ပြစ်မှုကျူးလွန်ခြင်းကြောင့် MNDAA က တပ်ဖွဲ့ဝင်အချို့ကို လူထုရှေ့တွင် သေဒဏ်ချ
Dawei Watch
April 25, 2024လောက်ကိုင်မြို့ကို ထိန်းချုပ်ပြီးနောက် ကိုးကန့်တပ် MNDAA က ပြည်သူလူထုရှေ့တွင် ၎င်းတို့ တပ်ဖွဲ့ဝင်အချို့ကို သေဒဏ်စီရင်ချက် ချလိုက်ကြောင်း MNDAA က ထုတ်ပြန်သည်။ MNDAA က ခရိုင် အတွင်းရေးမှူး၊ ဒုတပ်ရင်းမှူးနှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦးကို အများပြည်သူရှေ့မှောက်တွင် ဧပြီလ ၂၄ ရက်တွင် ပြစ်ဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။ ၁၀ ဦးအနက် သုံးဦးကို သေဒဏ်ချမှတ်ပြီး ကျန်ခုနစ်ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ တရားစီရင်ရာသို့ MNDAA တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ အပါအဝင် လူတစ်သောင်းကျော် လာရောက်ကြသည်ဟုလည်း MNDAA က ထုတ်ပြန်သည်။ အာဏာအလွဲသုံးစားလုပ်မှု၊ ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှု၊ ငွေညှစ်မှု၊ လူကုန်ကူးမှု၊ လက်အောက်ငယ်သားကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု၊ စစ်လက်နက်များကို ခိုးရောင်းမှု စသည့် […]


