ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်းကကျောင်းသားများ တက္ကသိုလ်ဝင်တန်း အထူးစာမေးပွဲ ဖြေဆိုခွင့်မရ

Dawei Watch

April 4, 2024

စစ်ကောင်စီက ကျင်းပမည့် တက္ကသိုလ်ဝင်တန်း အထူးစာမေးပွဲ ဖြေဆိုရမည့်အထဲတွင် တနင်္သာရီတိုင်းရှိ တက္ကသိုလ်ဝင်တန်းကျောင်းသားများ ပါဝင်ခြင်းမရှိကြောင်း တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးကပြောသည်။ မတ်လ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားပြီးဖြစ်သော်လည်း တ လုံခြုံရေးအခြေအနေကြောင့် ဖြေဆိုခွင့်မရသူများကို စစ်ကောင်စီက အထူးစာမေးပွဲ ထပ်မံကျင်းပပေးခြင်းဖြစ်သည်။ တနင်္သာရီတိုင်းတွင်လည်း စာမေးပွဲဖြေဆိုရန် စာရင်းပေးထားပြီးနောက် လာရောက်မဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး ၁၄၀ ခန့်ရှိကြောင်း တိုင်းပညာရေးမှူးရုံးစာရင်းအရ သိရသည်။ သို့သော် တနင်္သာရီတိုင်းမှာ အထူးစာမေးပွဲ ဖြေဆိုခွင့်ပြုသည့် တိုင်းနှင့်ပြည်နယ်များအထဲတွင် မပါဝင်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “စစ်ကိုင်းတို့၊ ရခိုင်တို့ဖက်ကလို စစ်ဖြစ်နေတဲ့နေရာတွေက ကလေးတွေပေါ့။ အဲထဲမှာတော့ တို့တိုင်း( တနင်္သာရီတိုင်း) ကမပါဘူး” ဟု ၎င်းတာဝန်ရှိသူကဆိုသည်။ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည့် […]

ထိုင်း ကော့တောင်ကျွန်းသွားသော ခရီးသွားလှေမီးလောင်၊ ၄ ဦးဒဏ်ရာရ

Dawei Watch

April 4, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းသို့ သွားသော ညအိပ်ခရီးသွားလှေတစ်စီး ယနေ့ နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ နံနက် ၆ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ကော့တောင်ကျွန်းနှင့် ၃ ကီလိုမီတာခန့်အကွာတွင် မီးလောင်ခဲ့ခြင်းဖြစ်သည်။ ညအိပ်လှေပေါ်တွင် ခရီးသည်နှင့်ဝန်ထမ်း ၁၀၈ ဦး လိုက်ပါလာခဲ့ကြပြီး မီးလောင်မှုကြောင့် ၄ ဦး ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။ မီးလောင်သည့်လှေပေါ်မှ ခရီးသည်များကို ကူညီပေးရန် ကော့တောင်နှင့် ကော့ဖငန်းကျွန်းက ရဲတပ်ဖွဲ့များကို စေလွှတ်ထားကြောင်း အာဏာပိုင်များက ဆိုသည်။ လက်ရှိတွင် မီးလောင်ရသော အကြောင်းအရင်းနှင့် ပျက်စီးမှုများကို စုံစမ်းနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောဆိုထားသည်။ ကော့တောင်ကျွန်းသည် ထိုင်းတောင်ပိုင်း ကော့စမွေ၊ ကော့ဖငန်းကျွန်းများဘေးတွင် ရှိသော ခရီးသွားကျွန်းဖြစ်ပြီး ညအိပ်လှေများဖြင့် သွားလာရသည်။ Ref: Khaosod English

ပုလောက စစ်ကောင်စီခြေလျင်တပ်ရင်းကို PRDFက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

