ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်မှုထမ်းပထမအသုတ်တွင် တနင်္သာရီတိုင်းမှ ၂၆၀ ကျော်ပါမည်

Dawei Watch

March 28, 2024

စစ်ကောင်စီက အဓမ္မအကောင်အထည်ဖော်နေသည့် စစ်မှုထမ်းအစီအစဉ်၏ ပထမဆုံးအသုတ်တွင် တနင်္သာရီတိုင်းမှ ၂၆၀ ကျော်ပါဝင်မည်ဖြစ်ပြီး မြိတ်မြို့နယ်က အများဆုံးဖြစ်ကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံမှ သိရသည်။ စစ်မှုထမ်းမည့်သူ ၂၆၀ ကျော်တွင် မြိတ်မြို့နယ်က ၁၂၀ ဦးမှ ၁၅၀ ဦးကြား ပါဝင်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက Dawei Watch သို့ပြောဆိုသည်။ ယင်းစစ်မှုထမ်းမည့်သူများမှာ ကိုယ်တိုင်ဆန္ဒပြုထားသူများဖြစ်ဟုလည်း ၎င်းကဆိုသည်။ သို့သော် စစ်မှုထမ်းဆင့်ခေါ်မှုအပေါ် ပြည်သူများက လက်မခံသဖြင့် ကန့်ကွက်မှုများရှိနေသလို စစ်မှုထမ်းသက်မီသည့် လူငယ်များ လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်မှုများလာသဖြင့် စစ်ကောင်စီက ခရီးသွားမှုများကို နည်းလမ်းမျိုးစုံဖြင့် ကန့်သတ်ရသည်အထိ ဖြစ်နေသည်။ စစ်မှုထမ်းရန် စာရင်ပေါက်ထားသူများကို မတ်လကုန်ပိုင်းတွင် ထားဝယ်နှင့် မြိတ်ရှိ စစ်ကောင်စီ၏ တပ်မတော်ဆေးရုံများတွင် ဆေးစစ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။ […]

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကွဲပြီး ဓမ္မသရွာတွင် နေအိမ် ၃၀၀ ခန့် မီးလောင်ပြာကျ

Dawei Watch

March 28, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာတွင် ဂျိုးမြစ်အတွင်းရှိ စစ်ကောင်စီရေတပ်စစ်သင်္ဘောက ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အလုံး ၃၀၀ ခန့် မီးလောင်ပြာကျသွားကြောင်း ဒေသခံတို့က ပြောသည်။ စစ်သင်္ဘောက မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဓမ္မသရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး မီးစတင်လောင်ကျွမ်းကြောင်း ဒေသခံတို့က ဆိုသည်။ မီးသည် ည ၈ နာရီဝန်းကျင်အထိ လောင်ကျွမ်းခဲ့ပြီး နေအိမ်အလုံး ၃၀၀ ခန့် မီးလောင်ပြာကျသွားကြောင်း ၎င်းတို့က ပြောဆိုသည်။ ကော့ဘိန်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရသည့် မတ်လ ၂၄ ရက်နေ့ကစပြီး ဓမ္မသရွာက ဒေသခံပြည်သူအများစုက ရွာနီးတစ်ဝိုက်ရှိ တောတောင်နှင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ရွာတွင် အိမ်စောင့်သည့် လူအနည်းငယ်သာ […]

