ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်းတွင် စစ်မှုထမ်းသင်တန်းစတင်သည့် ဓာတ်ပုံများ စစ်ကောင်စီထုတ်ပြန်

Dawei Watch

April 6, 2024

တနင်္သာရီတိုင်းက စစ်မှုထမ်းသင်တန်း စတင်သည့် ဓာတ်ပုံများကို စစ်ကောင်စီလက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနက ထုတ်ပြန်လာသည်။ ပုလောမြို့နယ် ပလောက်မြို့ စစ်ကောင်စီတပ်၏ အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ‌စစ်သင်တန်းတက်ရန် ရောက်ရှိနေသည့် စစ်မှုထမ်းပုံများကို ထုတ်ပြန်လာခြင်းဖြစ်သည်။ ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်သည့် အဆိုပါဓာတ်ပုံများထဲတွင် စစ်မှုထမ်းသင်တန်းသားများကို ပလောက်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်ရဲကျော်ကျော်က လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရသည်။ စစ်မှုထမ်းပထမအသုတ်တွင် တနင်္သာရီတိုင်းမှ လူဦးရေ ၂၆၀ ကို ခေါ်ယူထားပြီး ၎င်းတို့အား ဧပြီလ ၈ ရက်မှ ၁၆ ရက်ကြားကာလတွင် သင်တန်းပေးမည်ဖြစ်သည်။ စစ်မှုထမ်းမည့် ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့မှ သင်တန်းသားများကို ပလောက်မြို့ရှိ အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရေကြောင်းဖြင့် ပို့ဆောင်‌ထားသည်ဟုဆိုသည်။ အမှတ် ၁၂ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

April 5, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ဟောင်ကောင်တာဝန်ရှိသူများကို အမေရိကန် ပြည်ဝင်ခွင့် ကန့်သတ်မည် ဟောင်ကောင်မှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို ဖိနှိပ်နေတဲ့ တာဝန်ရှိသူတွေကို အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်သွားမယ်လို့ အမေရိကန်ဘက်က ကြေညာထားပါတယ်။ ဒီမိုကရေစီအခွင့်အရေးတွေကို ပိုပြီးတင်းကြပ်ထားတဲ့ လုံခြုံရေးဥပဒေသစ်ကို ဟောင်ကောင်မှာ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တာပါ။ မကြာခင်မှာ အရေးယူမှုတွေ လုပ်တော့မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထုတ်ပြန်ခဲ့ပါတယ်။ ဘယ်တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့် ကန့်သတ်ပိတ်ပင်မှာလဲဆိုတာကိုတော့အတိအကျ ဖော်ပြခြင်း မရှိသေးပါဘူး။ နိုင်ငံတော် အကြည်အညိုပျက်အောင်လုပ်မှု၊ လှို့ဝှက်ချက်ပေါက်ကြားမှုတွေသာမက နိုင်ငံခြာသားတွေ၊ နိုင်ငံခြားလုပ်ငန်းတွေနဲ့ အဆက်အဆံရှိသူတွေကိုပါ အရေးယူနိုင်အောင် Article […]

ကော့တောင်ကျွန်းသွားသည့် ခရီးသွားသင်္ဘောမီးလောင်မှုတွင် မြိတ်လူငယ်တစ်ဦး ပျောက်ဆုံး

Dawei Watch

April 5, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းသို့ သွားသော ညအိပ်ခရီးသွားသင်္ဘော မီးလောင်မှုတွင် မြိတ်ဒေသခံ လူငယ်တစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မိသားစုဝင်ထံမှ သိရသည်။ သင်္ဘောသည် ဧပြီလ ၄ ရက် နံနက် ၆ နာရီ ၅၀ မိနစ်ဝန်းကျင်ခန့်က စူရတ်ဌာနီမှတစ်ဆင့် ကော့တောင် (လိပ်ကျွန်း) သို့ မောင်းလာစဉ် ကော့တောင်ကျွန်းနှင့် ၃ ကီလိုမီတာအကွာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ယင်းသင်္ဘောဖြင့် စူရတ်ဌာနီမြို့တွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သွားလုပ်သော အသက် ၁၇ နှစ်အရွယ် ကိုချစ်နိုင်အောင် (ခေါ်) ဝက်ကြီး လိုက်ပါလာခဲ့ကြောင်း အစ်မဖြစ်သူက ပြောသည်။ သင်္ဘော မီးလောင်မှုဖြစ်စဉ်တွင် ရေထဲသို့ ခုန်ချခဲ့သည်ဟု အခြားသူများ ပြောပြချက်အရ ကြားသိရပြီး ကျွန်းပေါ်သို့ လူများ အကုန်ပြန်ရောက်ချိန်တွင် […]

