ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

April 12, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၇ ရက်မှ ၁၂ ရက်နေ့အထိ မြဝတီမြို့ကို KNU သိမ်းယူ၊ နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ပြီး စစ်ရေးအရရော စီးပွားရေးအရပါ အရေးပါတဲ့ ကရင်ပြည်နယ် မြဝတီမြို့ကို ကရင်အမျိုးသား အစည်းအရုံး KNU က သိမ်းယူထိန်းချုပ်ထားပြီဖြစ်ပါတယ်။ မြဝတီမြို့အနီးက သင်္ဃန်းညီနောင်မြို့မှာရှိတဲ့ စစ်ဗျူဟာကို ဧပြီလ ၅ရက်နေ့မှာ KNU ရဲ့ တပ်ဖြစ်တဲ့ KNLA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့ပါတယ်။ ဗျူဟာမှူးအပါအဝင် အရာရှိအဆင့်တွေ၊ တပ်သားတွေ၊ ရဲမေတွေနဲ့ မိသားစုဝင် ခြောက်ရာကျော် လက်နက်ချခဲ့တာပါ။ အဲဒီနောက် မြဝတီမှာ တစ်ခုတည်းရှိတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ် ခလရ ၂၇၅ […]

ပလမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

Dawei Watch

April 12, 2024

ပုလောမြို့နယ် ပလမြို့ရဲစခန်းကို T2 Special Drone Force က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။ စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျုစောထီးအပါအဝင် စုစုပေါင်း အင်အား ၆၀ ခန့် တပ်စွဲထားသည့် ပလမြို့ရဲစခန်းကို ဧပြီလ ၁၁ ရက် ညနေ ၆ နာရီဝန်းကျင်က ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက ပြောသည်။ T2 Special Drone Force တပ်ဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းအောက်တွင် ဖွဲ့စည်းထားသည့် တပ်ဖွဲ့ဖြစ်ပြီး အမျိုးသမီးရဲဘော်များလည်း ပါဝင်ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ဒရုန်းဖြင့် […]

လောင်းလုံးပြင်းထိန်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

April 12, 2024

လောင်းလုံးမြို့နယ်၊ပြင်းထိန်ရွာတွင် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ယနေ့ (ဧပြီ ၁၂) နံနက်ပိုင်းက ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသူမှာ ပြင်းထိန်ရွာသား ဦးကြည်လေးဆိုသူဖြစ်ပြီး ယနေ့မနက်ပိုင်းက ဝက်မွေးမြူရေးခြံကို အစာသွားကျွေးစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သေနတ်သံ က သုံးချက်လောက်ကြားရတယ်။ သူက မွေးမြူရေးလုပ် လယ်စိုက်ပေါ့” ဟု ၎င်းကပြောသည်။ ဦးကြည်လေးကို ယခုရက်သတ္တပတ်အတွင်း၌ပင် PDF အဖွဲ့ တစ်ခု က လာရောက် သတိပေးခဲ့နောက် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် မိသားစုက နေအိမ်သို့ သယ်ယူသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း ဝေဒီရွာသူ အမျိုးသမီးတစ်ဦးကို PDF အဖွဲ့ တစ်ဖွဲမှ ဖမ်းဆီးသွားခဲ့ပြီး နောက် […]

မြဝတီက တိမ်းရှောင်လာသူများကို မဲဆောက်ရှိ ဘုန်းကြီးကျောင်းများတွင် နေရာချမည်

Dawei Watch

April 12, 2024

ကရင်ပြည်နယ် မြဝတီမြို့တွင် တိုက်ပွဲများကြောင့် မဲဆောက်ဘက်သို့ တိမ်းရှောင်လာသူများကို ဘုန်းကြီးကျောင်းများတွင် နေရာချထားပေးမည်ဖြစ်ကြောင်း မဲဆောက် အုပ်ချုပ်ရေးမှူးက ပြောသည်။ ဧပြီလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ချစ်ကြည်ရေးတံတားများသို့ တာခ့်ခရိုင် အုပ်ချုပ်ရေးမှူး၊ မဲဆောက်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လာရောက်စစ်ဆေးစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မဲဆောက်ဘက်သို့ တိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ နေထိုင်ရန် အခက်အခဲရှိနေပါက ဘုန်းကြီးကျောင်း လေး ကျောင်းတွင် ယာယီခိုလှုံခွင့်ပေးပြီး နေထိုင်စားသောက်ရေး စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမှတ် ၁ တံတားပေါ်က မြန်မာနိုင်ငံသားများ ဝင်ရောက်မှုသည် ပုံမှန် ၁၉၀၀ ခန့်သာရှိရာမှ ယခုအချိန်တွင် တိုက်ပွဲများ ကြောင့် တစ်ရက်လျှင် ပျမ်းမျှ ၄၀၀၀ အထိ တိုးလာနေကြောင်း ထိုင်းအစိုးရဘက်က ထုတ်ပြန်ထားသည်။ ထိုင်းအစိုးရဘက်ကလည်း နယ်စပ်တစ်လျှောက် […]

