ထားဝယ်ထောင်တွင် အကျဥ်းသားတစ်ဦး သစ်ပင်ပေါ်ကပြုတ်ကျပြီးခြေကျိုး
Dawei Watch
March 28, 2024ထားဝယ်အကျဉ်းထောင်တွင် အသက် ၃၀ ဝန်းကျင်အရွယ် အကျဥ်းသားတစ်ဦး သစ်ပင်ပေါ်ကပြုတ်ကျပြီး ခြေထောက်ကျိုးသွားကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူတို့က ပြောသည်။ မတ်လ ၂၂ ရက်တွင် ထောင်အာဏာပိုင်များက သစ်ပင်အကိုင်းခုတ်ခိုင်းသဖြင့် တက်ခုတ်ရာမှ ပြုတ်ကျခြင်းဖြစ်ပြီး ၎င်းကို ထားဝယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေရကြောင်း ကာယကံရှင်မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ သစ်ပင်ပေါ်က ပြုတ်ကျသည့်အကျဥ်းသားသည် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သူခိုးလက်ခံအမှုဖြင့် ထောင်ကျနေသူ ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။ “ခြေထောက်တစ်ဘက်က ဒူးအောက်ကနေ ခြေဖဝါးအထိ ကျိုးသွားတာ၊ ကျောက်ပတ်တီး စည်းထားရတယ်။ ရေသဖန်းပင် အကိုင်းခုတ်ခိုင်းရင်း ပြုတ်ကျတယ်” ဟု ကာယကံရှင်မိသားစု၏ ပြောပြချက်ကို ကိုးကား၍ နီးစပ်သူတစ်ဦးက ပြောသည်။ မတ်လ၂၈ ရက်အထိ ထားဝယ်ဆေးရုံ တွင်ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး မိသားစုနှင့် တွေ့ခွင့်ရကြောင်း ၎င်းက […]


