တနင်္သာရီက စစ်ကောင်စီတပ်ရင်းနှင့် ညောင်ပင်ကွင်းတံတားရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ
Dawei Watch
April 3, 2024တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းနှင့် ညောင်ပင်ကွင်းရွာတံတားရှိ စစ်ကောင်စီ တပ်သား များကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၁) ထံမှ သိရသည်။ ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ၅၆၁ ခြေမြန်တပ်ရင်းနှင့် တံတားရှိ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီး၊ ဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အဆိုပါစစ်ကြောင်း၏ တာဝန်ရှိသူက ပြောသည်။ နှစ်နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းက ဆိုသည်။ “တိုက်ပွဲအတွင်း သူတို့ဘက်က စစ်ကူလာတာမျိုးတော့ မရှိဘူးပေါ့။ ကျွန်တော်တို့ ဘက်က ၄၀ မမ (လက်နက်ကြီး) ရော ဒရုန်းကိုရော အသုံးပြုပြီးတိုက်ခိုက်ခဲ့တာဆိုတော့ သူတို့ဘက်က အထိအခိုက်ရှိနိုင်တယ်ပေါ့။ အသေးစိတ်ကို စုံစမ်းနေတုန်း ပါ” […]


