ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မဲဆောက်ကလေယာဉ် စစ်တပ်အရာရှိများ မပါဘဲထွက်ခွာ၊ စစ်ကောင်စီက အစီအစဉ်များဖျက်သိမ်း

Dawei Watch

April 8, 2024

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ မနေ့ (ဧပြီ ၇) ညပိုင်းက ဆင်းသက်လာသော စစ်ကောင်စီလေယာဉ်က စစ်တပ်အရာရှိများ မပါဘဲ ပြန်လည်ထွက်ခွာသွားကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။ ဒုတိယနေ့နှင့် တတိယနေ့တွင် ဆင်းသက်မည့် လေယာဉ်ခရီးစဉ်များကိုလည်း မြန်မာစစ်ကောင်စီက ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ်က ယနေ့တွင် အတည်ပြုပြောဆိုလိုက်သည်။ မြဝတီမြို့က သင်္ဃန်းညီနောင်စခန်းကို KNU နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် ထွက်ပြေးလာသော စစ်အရာရှိများကို ပြန်ခေါ်နိုင်ရေး လေယာဉ်ဆင်းသက်ခွင့်ပြုရန် ထိုင်းအစိုးရထံသို့ စစ်ကောင်စီအဖွဲ့က တောင်းဆိုခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။ ဧပြီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ၃ ရက်ကြာ လေယာဉ်ဆင်းသက်ခွင့်ပြုရန်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ စစ်ကောင်စီက တောင်းဆိုထားခြင်းဖြစ်သည်။ ယင်းနောက် ဧပြီလ ၇ ရက်နေ့ ည ၉ နာရီခွဲ […]

မြိတ်မြို့တွင် ယခုနှစ် တစ်လပိုစောပြီး သောက်သုံးရေအခက်အခဲဖြစ်

Dawei Watch

April 8, 2024

မြိတ်မြို့နယ်တွင် ယခင်နှစ်များထက် ယခုနှစ်တွင် တစ်လပိုစောပြီး သောက်သုံးရေအခက်အခဲဖြစ်နေကြောင်း ပါရမီ နာ‌ရေးကူညီမှုနှင့် ကျန်းမာရေးအထောက်အကူပြုအသင်း (မြိတ်) ထံမှ သိရသည်။ မြိတ်မြို့တွင် နှစ်တိုင်းဧပြီလ အစောပိုင်းကလတွင် သောက်သုံးရေ ပြတ်လပ်လေ့ ရှိသော်လည်း ယခုနှစ်တွင် မတ်လ အစောပိုင်းက‌စပြီး သောက်သုံးရေပြတ်လပ်ခြင်းဖြစ်ကြောင်း အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြိတ်မြို့ရှိ ရေပုန်းငြိမ်းချမ်းရေးရပ်၊ ကလွင်၊ ကျားပါးစပ်ရွာ၊ ငွေပုလဲ ရပ်ကွက်တို့တွင် သောက်သုံးရေခက်‌ခဲနေကြောင်း အထက်ပါ အသင်းထံမှ သိရသည်။ ထို့ကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ရပ်ကွက်များကို ပါရမီနာ‌ရေးကူညီမှုနှင့် ကျန်းမာရေး အထောက်အကူပြု အသင်း (မြိတ်) က နေ့စဉ် ရေပေးဝေနေရကြောင်း ယင်းအသင်းထံမှ သိရသည်။ “ဒီနှစ်က ပိုလည်းပူတယ်ဆိုတော့ ရေရှားတာစောတယ်ထင်တယ်။ ခါတိုင်းဆို လေးလပိုင်းလောက်မှပဲ (ရေ) ရှားတယ်။ […]

ရေဖြူတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်ပြီး လူငယ်တစ်ဦးသေ၊ ငါးဦးဒဏ်ရာအပြင်းအထန်ရ

Dawei Watch

April 8, 2024

ရေဖြူမြို့နယ် အလယ်စခန်းရွာအနီးတွင် ဧပြီလ ၇ရက်နေ့ ညနေပိုင်းက ရန်ကုန်မှ ကော့သောင်းအထိ ပြေးဆွဲသည့် ရတနာတိုး ခရီးသည်တင်ယာဉ်လိုင်းက ယာဉ်တစ်စီးတိမ်းမှောက်ရာ တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာ အပြင်းအထန်ရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူများထံမှ သိရသည်။ အဆိုပါခရီးသည်တင်ယာဉ်မှာ ရေးဘက်မှ ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာစဉ် မလွှဲတောင်အကျော် အလယ်စခန်းရွာနှင့် မနီးမဝေးတွင် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဘရိတ်ပေါက်ပြီး ဆင်းလာတော့ ချိုင့်ကြီးတစ်ခုကို ရှောင်နိုင်ပေမယ် နောက်ချိုင့်ငယ်တစ်ခုနားလည်းရောက်တော့ လမ်းဘေးက ကုန်းမြင့်တစ်ခုတိုက်မိပြီး တိမ်းမှောက်ခဲ့တယ်လို့သိရတယ်” ဟု ထားဝယ်အခြေစိုက် အရေးပေါ်လူနာတင်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယာဉ်ပေါ်လိုက်ပါလာသူ ၁၁ ဦးအနက်က လူငယ်အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ငါးဦးဒဏ်ရာအပြင်းအထန်ရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူများထံမှ သိရသည်။ နောက်လေးဦးမှာလည်း ဒဏ်ရာအနည်းငယ်ရရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ သေဆုံးသူမှာ အက် ၁၉ […]