Dawei Watch

April 4, 2024

ပုလောမြို့နယ်ရှိ စစ်ကောင်စီ အမှတ် ၂၈၅ ခြေလျင်တပ်ရင်းကို ဒရုန်းဖြင့်ဗုံး သုံးလုံးကြဲချတိုက်ခိုက်ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF) ထံမှ သိရသည်။ ယနေ့ ဧပြီလ ၃ရက်က ပုလောမြို့နယ်ထဲရှိ စစ်ကောင်စီတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ရာတပ်ရင်းအတွင်းရှိ စစ်ဆေးရုံနှင့် လက်နက်ကြီးကွင်းအတွင်းသို့ ကျရောက်ပေါက်ကွဲကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ ထိုသို့ တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိနိုင်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်ကမူ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။ “ကျွန်‌တော်တို့မှာ ဒရုန်းတွေဒီထက်ပိုရှိရင် စကစကို အခုထက်ပိုပြီးတိုက်ခိုက်နိုင်မှာဖြစ်သလို အခုလက်ရှိမှာ ကျွန်တော်တို့ ဒရုန်းတိုက်ခိုက်မှုစွမ်းရည်ကို တိုးတက်မှုရှိလာအောင်ကြိုးစားနေပါတယ်” ဟု PRDF ၏ ဒရုန်းတပ်ဖွဲ့တာဝန်ခံက ပြောသည်။ PRDF […]

ထားဝယ်ထောင်ပြင်ပ ခေါ်ထုတ်သွားသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးစလုံး အသတ်ခံရ

Dawei Watch

April 3, 2024

ထားဝယ်အကျဉ်းထောင် ပြင်ပသို့ခေါ်ထုတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးစလုံး အသတ်ခံရကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် (DPPN) က ယနေ့ ဧပြီလ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။ မတ်လ ဒုတိယအပတ်က ထားဝယ်ထောင်ကို စစ်ကောင်စီတပ်၊ ရဲနှင့် စရဖအထူးစစ်ဆေးရေးအဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးရာတွင် ဖုန်းအချို့ဖမ်းမိပြီး အကျဉ်းသား ၂၀ ကျော် အပြင်းအထန်ရိုက်နှက်စစ်ဆေးခံရကာ တိုက်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ ယင်းအနက် နိုင်ငံရေးအကျဉ်းသား ကိုမင်းသူ (ခေါ်) မော်လဝီရှက်မင်းနှင့် ကိုဝင်းသီဟတို့နှစ်ဦးကို ခေါင်းစွပ်အနက်ရောင် စွပ်ပြီး စရဖတပ်ဖွဲ့ဝင်များက ထောင်အပြင်ကိုခေါ်ထုတ်သွားကြောင်း DPPN က ထုတ်ပြန်သည်။ ၎င်းတို့နှစ်ဦးသည် ထောင်တွင်းမှ ဖုန်းဖြင့် PDF များကို အဆက်အသွယ်လုပ်သည်ဟု စွပ်စွဲပြီး ညှင်းပန်းနှိပ်စက်ကာ စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ စစ်ဆေးနေချိန်တွင် ထွက်ပြေးသဖြင့် ပစ်သတ်လိုက်ရတာဖြစ်ကြောင်း စရဖတပ်ဖွဲ့ဝင်များက […]

မလွှဲတောင်တွင် ညအိပ်စောင့်ဆိုင်းရသည့် ရန်ကုန်-ထားဝယ်ခရီးသည်များ

Dawei Watch

April 3, 2024

ရန်ကုန်-ထားဝယ်လမ်းပိုင်းရှိ မလွှဲတောင်စစ်ကောင်စီ စစ်ဆေးရေးဂိတ် ပိတ်ထားသဖြင့် ခရီးသည်များနှင့် ကားများ ညအိပ်ကာ စောင့်ဆိုင်းကြရသည်။ ဧပြီလ ၂ ရက် နံနက်ပိုင်းတွင် ရေးမြို့နယ်အတွင်းရှိ ကလော့ကြီးရွာတွင် လက်နက်ကြီးသံများ ထွက်ပေါ်ပြီးနောက် နံနက် ၁၁ နာရီကစ၍ ဂိတ်ပိတ်ချလိုက်သဖြင့် လမ်းပိတ်မိခဲ့ကြကြောင်း ခရီးသည်များက ပြောသည်။ ထို့ကြောင့် ညအိပ်ညနေ စောင့်ဆိုင်းရပြီး နောက်တစ်ရက် ဧပြီလ ၃ရက် နံနက်ပိုင်းမှသာ ကားများကို ဖြတ်သန်း သွားလာခွင့်ပြုကြောင်း ၎င်းတို့က ဆိုသည်။ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း၌ပင် ပြည်သူ့ကာကွယ်ရေးတပ်များ၏ လမ်းပိုင်းစစ်ဆေးမှု ရှိလာသဖြင့် မလွှဲတောင် စစ်ကောင်စီဂိတ်က ဂိတ်ပိတ်ကာ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်မှုများကို လုပ်ဆောင်လာခဲ့သည်။ တစ်နေ့လုံးနီးပါး ဂိတ်ပိတ်ထားမှုရှိခဲ့သဖြင့် လမ်းပိုင်းအခြေအနေကို ယခင်ကကဲ့သို့ ပုံမှန်ခန့်မှန်း၍ မရတော့ချေ။