တိုက်ခိုက်ခံရနိုင်သောကြောင့် ရခိုင်တွင်သင်္ကြန်ကာလ လူစုလူဝေးဖြင့်ပျော်ပွဲရွှင်ပွဲ မလုပ်ရန် AA ပန်ကြား

Dawei Watch

April 12, 2024

ရခိုင်တွင်သင်္ကြန်ကာလ တိုက်ခိုက်ခံရမှုများရှိလာနိုင်သောကြောင့် ရေကစားခြင်း၊ လူစုလူဝေးဖြင့် ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူအတန်းလုပ်ခြင်းတို့ကို မပြုလုပ်ကြရန် မေတ္တာရပ်ခံပန်ကြား‌ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၁၁ ရက်က ထုတ်ပြန်သည်။ ရခိုင်တွင် စစ်ရေးပြင်းထန်နေဆဲကာလဖြစ်ပြီး AA သိမ်းယူထားသည့်နေရာများနှင့် သိမ်းယူရန်ကြိုးပမ်းနေသည့်နေရာများတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ရက်ဆက်ပြုလုပ်နေကြောင်း AA က ဆိုသည်။ ထို့ကြောင့် သင်္ကြန်ကာလအတွင်း မလိုလားအပ်သည့် အသက်အစုလိုက်အပြုံလိုက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ ကြိုတင်ကာကွယ်ရန် ပန်ကြားရခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စစ်ရေးပြင်းထန်နေသည့်ကာလဖြစ်သဖြင့် သင်္ကြန်ကာလအတွင်း မြို့ပြနှင့် ကျေးလက်ဒေသများတွင် လူစုလူဝေးများ ပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲကြီးများ မပြုလုပ်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လူအများအပြား စီးနင်းလိုက်ပါလာသည့် ကားများဖြင့် မြို့ပြဒေသများ၊ တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့် […]

မြိတ်မြို့ နေ့အပူချိန် နှစ် ၇၀ကျော်တွင် စံချိန်သစ်တင်

Dawei Watch

April 11, 2024

မြိတ်မြို့တွင် ဧပြီလ ၁၀ ရက်က နေ့အပူချိန် ၃၉ ဒသမ ၂ ဒီဂရီဆဲစီးယပ်ဖြင့် နေ့အပူချိန် စံချိန်သစ်တင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။ ၂၀၀၄ ခုနှစ် ဧပြီလ ၂၇ ရက် စံချိန်တင်ခဲ့သည့် နေ့အပူချိန် ၃၉ ဒီဂရီဆဲစီးယပ်ကို ကျော်လွန်ကာ မိုးလေဝသစခန်းတည်ဆောက်သည့် နှစ်မှစ၍ ၇၇ နှစ်အတွင်းစံချိန်သစ်ထပ်တင်ခြင်းဖြစ်သည်။ “ရာသီဥတုကတော့ ပူတာပေါ့။ မနေ့က (ဧပြီ ၁၀) နေတောက်လျှောက်ပူတယ်။ ဒီနေ့တော့ မိုးရိပ်ငယ်နည်းနည်းတက်နေတယ်” ဟု မြိတ်မြို့ခံတစ်ဦးက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။ ယမန်နေ့ညနေပိုင်းက ထားဝယ်ခရိုင်အတွင်း နေရာအများစုတွင် သင်္ကြန်ကာလအကြို မိုးရွာသော်လည်း မြိတ်မြို့တွင် မိုးမရွာသေးကြောင်း မြို့ခံများက ဆိုသည်။ ယခုနှစ်နွေရာသီတွင် တနင်္သာရီတိုင်း၌ ထားဝယ်၊ လောင်းလုံး၊ မြိတ်နှင့် ကော့သောင်း […]

ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ် ၂ တံတား ယာယီပိတ်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်

Dawei Watch

April 11, 2024

ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အဓိက အသုံးပြုနေသော မြဝတီမြို့ ချစ်ကြည်ရေး အမှတ် ၂ တံတားကို ယနေ့ နေ့လယ်ပိုင်းတွင် ထိုင်းဘက်က ပိတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ ထို့ကြောင့် မဲဆောက်ဘက်တွင် ပစ္စည်းတင်ပို့ယာဉ် ၂၀၀ ခန့် သောင်တင်နေကြပြီး လုံခြုံရေးအရ ပစ္စည်းများ တင်ပို့ခွင့် မပေးထားကြောင်း ဖော်ပြသည်။ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNU သိမ်းပိုက်လိုက်ပြီးနောက် ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းက စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး တိမ်း‌‌ရှောင်သွားသဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားပြီဖြစ်ကြောင်း ဘီဘီစီမြန်မာပိုင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အမှတ် ၂ တံတားသည် ကုန်စည်ပို့ဆောင်နေသော တံတားဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်လိုက်သော ခလရ ၂၇၅ နှင့် နီးကပ်နေသော […]

အကျိုးစီးပွားဆက်စပ်သည့် အိမ်နီးချင်းနိုင်ငံအချို့၏ကူညီမှုဖြင့် စစ်ကောင်စီ အာဏာကိုