ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သင်္ဃန်းညီနောင်စစ်ဗျူဟာက စစ်ကောင်စီတပ် အရာရှိ ၇၀နီးပါးအပါအဝင် ခြောက်ရာကျော်လက်နက်ချဟု KNUထုတ်ပြန်

Dawei Watch

April 6, 2024

အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းကို သိမ်းယူရာတွင် အရာရှိ ၆၇ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၇ ဦး လက်နက်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။ ယင်းအပြင် ရဲမေ ၅၉ ဦးနှင့် တပ်မိသားစုဝင် ၈၁ဦးလည်း လက်နက်ချရာတွင်ပါဝင်ရာ လက်နက်ချသည့် အရာရှိအဆင့်၊ တပ်သားများ၊ ရဲမေများနှင့် တပ်မိသားစုဝင်များ စုစုပေါင်း ၆၁၇ ဦး ရှိကြောင်း ဖော်ပြသည်။ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ဧပြီလ ၅ရက် နံနက် ၈နာရီခန့်တွင် စတင်တိုက်ခိုက်ပြီး မွန်းလွဲ ၁နာရီခန့်တွင် သိမ်းယူနိုင်ခဲ့ကြောင်း KNU က ဆိုသည်။ အဆိုပါစစ်ဗျူဟာကို မြန်မာစစ်တပ်က ၁၉၆၈ […]

မြဝတီသို့ ပြေးဆွဲသည့် မြို့ရွှေထားဝယ်ယာဥ်လိုင်းကားတစ်စီး မြစ်ဖြတ်ကူးစဥ် ရေထဲထိုးကျ၊ ကားသမားပျောက်ဆုံး

Dawei Watch

April 6, 2024

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြေးဆွဲသည့် မြို့ရွှေထားဝယ်ယာဥ်လိုင်းက ကားတစ်စီး ဘားအံမြို့နယ်၊ ဒူရိန်ရွာ၊ ဒူရိန်ဆိပ်ကမ်း တွင် မြစ်ဖြတ်ကူးစဥ် ဧပြီလ ၅ ရက် ညနေက ရေထဲထိုးကျသွားကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည့် အဖွဲ့ထံက သိရသည်။ ညနေ ၄နာရီဝန်းကျင်တွင် ကားရေထဲကျသွားခြင်းဖြစ်ပြီး ၆နာရီဝန်းကျင်တွင် ကယ်ဆယ်ရေး စတင်ခဲ့ကြောင်း ဘားအံ့မြို့၊ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “ကားကို ည ၈နာရီလောက် ပြန်တွေ့တယ်။ ရေနစ်ရာပါသွားတဲ့ ကားသမားကိုတော့ ၁၂နာရီအထိ ရှာတာမတွေ့လို့ ကားကိုပဲ ပြန်ဆယ်တင်ပေးလိုက်တယ်။ ဒီနေ့ (ဧပြီ ၆) ကတော့ ကယ်ဆယ်ရေးလုပ်တာ မရှိဘူး။ ပြန်လည်းမတွေ့သေးဘူး” ဟု ၎င်းက ဆိုသည်။ မြစ်ဖြတ်ကူးရန် ဖောင်ပေါ်သို့ ဆင်းလာစဥ် ဘရိတ်ပေါက်ကာ ထိုးကျသွားသဖြင့် ရေနစ်ရာတွင် […]

ရေဖြူ၊ ညင်းထွေးရွာ အုပ်ချုပ်ရေးမှူးအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

Dawei Watch

April 6, 2024

ရေဖြူမြို့နယ် ၊ ကျောက်ကညာရွာနှင့် ညင်းထွေးရွာအကြားရှိ ညင်းထွေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၂ဝ ဦးကို ဧပြီလ ၄ ရက် ညနေက ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။ “ အလစ်အငိုက် ဝင်ဝိုင်းပစ်ကြတာပါ။ အုပ်ချုပ်ရေးမှူး အိမ်မှာ စစ်တပ်က ကျွန်တော်တို့(PDF)တွေရဲ့ အသွားအလာကို စောင့်ကြည့်ဖို့ လာတပ်စွဲထားတာ” ဟု သွားရောက်တိုက်ခိုက်ရာတွင်ပါဝင်သည့် DGRF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ က ပြောသည်။ ယင်းတိုက်ခိုက်မှုတွင် လက်နက်ငယ်များအပြင် ၆၀ မမ လက်နက်ကြီးများလည်း အသုံးပြုခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်များဘက်က အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုကို DGRF ၊ DDPDF ၊ ဥဩတပ်ခွဲ (၁) နှင့် […]

အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်မှုတွင် ပါဝင်သည့် အုပ်ချုပ်ရေးမှူးတစ်ဦး ကော့သောင်းတွင် ပစ်သတ်ခံရ

Dawei Watch

April 6, 2024

‌လောင်းကစား၊ စစ်မှုထမ်းကိစ္စများတွင် ပါဝင်ပတ်သတ်နေသည့် ခမောက်ကြီးမြို့မှ အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ ကော့‌သောင်းမြို့နယ် ခမောက်ကြီးမြို့ စူငယ်ဘာလိုင်းကျေးရွာအုပ်စု အောင်မြန်မာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒီပါဆိုသူကို ဧပြီလ ၄ ရက်တွင် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်သည်။ ၎င်းအုပ်ချုပ်ရေးမှူးသည် ငွေကြေးယူပြီး လောင်းကစားဝိုင်းထောင်ကာ ကိုယ်တိုင်လောင်းကစားလုပ်သည့်အပြင် စစ်မှုထမ်းရန်အတွက် ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းလည်း ပြုလုပ်နေကြောင်း စိစစ်သိရှိရသည့်အတွက် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း ကော့သောင်း ပကဖ ပြန်ကြားရေးတာဝန်ခံကဆိုသည်။ “သူကိုယ်တိုင်လည်းကစားသလို ငွေယူပြီးခွင့်ပြုပေးတာမျိုးတွေလည်းရှိတယ်။ ခြိမ်းခြောက်တာကတော့ အဓိက CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ငွေယူတာ” ဟု ၎င်းကဆိုသည်။ ဦးဒီပါအား ရွာအနီးရှိ ၎င်း၏ဥယျာဉ်ခြံမှအပြန်တွင် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ပြည်သူများအား ခြိမ်းခြောက်၊ အကျပ်ကိုင်၊ အနိုင်ကျင့်သည့် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီသတင်းပေးများအားလည်း စစ်ရေးပစ်မှတ်အဖြစ် အရေးယူမည်ဖြစ်ကြောင်း […]

သင်္ဃန်းညီနောင်စစ်ဗျူဟာကို သိမ်းယူလိုက်ကြောင်း KNLA ထုတ်ပြန်၊ မြဝတီ ခလရ ၂၇၅ တပ်က လက်နက်ချရန် ညှိနှိုင်းနေဟု သတင်းထွက်

Dawei Watch

April 6, 2024

စစ်ကောင်စီတပ်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) ကို ဧပြီလ ၅ရက် ညတွင် သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ဗဟိုက သတင်းထုတ်ပြန်သည်။ KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) ကို ဧပြီလ ၅ ရက်နံနက် ၈ နာရီခန့်တွင် စတင်တိုက်ခိုက်ပြီး မွန်းလွဲ ၁နာရီခန့်တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စခန်းသိမ်းပိုက်ရာတွင် ၁၂၂ လက်နက်ကြီး နှစ်လက် ၊ ၁၂၀လက်နက်ကြီး နှစ်လက်အပါအဝင် အခြားလက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းကျည်ပစ္စည်းများမြောက်များစွာသိမ်းဆည်းရရှိကြောင်း ဆိုသည်။ သင်္ဃန်းညီနောင်မြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇နှင့် ရဲစခန်းတို့ကို KNLAနှင့် ပူးပေါင်းတပ်တို့က မတ်လ ၇ ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ခမရ […]

ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်က ဗုံးမတော်တဆမှုကြောင့် ဆေးကုနေရသည့်ရဲဘော်သေဆုံး

Dawei Watch

April 6, 2024

ဗုံးမတော်တဆမှုကြောင့် ဒဏ်ရာရရှိသဖြင့် ဆေးကုသမှုခံယူနေရသည့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၁) က အသက် ၂ဝ ဝန်းကျင်အရွယ် ရဲဘော်ပိုးစိုင်သည် ဧပြီလ ၅ ရက်တွင် သေဆုံးကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်သည်။ ရဲဘော်ပိုးစိုင်သည် မတ်လ ၂၄ ရက်က ရေဖြူမြို့နယ်တစ်နေရာတွင် ဒရုန်း ဗုံးသီးတပ်ဆင်စဉ် မတော်တဆပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးခဲ့သည့် ရဲဘော်ပျိုစင်နှင့်အတူ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကယ်ရေးတပ်မတော်၊ တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကွန်ပျူတာက ပြောသည်။ ပြီးခဲ့သည့် မတ်လအတွင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတွင် ရဲဘော်လွတ်လပ်၊ ရဲဘော်ပျိုစင်၊ ရဲဘော်ဂူဂျွန်ဘိတ်နှင့် ရဲဘော်မင်းသွေးတို့ လေးဦး သေဆုံးခဲ့ကြောင်း ယင်းတပ်ရင်း၏ မှတ်တမ်းအရသိရသည်။

ဘီးလင်းတွင် ခရီးသည်တင်ကား မိုင်းဆွဲပစ်ခတ်ခံရပြီး တစ်ဦးသေ၊ လေးဦးဒဏ်ရာရ

Dawei Watch

April 6, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲခံရပြီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ယာဉ်နောက်လိုက်သေဆုံးကာ ယာဉ်မောင်းအပါအဝင် ခရီးသည် လေးဦး ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောသည်။ ဧပြီလ ၄ ရက်နေ့ ည ၉ နာရီခန့်က မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်း လာသည့် “အောင်ကျော်မိုး” ခရီးသည်တင်ကားသည် မိုင်တိုင်အမှတ် ၁၃၁/၁ နှင့် ၁၃၁/၂ ကြား အရောက်တွင် မိုင်းဆွဲ ပစ်ခတ်ခံရခြင်းဖြစ်သည်။ ထို့ကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ ကိုဇင်ကိုလတ်သည် လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားပြီး ယာဉ်မောင်းအပါအဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာ ရကြောင်း ဒေသခံတို့က ဆိုသည်။ “ကားက မိုင်းခွဲခံရပြီးတော့ လက်နက်ငယ်တွေနဲ့ ထပ်ပြီးပစ်ခံရတာပါ” ဟု ဘီးလင်းဒေသခံတစ်ဦးက […]

ဘူးသီးတောင်အခြေစိုက်တပ်ရင်းဌာနချုပ်တစ်ခုကို တိုက်ခိုက်ပြီးငါးရက်အကြာတွင် သိမ်းယူလိုက်ကြောင်း AA ပြော

Dawei Watch

April 6, 2024

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား စတင်တိုက်ခိုက်ပြီး ငါးရက်အကြာ ဧပြီလ ၅ရက် နံနက်တွင် သိမ်းယူလိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ဧပြီလ ၁ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ ပူးပေါင်းကာ ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ နောက်ထပ်ကျန်ရှိသည့် စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဆိုသည်။ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးခဲ့ပြီး AA ဘက်လည်း ထိခိုက်သေဆုံးမှုများကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သို့သော် AA ဘက်က ထိခိုက်သေဆုံးမှု အရေအတွက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို […]