ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးတွင် ယနေ့မနက် ပေါက်ကွဲ၊ ပစ်ခတ်မှုဖြစ်

Dawei Watch

March 29, 2024

လောင်းလုံးမြို့နယ်၊သာယာကုန်းကျေးရွာအနီးတွင် ယနေ့(မတ် ၂၉) မနက်က ပေါက်ကွဲပစ်ခတ်မှု မိနစ်အနည်းငယ်ခန့် ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ လောင်းလုံးထားဝယ် လမ်းမကြီးပေါ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်ခန့်က မြေတင်ကားတစ်စီး မောင်းနှင်လာစဉ် သာယာကုန်းကျေးရွာအကျော်၌ ပေါက်ကွဲပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ ” အရင်က အလောင်းတွေ့တဲ့နေရာ ပေါက်ကွဲသံတစ်ချက်ကြားပြီးတာနဲ့ မြေတင်ကားတစ်စီး ဖြတ်သွားတာတွေရတယ်။ ကားပေါ်ကလည်း လက်နက်ငယ်နဲ့ ပြန်ပစ်တာ ကြားလိုက်ရတယ်”ဟု ဒေသခံကပြောသည်။ ‌အဆိုပါမိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် ကားမှာ လောင်းလုံးမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးလိုက်ပါလာသည့်ကားနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးလိုက်ပါသည့် ကားဖြစ်ကြောင်း လောင်းလုံးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “လောင်းလုံးစခန်းမှူးကားနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ကားပါ “ဟု ၎င်းတပ်ဖွဲ့ဝင်ကပြောသည်။ ပေါက်ကွဲပစ်ခတ်မှုဖြစ်ပြီးနောက် အဆိုပါမြေတင်ကားမှာ ထားဝယ်မြို့ဘက် ဆက်လက်ထွက်ခွာသွားသည်ဟုဆိုသည်။ ပေါက်ကွဲပစ်ခတ်မှုကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမူ အသေးစိတ်မသိရသေးပေ။

သရက်ချောင်းမြို့နယ် NLD အမတ်ဟောင်း ဦးဝေဝေလွင်ကို ထောင်သုံးနှစ်ချ

Dawei Watch

March 29, 2024

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် NLD လွှတ်တော်အမတ်ဟောင်း တစ်ဦးဖြစ်သည့် ဦးဝေဝေလွင်ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ်ချလိုက်သည်။ ဖေဖော်ဝါရီလအကုန် မတ်လဆန်းပိုင်းတွင် ဦးဝေဝေလွင်ကို ထောင်ဒဏ်သုံးနှစ် ချလိုက်ခြင်းဖြစ်ကြောင်း သိရသော်လည်း မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုခဲ့သည်ကိုမူ အတိအကျမသိရပေ။ ဦးဝေ‌ဝေလွင်မှာ သရက်ချောင်းမြို့နယ် ကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည်။ ၂၀၁၅ ခုနစ်ရွေးကောက်ပွဲအနိုင်ရ ဦးဝေဝေလွင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ပါဝင်အရွေးခံခြင်းမရှိတော့ဘဲ မိသားစုနှင့်အတူ ထားဝယ်မြို့တွင်နေထိုင်လျက်ရှိသည်။ ၂၀၂၄ ဖေဖော်ဝါရီလ အစောပိုင်းတွင် ဦးဝေဝေလွင်သည် ထားဝယ်မြို့ရှိ နိုင်ငံကူးလက်မှတ်ရုံးတွင် နိုင်ငံကူးလက်မှတ် သွားရောက်လျှောက်ထားခဲ့ကြောင်း နီးစပ်သူတို့ကဆိုသည်။ နိုင်ငံကူးလက်မှတ် လျှောက်ထားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဦးဝေဝေလွင်ကို နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “သူ့ကို( ဦးဝေဝေလွင်ကို) က ၂၀၂၁၊ ၂၀၂၂ ခုနစ်ကတည်းက အမှုဖွင့်ထားတယ်ဆိုပြီးပြောတယ်။ ဖမ်းခံရပြီးမှ အဲဒါတွေပြောတာ” […]

ထားဝယ်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကွယ်လွန်

Dawei Watch

March 29, 2024

ထားဝယ်နာရေးကူညီမှုအသင်း၏ဥက္ကဋ္ဌဖြစ်သူ ဦးအောင်စိန်သည် ယနေ့ မတ်လ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားကြောင်း ထားဝယ်နာရေးကူညီမှုအသင်းထံမှသိရသည်။ အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။ ဦးအောင်စိန်သည် ထားဝယ်နာရေးကူညီမှုအသင်း၏ ဥက္ကဋ္ဌတာဝန်ကို ဆယ်နှစ်ထက်မနည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထားဝယ် နာရေးကူညီမှုအသင်း၏အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးက ပြောသည်။ “ဆီဆုံဆရာတော်လွန်ပြီးတဲ့နောက်မှာ အသင်းပြန်ဖွဲ့စည်းချိန်ကစပြီး ဦးအောင်စိန်က ဥက္ကဋ္ဌ တာဝန်နဲ့ ပါဝင်ဆောင်ရွက်ပေးခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။ ဦးအောင်စိန်၏ရုပ်အလောင်းကို ထားဝယ်မြို့ အိမ်ရှေ့ပြင်လမ်းဆုံ၊ အမှတ် ၆၅၃ နေအိမ်တွင် ထားရှိမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့ တနင်္လာနေ့တွင် ထားဝယ်မြို့နယ် ဇဟာကျေးရွာရှိ ဘာသာပေါင်းစုံသုဿာန်၌ သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

သံဖြူဇရပ်တွင် လူငယ် ၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

Dawei Watch

March 29, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာမှ လူငယ် ၇ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က သံဖြူဇရပ်မြို့နယ်၊ ဝါခရုကျေးရွာနေ အသက် ၂၀ အရွယ် မောင်ခန့်မင်းသူကို PDF အတွက် အလှူခံပြီး လစဉ်ထောက်ပံ့နေသည်ဆိုကာ စစ်ကောင်စီတပ်ဖွဲ့တို့က နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့သည်။ ယင်းနောက် မောင်ခန့်မင်းထံ အလှူငွေများ ထည့်ဝင်ခဲ့၍ဟုဆိုကာ မတ် ၂၇ ရက်နေ့ ညက စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝါခရုကျေးရွာအလယ်ပိုင်းနေ လူငယ် ၅ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။ ယင်းနောက် သံဖြူဇရပ်မြို့ခံတစ်ဦးကိုလည်း မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ “တစ်ယောက်ကို ဖမ်းမိရာကနေ ဆက်စပ်တဲ့လူကို ထပ်ဖမ်းတာ။ […]

စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ပစ်ခတ်မှုကြောင့် ဂျိုင်းမြစ်ဒေသက ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးရ

Dawei Watch

March 29, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် မွန်-ကရင်အစပ် ဂျိုင်းမြစ်ဒေသတွင် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေဖြင့် တိုက်ခိုက် နေခြင်းကြောင့် ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးနေရပြီး အတိဒုက္ခရောက်နေကြရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ထုတ်ပြန်သည်။ ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးရှို့ခဲ့ခြင်းကြောင့် မတ်လ ၂၇ ရက် နေ့က ကျိုက်မရော မြို့နယ်၊ ဓမ္မသကျေးရွာတွင် လူနေအိမ် ၃၀၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း ဖော်ပြသည်။ ကော့ဘိန်းနယ်မြေရဲစခန်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကော့ဘိန်းကျေးရွာနှင့် အနီးနားတဝိုက်ရှိ ကော့ပေါက်၊ ဓမ္မသ၊ တရနာကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် နေ့ရော၊ ညပါ ဆက်တိုက်ပစ်ခတ်နေသည့်အပြင် ရေတပ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။ ထိုသို့ စစ်ကောင်စီမှ […]