MNDAA နှင့် တိုက်ပွဲ တွေ့ဆုံဆွေးနွေးမှုဖြင့်ဖြေရှင်းမည်ဟု SSPP ပြော

Dawei Watch

March 28, 2024

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်တွင် ကိုးကန့်တပ် MNDAA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ ကြား ဖြစ်ပွားသည့် တိုက်ပွဲကို တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းမည်ဖြစ်ကြောင်း SSPP/SSA က ထုတ်ပြန်သည်။ သိန္နီမြို့နယ် နမ့်စလပ်နှင့် စယ်အူကျေးရွာအုပ်စုအတွင်း လုပ်ရှားနေသည့် SSPP စစ်ကြောင်းများကို မတ်လ ၂၆ ရက် ညနေပိုင်းတွင် ကိုးကန့်တပ်က ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ပြီးနောက် နောက်တစ်ရက်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း ဖော်ပြသည်။ မတ်လ ၂၇ ရက်နံနက်တွင် စယ်အူကျေးရွာအုပ်စု ပန်နားကျေးရွာအနီးရှိ လယ်ကွက်ထဲမှ ကိုးကန့်တပ်ဖွဲ့ အင်အား ၂၀၀ ခန့်က ယင်းအနီးနားရှိ SSPP ၏အထူးတပ်စခန်း တစ်နေရာကို တိုက်ခိုက်ရေးဒရုန်းဖြင့် အကြိမ်ပေါင်း ၅၀ ကျော် ဗုံးကြဲတိုက်ခိုက် ကြောင်း ဆိုသည်။ ယင်းသို့တိုက်ခိုက်ပြီးနောက် […]

ဆီဆိုင်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ မြို့တွင်းသို့ မဝင်ကြရန် PNLA ပြော

Dawei Watch

March 27, 2024

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် ယနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ မြို့တွင်းသို့ မဝင်ကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်က မြို့တွင်းသို့ တင့်ကားများအသုံးပြုကာ ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်နေခြင်းကြောင့် အိုးအိမ်များ ပျက်စီးကြောင်း ယနေ့ မတ်လ ၂၇ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့အတွင်းသို့ ပြည်သူအချို့ အရဲစွန့်ကာ ဝင်ရောက်ရန် ကြိုးစားသဖြင့် စစ်ကောင်စီတပ်နှင့် အပေါင်းအပါများ၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ထိခိုက်သေဆုံးခြင်း၊ အဆက်အသွယ် ပြတ်တောက်ပျောက်ဆုံးခြင်းတို့ ရှိနေကြောင်း ဆိုသည်။ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းသို့ အရဲစွန့်ကာ ဝင်ရောက်ခြင်း လုံးဝ မလုပ်သင့်ကြောင်း PNLA က တိုက်တွန်းထားသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်များတွင် ဇန်နဝါရီလ […]

ထိုင်းတွင် ခရိုင် ၁၀ ခုရှိ ခရီးသွားနေရာများတွင် အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ အထိ တိုးမြှင့်မည်

Dawei Watch

March 27, 2024

ထိုင်းနိုင်ငံတွင် ခရိုင် ၁၀ ခုရှိ ခရီးသွားနေရာများတွင် လာမည့် ဧပြီလ တတိယအပတ်မှစ၍ တစ်ရက် အနိမ့်ဆုံး‌ အခြေခံလုပ်အားခ ဘတ် ၄၀၀ အထိ စတင်တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်းအစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများပါဝင်သော သုံးပွင့်ဆိုင်ကော်မတီ၏ မတ်လ ၂၆ ရက်နေ့ အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများတွင် ကနဦး စတင်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန အတွင်းရေးမှူးလည်းဖြစ်၊ သုံးပွင့်ဆိုင်ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ Mr. Pairoj Chotikasathien က ပြောသည်။ ခရီးသွားဒေသများဖြစ်သည့် ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်ခရိုင်တစ်ခုလုံး၊ ကရဘီ၊ စွန်ခရာ၊ စူရတ်ဌာနီ၊ ဖန်င၊ ချွန်ဘူရီ၊ ပရကျွတ်ခီရီခန်နှင့် ရယွန်ခရိုင်များတွင် သတ်မှတ်ထားသော နေရာအများစုရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် […]

