည့်သူ၏ မိသားစုအတွက် ထောက်ပံ့စရိတ် ထည့်ဝင်ရကြောင်း မြို့ခံများကပြောသည်။ “(တစ်အိမ်)တစ်သောင်းစီထည့်ရတယ်။ အသက်ပြည့်တဲ့သားသမီးရှိတဲ့အိမ်ဆိုရင် သုံးသောင်းနဲ့အထက် ထည့်ရတယ် ၊ တစ်လတစ်ခါထည့်ရမှာလား ၊တစ်ခါတည်းအပြီးလားတော့ မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောပြသည်။ ကလိန်အောင်မြို့ ၊ အမှတ် ၃ ရပ်ကွက်တွင် စစ်မှုထမ်းကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်လုံးကျွတ် အစည်းအဝေး ကို မတ်လ ၁၆ ရက်က ကလိန်အောင်အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သော်လည်း အစည်းအဝေး တက်ရောက်သူမရှိသဖြင့် အစည်းအဝေးပျက်ခဲ့ကြောင်း မြို့ခံများထံကသိရသည်။ မတ်လ ၁၈ ရက် တွင် စစ်မှုထမ်းရန် အသက်ပြည့်မီသူရှိသည့် […]

စစ်ကောင်စီတပ်များ လက်နက်ချအညံ့ခံသဖြင့် ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

Dawei Watch

March 25, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းရှိ စစ်ကောင်စီတပ်များ လက်နက်ချအညံ့ခံလိုက်သဖြင့် ယနေ့ (မတ် ၂၅) မွန်းလွဲပိုင်းတွင် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်ကစပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲဒုတိယနေ့တွင် ရဲစခန်းရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့က လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ၊ စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟုလည်း တော်လှန်ရေးတပ်ဖွဲ့တို့က ပြောသည်။ လက်ရှိတွင် ကော့ဘိန်းနှင့် အနီးတဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများလည်း ဆက်လုပ်နေဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ရဲစခန်းကတော့ အသိမ်းခံလိုက်ရပြီ။ စခန်းက ပစ်နေတာမရှိတော့ပေမယ့် လေယာဉ်နဲ့ […]

လောင်းလုံးက ထွေအုပ်ဝန်ထမ်းနှစ်ဦးအား စစ်ဆေးပြီးပြန်လွှတ်မည်ဟု နွေဦးပြောက်ကျားတပ်ဖွဲ့ဆို

Dawei Watch

March 25, 2024

ဖမ်းဆီးထားသော လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းနှစ်ဦးကို စစ်ဆေးမေးမြန်းပြီးပါက ပြန်လွှတ်မည်ဖြစ်ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေးဖြစ်သူ ဒေါ်ငြိမ်းငြိမ်းသက်နှင့် ပြင်းထိန်‌ရွာ ရပ်/ကျေးစာရေးဒေါ်စောကြူတို့နှစ်ဦးအား နွေဦးပြောက်ကျားတပ်ဖွဲ့က မတ်လ ၂၃ ရက်တွင် ဖမ်းဆီးခဲ့သည်။ ဒေါ်ငြိမ်းငြိမ်းသက်သည် မြင့်မိုရ်လက်ခတ်တောင်ဘုန်းကြီးကားဖြင့် စီးနင်းလိုက်ပါလာသည်ကို သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် နွေဦးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။ ‌စစ်ဆေးချက်အရ ဒေါ်ငြိမ်းငြိမ်းသက်နှင့် ဒေါ်စောကြူမှာ ဖုန်းအဆက်အသွယ်ရှိနေသည်ကို သိရသဖြင့် ပြင်းထိန်ရွာသို့သွားပြီး ဒေါ်စောကြူအား နေအိမ်တွင်ဖမ်းဆီးလာခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ ထွေအုပ်ဝန်ထမ်းဖြစ်သူ ဒေါ်ငြိမ်းငြိမ်းသက်နှင့် ဒေါ်စောကြူတို့ကို စစ်မှုထမ်းကိစ္စနှင့် ပတ်သတ်ပြီး ပါဝင်ခဲ့ခြင်း ရှိ မရှိကို စစ်ဆေးရန် ဖမ်းဆီးခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။ လက်ရှိတွင်မူ ၎င်းတို့နှစ်ဦးအား အပြစ်ပေးအရေးယူရန် ခိုင်လုံသည့် အထောက်အထား […]