မန္တလေးတွင် ရွှေပန်းတိမ်ဆိုင်ကို ရဲယူနီဖောင်းဝတ်သူအပါအဝင် လူလေးဦး ဓားပြတိုက်

Dawei Watch

March 29, 2024

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ရွှေပန်းတိမ်ဆိုင်တစ်ခုကို ရဲယူနီဖောင်းဝတ်ထားသူတစ်ဦးအပါအဝင် အမျိုးသားလေးဦး ဝင်ရောက်ဓားပြတိုက်ကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရဲယူနီဖောင်းဝတ်ထားသူတစ်ဦးနှင့် သေနတ်ကိုင်ဆောင်ထားသူ နှစ်ဦး ပါဝင်သည့် အဆိုလူတစ်စုသည် မတ်လ ၂၈ ရက် ညနေပိုင်းက အိမ်စီးကားဖြင့်လာရောက်ကာ သီရိမာလာအရှေ့ရပ်ကွက်က လင်းလက်ဝါ ရွှေပန်းတိမ်ကို ဓားပြတိုက်ခြင်း ဖြစ်ကြောင်း မြို့ခံတို့နှင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းတို့ အရသိရသည်။ ရွှေထည်ပစ္စည်းများကို ယူဆောင်သွားပြီး တန်ဖိုးမည်မျှပမာဏ ယူဆောင်သွားသည်ကိုမူ မသိရသေးပေ။ ယခု ဓားပြမှုမှာ မန္တလေးမြို့တွင် ဒုတိယအကြိမ်မြောက်ဖြစ်သည်။ မတ်လ ၂၅ ရက်ကလည်း ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်အနီးရှိ KBZ ဘဏ်ခွဲကို အမျိုးသားသုံးဦး ဆိုင်ကယ်ဖြင့်လာရောက်ကာ ဓားပြတိုက်ပြီး ငွေကျပ် သိန်းနှစ်ထောင်ကျော် ယူဆောင်သွားခဲ့သေးသည်။

တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျွန်းစုတွင် တစ်ရက်အတွင်း တိုက်ပွဲလေးကြိမ်ဖော်ဆောင်

Dawei Watch

March 29, 2024

တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျွန်းစုမြို့နယ်တွင် တစ်ရက်အတွင်း တိုက်ပွဲလေးကြိမ်ဖော်ဆောင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ မြို့နယ်အတွင်းရှိ ပဲ့တိုင်ရွာ၊ ယမုံနာရွာနှင့် ယမုံမြစ်ဝရှိ စစ်ကောင်စီတပ်သားများကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၆ရက်ညတွင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်က ပျူစောထီးတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အဆိုပါ ဒဏ်ရာရခဲ့သူ ၃ ဦးလည်း လမ်းခရီးတွင်သေဆုံးသွားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ “တစ်နာရီနီးပါး အပြန်အလှန်ပစ်ခတ်တာမျိုးရှိသလို ယမုံရွာတိုက်ပွဲဆို လေးဆယ့်ငါးမိနစ် ကြာသွားတယ်။ ကျွန်တော်တို့ဘက် ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ […]

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတွင် တိုက်ပွဲဖြစ်

Dawei Watch

March 29, 2024

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်အထိအခိုက်ရှိကြောင်း AA က ထုတ်ပြန်သည်။ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ ၁၄၀၀ ခန့်အကွာတွင် စကခ (၅) လက်အောက်ခံ ခမရ (၃၄၆) နှင့် အခြား တပ်များမှ စုပေါင်းထားသောစစ်ကြောင်းနှင့် AA တို့ မတ်လ ၂၆ ရက်က နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြသည်။ စစ်ကောင်စီက ဒရုန်း၊ လေကြောင်းပစ်ကူနှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက်ခဲ့ကြောင်း AA က ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရပြီး AA ဘက်ကမူ တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာအနည်းငယ် ရရှိကြောင်း ဆိုသည်။ တိုက်ပွဲအတွင်း […]