ဂျိုင်းမြစ်ထဲတွင် ပျောက်နေသည့် မြို့ရွှေထားဝယ် ကားသမား၏ ရုပ်အလောင်းပြန်တွေ့

Dawei Watch

April 7, 2024

ကရင်ပြည်နယ် ၊ ဘားအံမြို့နယ် ၊ ဒူရိန်ရွာ ၊ ဒူရိန်ဆိပ်ကမ်း တွင်ဂျိုင်းမြစ်ထဲ ကားထိုးကျကာ ပျောက်ဆုံးနေသည့် မြို့ရွှေထားဝယ်ယာဥ်လိုင်း က ယာဥ်မောင်းအမျိုးသား၏ ရုပ်အလောင်းကို ယနေ့ ဧပြီ ၇ ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဘားအံမြို့၊ လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။ ရေနစ်ပြီး တစ်ရက်ကျော်အကြာတွင် ဒူရိန်ဆိပ်ကမ်းနှင့် တစ်မိုင်အကွာတွင်ရှိသည့် ဒေါဖျာဆိပ်ကမ်း၌ ပြန်ပေါ်လာခြင်းဖြစ်ကြောင်း ဘားအံမြို့ ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ ပြန်ကြာရေးတာဝန်ခံကပြောသည်။ “ ရုပ်အလောင်းကို ဘားအံဆေးရုံပို့ပြီး မိသားစုခေါ်ပေးထားပါတယ်။ ကားသမားမိသားစုတွေနဲ့က ရေနစ်တဲ့နေ့ကတည်းက အဆက်သွယ်ရပါတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါယာဥ်မောင်းသည် ပဲခူးမြို့၊နန်းတော်ရာရပ်ကွက်ကဖြစ်ပြီး ပဲခူး နှင့် မြဝတီပြေးဆွဲသည့် မြို့ရွှေထားဝယ်ယာဥ်လိုင်းက ယာဥ်မောင်းဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ ဧပြီလ ၅ ရက် […]

ထားဝယ်အထူးစီးပွားရေဇုန်ဒေသကို စစ်ကြောင်းထိုးနေ၍ ဒေသခံများထွက်ပြေး

Dawei Watch

April 7, 2024

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာအချို့ကို ယနေ့ (ဧပြီ ၇ )နံနက်ပိုင်းက စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။ စစ်ကောင်စီတပ်သည် ကားနှစ်စီးဖြင့် ယနေ့မနက်ပိုင်းက ဝက်ချောင်းရွာသို့က‌နဦးရောက်လာပြီး ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးကာ ပြန်လွတ်ပေးခဲ့သည်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။ ထို့နောက်စစ်ကောင်စီစစ်ကြောင်းသည် ဝက်ချောင်းရွာမှာတစ်ဆင့် ခမောင်းချောင်းရွာဘက်သို့ ဆက်လက်ထွက်ခွာပြီး နေ့လယ်ပိုင်းတွင် ဧကနိရွာသို့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ရောက်ရှိလာကြောင်း ၎င်းတို့ကပြောသည်။ “ပစ်တာတော့မရှိသေးဘူး ရွာထဲမှာတော့ ခွေးဟောင်နေတယ်။ သူတို့ရှိနေပုံရတယ်”ဟု ဧကနိရွာခံ အမျိုးသားတစ်ဦးကပြောသည်။ စစ်ကြောင်းဝင်လာသည့်အတွက် ဝက်ချောင်း၊ခမောင်းချောင်း၊ဧကနိ၊ရငဲ၊ဝါးဇွမ်းတော၊ ကုန်းသာယာအင်းစသည့် ကျေးရွာများမှဒေသခံများ ထွက်ပြေးနေကြရသည်။ စစ်ကောင်စီစစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ ခြောက်လခန့်အတွင်း ပထမဆုံး ပြန်လည်စစ်ကြောင်းထိုးခြင်းဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်စတင်နိုင်ရန် စစ်ကောင်စီက ကြိုးစားနေပြီး ရုရှားနိုင်ငံကလည်း ယင်းစီမံကိန်းကို စိတ်ဝင်စားမှုရှိနေကြောင်း သတင်းထွက်ပေါ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