ကရင်နီတွင် သုံးနှစ်ကျော်ကာလအတွင်း တော်လှန်ရေးရဲဘော် ငါးရာကျော်သေဆုံးကြောင်း PKPF ပြော

Dawei Watch

April 3, 2024

ကရင်နီ (ကယား) ပြည်တွင် သုံးနှစ်ကျော်ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၁၅ ဦး သေဆုံးကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်သည်။ အာဏာသိမ်းချိန်မှစတင်ကာ မတ်လ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ရာတွင် ယင်းသို့ ဖော်ပြသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ စာရင်းကို ထုတ်ပြန်ရာတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF၊ PDF၊ ကရင်နီတပ်မတော် KA တို့က တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၈၉ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြသဖြင့် မတ်လ တစ်လအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့သည်ကို တွေ့ရသည်။ သုံးနှစ်ကျော်ကာလတွင် စစ်ကောင်စီဘက်က ၃၂၀၀ ကျော် သေဆုံးပြီး […]

ထိုင်ဝမ်ငလျင်ကြောင့် ဒဏ်ရာရသူ ၇၀၀ ကျော်ရှိပြီး သေဆုံးသူ ၇ ဦးအထိရှိလာ

Dawei Watch

April 3, 2024

ထိုင်ဝမ်ကျွန်းဆွယ်တွင် ယနေ့ နံနက်ပိုင်းက ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၇ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၇၀၀ ကျော်အထိရှိခဲ့ပါတယ်။ အဆောက်အဦး ဒါဇင်ပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့ပြီး ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံများတွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားရသည်။ ငလျင်သည် ထိုင်ဝမ်အရှေ့ဘက် ကမ်းရိုးတန်းမြို့ဖြစ်သည့် Hualien မြို့နှင့် ၁၁ မိုင်အကွာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး‌ နောက်ဆက်တွဲ ငလျင်ငယ်များလည်း ဆက်တိုက် လှုပ်ခတ်ခဲ့သည်။ သေဆုံးသူ ၃ ဦးသည် ယနေ့နံနက်ပိုင်း တောင်တက်နေသောအချိန် ငလျင်လှုပ်ခတ်ခဲ့သဖြင့် ကျောက်တုံးကြီးများ လိမ့်ကျလာမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားထားသည်။ ထရပ်ကားမောင်းသမားတစ်ဦးလည်း ဥမင်ထဲ ဝင်မည့်အချိန်တွင် မြေပြိုမှုနှင့် တွေ့ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူအားလုံးသည် […]

ပကာရီကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်၊ လက်နက်ကြီးကျသဖြင့် အိမ်တစ်လုံးမီးလောင်

Dawei Watch

April 3, 2024

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတိုက်ပွဲတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံအချို့နှင့် တပ်ခွဲမှူးတစ်ဦးက ပြောသည်။ ထားဝယ်မှ ရေဝိုင်း-ပကာရီကျေးရွာဘက်သို့ ထွက်လာသည့် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဧပြီလ ၂ ရက် နံနက် ၈ နာရီခွဲတွင် ရေဝိုင်းလမ်းဆုံအနီး၌ တိုက်ပွဲဖြစ်ပွားကြောင်း ပူးပေါင်း တပ်ဖွဲ့က တပ်ခွဲမှူးတစ်ဦးက ဆိုသည်။ ယင်းနောက် စစ်ကောင်စီတပ်က စစ်ကူလာပြီး စစ်ကြောင်းနှင့် ပူးပေါင်းခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ တော်လှန်ရေးတပ်များဘက်လည်း ကရင်တပ်များဖြစ်သည့် KNLA၊ KTLAတို့နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီ တပ်နှင့် ပကာရီကျေးရွာ ရေလယ်အင်းအနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း တပ်ခွဲမှူးက ပြောသည်။ နံနက် ၈နာရီခွဲမှ နေ့လယ် ၁၂နာရီခွဲခန့်အထိ […]