မန္တလေးမြို့လယ်တွင် KBZ ဘဏ် ဓားပြတိုက်ခံရ

Dawei Watch

March 25, 2024

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်အနီးရှိ KBZ ဘဏ်ခွဲ ယနေ့ မတ်လ ၂၅ရက် နံနက် ၁၁နာရီကျော်တွင် ဓားပြတိုက်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ၇၄ လမ်း၊ ၃၁- ၃၂ လမ်းကြာရှိ KBZ ဘဏ်ခွဲ ၄၆ ကို ဆိုင်ကယ်နှစ်စီးဖြင့် အမျိုးသားသုံးဦး လာရောက်ကာ ဓားပြတိုက်ခြင်း ဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။ အွန်လိုင်းပေါ် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းတွင် အမျိုးသားတစ်ဉီးက သေနတ် ချိန်ကာ ဘဏ်ထဲ ဝင်ရောက်လာပြီး နောက်တစ်ဉီးက ပုဆိန်ကိုင်ဆောင်ထားသည်။ ယင်းနောက် ဘဏ်ထဲရှိသူများကို ထောင့်တစ်နေရာတွင် စုခိုင်းကာ ဘဏ်ရှိ ငွေများကို ယူဆောင်သွားသည်ကို တွေ့ရသည်။ ဘဏ်က ငွေကျပ် သိန်းနှစ်ထောင်ကျော်ကို ယူဆောင်သွားကြောင်း ဒေသတွင်းနှင့် ပြည်တွင်းသတင်းများတွင် ဖော်ြပကြသည်။ ဓားပြတိုက်သူများ […]

ရေး-သံဖြူဇရပ်လမ်းပေါ် ခံသင်းတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

Dawei Watch

March 25, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်း စုံနံ့သာရွာနှင့် နှင်းစုံကျေးရွာကြား ခံသင်းတံတားရှိ စစ်ကောင်စီ တပ်ဖွဲ့ ယနေ့ နံနက် ၆ နာရီခန့်က တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ခံသင်းတံတားရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်တို့ကို တော်လှန်ရေး ပူးပေါင်း တပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ တစ်နာရီကျော်ကြာ ဖြစ်ပွားကြောင်း ‌ဒေသခံတို့က ဆိုသည်။ “မနက် ၆ နာရီလောက်က သေနတ်သံ စကြားတယ်။ ပစ်တာ တော်တော်ကြာတယ်။ တစ်နာရီလောက်ရှိမယ် ပစ်နေတာ။ လမ်းမှာဖြစ်နေတော့ ကားတွေလည်း မသွားရဲဘူး။ ဖြစ်တာက အဲဒီခံသင်းတံတားမှာဖြစ်တာ။ ထိတာ ဘာညာတော့ မသိဘူး” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။ ခံသင်းတံတားပစ်ခတ်မှုအတွင်း အနီးအနားရှိ […]

ဘင်္ဂလား‌ဒေ့ရှ်-မြန်မာနယ်စပ် မြို့နယ်နှစ်ခုတွင် AA စစ်ရေးအရှိန်မြှင့်

Dawei Watch

March 25, 2024

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းတို့ကို ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ တစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၂) တပ်ရင်းတစ်ခုလုံးကို သိမ်းယူနိုင်ရေး အတွက် ထိုးစစ်ကို အရှိန်အဟုန်မြှင့် တိုက်ခိုက်နေကြောင်း မတ်လ ၂၄ရက်က သတင်းထုတ်ပြန်ရာတွင် ဖော်ြပသည်။ မောင်တောမြို့နယ် ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကိုလည်း ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး တိုက်ခိုက်နေခဲ့သည်မှာ တစ်လနီးပါးခန့်ရှိပြီဖြစ်ကြောင်း ဆိုသည်။ ကြိမ်ချောင်းစခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရန် လွန်ခဲ့သည့် နှစ်ရက်က ထိုးစစ်အား အရှိန်အဟုန်မြှင့်တိုက်ခိုက်နေပြီး ကြိမ်ချောင်းစခန်းအား အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။ ကြိမ်ချောင်းစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကာလအတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင် စခန်းအား မတ်လ ၂၃ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် […]

မော်လမြိုင်-ရန်ကုန်ရထားလမ်း ပြင်ပြီးသော်လည်း လုံခြုံရေးကြောင့် ခရီးစဉ်များရပ်ဆိုင်းထား

Dawei Watch

March 25, 2024

သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီး မိုင်းဆွဲခံရပြီး ပျက်စီးသွားသည့် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း နေရာပြင်ဆင်ပြီးဖြစ် သော်လည်း လုံခြုံရေးအခြေအနေကြောင့် ရထားခရီးစဉ်များ ဆက်လက် ရပ်နားထားကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် မတ်လ ၁၈ ရက် နံနက်ပိုင်း က ကျောက်တင်ရထား မိုင်းခွဲခံရပြီး ရထားတွဲဆိုင်း ၇ တွဲ လမ်းချော်တိမ်းမှောက်သွားခဲ့သလို ရထားလမ်းလည်း ပေ ၂၀ ခန့် ပျက်စီးခဲ့သည်။ ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် မော်လမြိုင်-ရန်ကုန် အစုန်ရထားခရီးစဉ်နှင့် ရန်ကုန်-မော်လမြိုင် အဆန် ရထားခရီးစဉ်များကို မတ်လ ၁၉ ရက်နေ့ကစပြီး ယာယီဖျက်သိမ်းထားခဲ့ရသည်။ ပျက်စီးသွားသည့် ရထားလမ်းပိုင်းကို မတ်လ ၂၃ ရက်နေ့က ပြန်လည်ပြင်ဆင်ပြီးဖြစ်သည့်အတွက် မတ်လ ၂၄ ရက်နေ့တွင် ရထားခရီးစဉ်များ […]