ကော့တောင်ကျွန်းသွား သင်္ဘောမီးလောင်မှုတွင် ပျောက်ဆုံးနေသော မြိတ်လူငယ် အလောင်းပြန်တွေ့

Dawei Watch

April 7, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းသို့ သွားသော ညအိပ်ခရီးသွားသင်္ဘော မီးလောင်မှုတွင် ပျောက်ဆုံးနေသော မြိတ်ဒေသခံ လူငယ်၏ အလောင်းကိုတွေပြီဖြစ်ကြောင်း မိသားစုဝင်ထံမှ သိရသည်။ ယနေ့ နေ့လယ်ပိုင်းတွင် ကော့တောင်ကျွန်း၏ အခြားဘက်ကမ်းရှိ ချွန်ဖော်ခရိုင် ကမ်းတစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သင်္ဘောသည် ဧပြီလ ၄ ရက် နံနက် ၆ နာရီ ၅၀ မိနစ်ဝန်းကျင်ခန့်က စူရတ်ဌာနီမှတစ်ဆင့် ကော့တောင် (လိပ်ကျွန်း) သို့ မောင်းလာစဉ် ကော့တောင်ကျွန်းနှင့် ၃ ကီလိုမီတာအကွာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ယင်းသင်္ဘောဖြင့် လိုက်ပါလာသော ကိုချစ်နိုင်အောင် (ခေါ်) ဝက်ကြီးက မီးလောင်နေစဉ် ရေထဲခုန်ချခဲ့ပြီးနောက် ပျောက်ဆုံးနေခြင်းဖြစ်သည်။ ပျောက်ဆုံးခဲ့ပြီး ၃ ရက်အကြာတွင် ကယ်ဆယ်ရေးအဖွဲ့များက ထပ်မရှာပေးတော့သဖြင့် မိသားစုဝင်များက ကျွန်းနှင့် အနီးဆိပ်ကမ်းများတွင် ဆိုင်ကယ်ဖြင့် ကိုယ်တိုင်လိုက်ရှာဖွေနေရကြောင်း […]

တနင်္သာရီရှိ စစ်ကောင်စီတပ်ရင်းများ ခြောက်ရက်အတွင်း ဒရုန်းဖြင့်အကြိမ် ၂၀ကျော်တိုက်ခိုက်ခံရ

Dawei Watch

April 7, 2024

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ ၏ ADF ဒရုန်းအဖွဲ့က ဒရုန်းဖြင့် အကြိမ် ၂၀ကျော် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ဒရုန်းအဖွဲ့က မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ အကြိမ်နှစ်ဆယ်ကျော်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၇ ဦးသေဆုံးခဲ့သလို ဒဏ်ရာရသူများလည်းရှိကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ ၏ တာဝန်ရှိသူက ပြောဆိုသည်။ “ဒရုန်းတိုက်ခိုက်မှုကို ပြုလုပ်တဲ့အခါမှာတော့ ရန်သူဘက်က ထိခိုက်မှုရှိပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိတော့ ထိရောက်မှုရှိတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ အဆိုပါကာလအတွင်း တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ ၅၆၁ ၊ ခမရ ၅၅၈ ၊ ခမရ ၅၅၇ တပ်ရင်းများကို […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

April 6, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၃၁ ရက်မှ ဧပြီ ၆ ရက်နေ့အထိ နေပြည်တော်ကို ခြိမ်းခြောက်လာတဲ့ ဒရုန်းတိုက်ခိုက်မှု နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ရုံးချုပ်နဲ့ အေလာလေတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဧပြီလ ၄ရက်နေ့မှာ ဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်တပ်က ထိပ်ပိုင်းပုဂ္ဂိုလ်တွေ ရုံးထိုင်တဲ့ စစ်ရုံးလို့ခေါ်ကြတဲ့ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ရုံးနဲ့ အေလာလေတပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နေအိမ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့တွေက ဒရုန်းအစင်း ၃၀နီးပါးနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြတာပါ။ ကာမီကာဇေလို့ခေါ်တဲ့ ဒရုန်းကို အဆုံးခံပြီး ဖောက်ခွဲတိုက်ခိုက်တဲ့ ဒရုန်းတွေကို အသုံးပြုခဲ့ကြတာလို့ ဆိုပါတယ်။ ဒါဟာ စစ်ကောင်စီတပ်ရဲ့ အလုံခြုံဆုံးနဲ့ […]