ထားဝယ်တွင် သင်္ကြန်ရေကစားရန် စစ်ကောင်စီက ပိုက်ဆံပေးစည်းရုံး
Dawei Watch
April 10, 2024ထားဝယ်မြို့တွင် ယခုနှစ်သင်္ကြန်လည်ရန်နှင့် ရေကစားရန် စစ်ကောင်စီက ကဏ္ဍအလိုက် ပိုက်ဆံပေးမည်ဆိုကာ စည်းရုံးနေကြောင်း တင်ဒါအောင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် နီးစပ်သူများထံမှသိရသည်။ ရေပက်ခံထွက်ရန် လူတစ်ယောက်ကို တစ်ရက်စာ ကျပ် ၁၅၀၀၀ နှုန်းဖြင့် စစ်ကောင်စီ၏ တင်ဒါရ ကန်ထရိုက်က ဆောက်လုပ်ရေး လုပ်သားများကို စည်းရုံးနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူအမျိုးသားတစ်ဦးကပြောသည်။ “မဏ္ဍပ်ပတ်ခြာလည်ပဲ တစ်ရက်ကို တစ်သောင်းခွဲရမှာ ကားလည်းလာကြိုပေးမယ်လို့ ပြောတယ်။ စားသောက်စရိတ်လည်း ဖရီးပဲ” ဟု ၎င်းကပြောသည်။ ယင်းအပြင် ထားဝယ်မြို့တွင် ယခုနှစ်သင်္ကြန်ပွဲတော်ကျင်းပမည့် မဏ္ဍပ်များတွင် ရေကစားမည့်သူများကိုလည်း တစ်ရက် နှစ်သောင်းပေးမည်ဟုဆိုကာ လိုက်လံစည်းရုံးနေ ကြောင်းလည်း အမည်မဖော်လိုသည့် ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။ စစ်ကောင်စီသည် ထားဝယ်မြို့တွင် ယခုနှစ် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ယခုလစောစောပိုင်းကစပြီး ပြင်ဆင်နေခြင်းဖြစ်သည်။ လေယာဉ်ကွင်းလမ်း၊ […]