ကော့သောင်းတွင် ဇနီးမောင်နှံ ရန်ဖြစ်ရာမှဓားထိုးမှုဖြစ်ပြီး ဇနီးဖြစ်သူသေဆုံး

Dawei Watch

March 27, 2024

ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ ၃၁ မိုင်တွင် မတ်လ ၂၆ ရက် မွန်းလွဲပိုင်းက ဇနီးမောင်နှံနှစ်ဦး ရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွာပြီး အသက် ၄၀ ကျော်အရွယ်ရှိ ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ ဆွေမျိုးတော်စပ်သူ၏ အသုဘအိမ်တွင် ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့်ထိုးခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “မိန်းမဖြစ်သူက အသုဘ စဖြစ်ကတည်းက အသုဘအိမ်မှာပဲ နေတာတဲ့။ (ရန်) မဖြစ်ခင်ညမှာ သူ့ယောက်ျား လိုက်လာအိပ်ပြီး မနက်မိုးလင်းတော့ ရန်ဖြစ်ကြတယ်လို့ သိရတယ်” ဟု အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။ သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို ယင်းနေ့ ညနေပိုင်းတွင်ပင် ကော့သောင်းမြို့ ၂မိုင်ဆေးရုံသို့ ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့က ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ […]

မိတ္ထီလာတွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း ပျက်ကျ

Dawei Watch

March 27, 2024

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် စစ်ကောင်စီတပ်က လေ့ကျင့်ပျံသန်းရေး ရဟတ်ယာဉ်တစ်စင်း မတ်လ ၂၆ ရက်က စက်ချို့ယွင်းကာ ပျက်ကျခဲ့သည်။ စစ်ကောင်စီက ၇၉ နှစ်မြောက် တပ်မတော်နေ့ မကျင်းပမီ တစ်ရက်အလိုတွင် ပျက်ကျခြင်းလည်း ဖြစ်သည်။ စစ်ကောင်စီက ယနေ့ မတ်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်ရာ၌ ပျက်ကျသည်ဟု မသုံးနှုန်းပဲ အရေးပေါ်ဆင်းသက်ရပြီး ရဟတ်ယာဉ် ပျက်စီးမှုရှိသည်ဟုသာ ဖော်ပြသည်။ ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတစ်ဉီး လေ့ကျင့်ပျံသန်းစဉ် ပြည်သာယာအနီးသို့ အရောက်တွင် ရဟတ်ယာဉ်ငယ်မှာ ရုတ်တရက် စက်ချို့ယွင်းကာ အရေးပေါ်ဆင်းသက်ရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားမှာ ထိခိုက်ဒဏ်ရာ မရဟုဆိုပြီး ရဟတ်ယာဉ်ကို သက်ဆိုင်ရာ တပ်ဌာနချုပ် ဆယ်တင်ဆောင်ရွက်ပြီးဖြစ်ကြောင်းလည်း ဖော်ပြသည်။ ပြည်တွင်းသတင်းအချို့တွင် အဆိုပါရဟတ်ယာဉ်သည် ရှမ်းတဲရွာအနီး မဟူရာသုသာန်ထဲသို့ ပျက်ကျခြင်း […]

ဘူးသီးတောင်အခြေစိုက်တပ်ရင်းကို AA သိမ်းယူ၊ လက်နက်ချသည့် စစ်ကောင်စီတပ်သား ထောင်ချီရှိပြီဟုဆို

Dawei Watch

March 27, 2024

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကို တစ်လကျော်ကြာ တိုက်ခိုက်ပြီးနောက်တွင် သိမ်းယူနိုင်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ခြေမြန်တပ်ရင်း ၅၅၂ ကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၃၂ ရက်အကြာ မတ်လ ၂၅ ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ စစ်ကောင်စီဘက်က ကြည်း၊ လေ အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သော်လည်း သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများလည်း ရရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။ ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း လိုက်လံဖမ်းဆီးနေသည်ဟုဆိုသည်။ လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ရခိုင်နှင့် ပလက်ဝ ဒေသတို့က လက်နက်ချသည့် […]