ယခုလကုန်မှစကာ စမတ်ကတ်ရှိမှ နယ်စပ်ဖြတ်လက်မှတ် ထုတ်ပေးမည်ဟု စစ်ကောင်စီကြေညာ

Dawei Watch

April 5, 2024

စမတ်ကတ်ဟု လူသိများသည့် UID ကတ်ရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ထုတ်ပြန်သည်။ မေလ ၁ ရက်နေ့မှစကာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် လျောက်ထားလိုသူများအနေဖြင့် စမတ်ကတ်ခေါ် UID ကတ်ရှိမှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP နှင့် TBP ထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ TBP ဆိုသည်မှာ ၇ ရက်နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြစ်ပြီး BP မှာ ၂ နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်ပြု လက်မှတ်ဖြစ်သည်။ တနင်္သာရီတိုင်းတွင်ဆိုပါက ကော့သောင်းအိမ်ထောင်စုရှိသူများကိုသာ BP စာအုပ်လုပ်ခွင့်ရှိမည်ဖြစ်သည်။ နယ်စပ်ဝင်ထွက် လူဦးရေစာရင်းမှန်ကန်ရေး၊ မှတ်ပုံတင်အတုဖြင့် နယ်စပ်ဖြတ်ကျော်မှုများ ထိန်းချုပ်နိုင်ရေးအတွက် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက အကြောင်းပြသည်။ စစ်ကောင်စီက ပြည်သူများကို ထိန်းချုပ်နိုင်ရေးအတွက် မျက်လုံး၊ လက်ဗွေ အစရှိသည့် ဇီဝဆိုင်ရာ အချက်အလက်များရရှိစေရန် နည်းမျိုးစုံသုံးပြီး စမတ်ကတ်လုပ်လာကြစေရေး ဖိအားပေးနေခြင်းဖြစ်သည်။ […]

ထိုင်ဝမ်ငလျင်ကြောင့် သေဆုံးသူ ၁၂ ဦးအထိရှိလာပြီး၊ ပျောက်ဆုံးသူ အများအပြားရှိနေဆဲ

Dawei Watch

April 5, 2024

ထိုင်ဝမ်ကျွန်းဆွယ်တွင် ဧပြီလ ၃ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ အားပြင်းငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သတင်းများအရသိရသည်။ တောင်တက်သွားသည့် တောင်တက်သမား ၆ ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး ပိတ်မိနေသူ အများအပြားကို ရှာဖွေနေဆဲဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် လူပေါင်းထောင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ပျောက်ဆုံးနေသူများတွင် ဩစတေးလျနိုင်ငံသား ၂ ဦး၊ အိန္ဒိယနိုင်ငံသား ၁ ဦးနှင့် ကနေဒါနိုင်ငံသား ၁ ဦးလည်း ပါဝင်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပြောဆိုထားသည်။ ကယ်ဆယ်ရေးအဖွဲ့များက အသက်ရှင်ကျန်ရစ်ခဲ့သူများနှင့် ပိတ်မိနေသူများကို ကယ်တင်နိုင်ရန် ယနေ့အထိ ကြိုးစားနေဆဲဖြစ်သည်။ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ငယ်ပေါင်း ရာနှင့်ချီလှုပ်ခတ်ခဲ့သဖြင့် ငလျင်ဗဟိုချက်နှင့် နီးသည့် Hualien […]

စစ်ကောင်စီကို ဂျက်လေယာဥ်ဆီ မရောင်းရန် ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်

Dawei Watch

April 5, 2024

မြန်မာစစ်ကောင်စီကို နိုင်ငံတကာအစိုးရများအနေဖြင့် ဂျက်လေယာဥ်ဆီ တင်ပို့မှု၊ ရောင်းချမှုများ ရပ်တန့်ရန် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံက ဧပြီလ ၄ ရက်နေ့တွင် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။ ပြည်သူများအပေါ် အကြမ်းနည်းလမ်းများသုံး၍ ပြစ်မှုကျူးလွန်နေသော မြန်မာနှင့် အီရန်နိုင်ငံများအား ဖိအားပေးရန် ရည်ရွယ်၍ ယင်းသို့ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။ မြန်မာစစ်ကောင်စီက ဂျက်တိုက်လေယာဥ်များကို အသုံးပြုပြီး ပြည်သူများကို တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းသည် လူ့အခွင့်အရေးချိုးဖောက်နေခြင်းဖြစ်သည်ဟု ယုံကြည်ပါက နိုင်ငံတကာအစိုးရများအနေဖြင့် လေယာဉ်ဆီတင်ပို့မှု ရပ်တန့်ရန် ကုလလူ့အခွင့်အရေးကောင်စီက ထုတ်ပြန်ထားသည်။ ပြီးခဲ့သောနှစ်က မြန်မာနိုင်ငံသို့ သင်္ဘော ၇ စီးဖြင့် လေယာဉ်ဆီတင်ပို့လာခဲ့မှုများသည် ဗီယက်နမ်နိုင်ငံနှင့် တိုက်ရိုက်ချိတ်ဆက်နေကြောင်း Amnesty International အဖွဲ့က ထုတ်ဖော်ထားသည်။ လေကြောင်းတိုက်ခိုက်မှုကိုသုံး၍ ကမ္ဘာ့စစ်ရာဇဝတ်မှုများကို ကျူးလွန်နေပါက လေယာဉ်ဆီရောင်းချမှု၊ တင်ပို့မှုများမှာ […]

အရေးပေါ်ကိစ္စများအတွက် ရေး – သရက်ချောင်းလမ်းပိုင်းကို ညပိုင်းသွားလာခွင့်ပြုမည်

Dawei Watch

April 4, 2024

ရေးတောင်ပိုင်းမှ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အထိ ညဘက်သွားလာခွင့်ပိတ်ထားသော်လည်း အရေးပေါ်ကိစ္စများ အတွက် ခွင့်ပြုကြောင်း မွန်နှင့် တနင်္သာရီတော်လှန်ရေးအင်အားစုများက ယနေ့ ဧပြီလ ၃ ရက်က ထုတ်ပြန်လိုက်သည်။ ယင်းလမ်းကို ည ၆နာရီ မှ နံနက် ၆နာရီအတွင်း ညဘက် သွားလာခွင့် ပိတ်ပင်ကြောင်း မတ်လ ၃၁ရက်တွင်ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ နောက်ဆက်တွဲအဖြစ် ယနေ့ထပ်မံထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ဖော်ပြပါရှိခြင်း ဖြစ်သည်။ “ပြည်သူတွေရဲ့ကျန်းမာရေး၊ နာရေးကိစ္စတွေက ဒါတွေက အရေးကြီးတယ်။ ပိတ်ပင်တားဆီးခွင့် မရှိပါဘူး။ အဲဒါကြောင့် နောက်ဆက်တွဲ အရေးပေါ်ကိစ္စအတွက် ပြန်ကြေညာတာပါ” မွန်နှင့် တနင်္သာရီတော်လှန်ရေးအင်အားစု မဟာမိတ်အဖွဲ့ဝင် မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။ အရေးပေါ်ကိစ္စများအတွက် လမ်းပိုင်းဖြတ်သန်းရန် အရေးပေါ်ဆက်သွယ်နိုင်မည့် Hotline ဖုန်းနံပါတ်များ ထုတ်ပြန်ပေးရန် လည်း […]

နေပြည်တော်လေဆိပ်နှင့် စစ်ရုံးချုပ် တိုက်ခိုက်ခံရမှု အထိအခိုက်မရှိဟု စစ်ကောင်စီတုံ့ပြန်

Dawei Watch

April 4, 2024

နေပြည်တော်ရှိ စစ်ကောင်စီ၏ စစ်ရုံးချုပ်နှင့် အေလာလေတပ်တို့ကို ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီက ပြန်လည်တုံ့ပြန်လာသည်။ နေပြည်တော်လေဆိပ်သို့ ဒရုန်းလေးစင်း ပျံသန်းလာရာ လေကြောင်းရန် ကာကွယ်ရေးအဖွဲ့က ပစ်ချနိုင်ခဲ့ပြီး အလားတူ ဇေယျာသီရိမြို့နယ်သို့ လာသည့် ဒရုန်း သုံးစင်း ပျံသန်းလာရာ ပစ်ချနိုင်ခဲ့ကြောင်း ဖော်ပြသည်။ ယင်းဖြစ်စဉ်များတွင် လူ၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကမူ နေပြည်တော်ရှိ စစ်ကောင်စီ၏ စစ်ရုံးချုပ် (ကက-ကြည်း) နှင့် အေလာလေတပ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ဒရုန်းများဖြင့် တပြိုင်နက် ဗုံးချတိုက်ခိုက်ရာ ထိခိုက်မှုများ ရှိကြောင်း ကနဦး သတင်းထုတ်ပြန်ထားသည်။ နေပြည်တော် စစ်ရုံးချုပ်ကို ဒရုန်း ၁၆ စီး ၊ အေလာလေတပ်ကို ၁၃ စီးဖြင့် […]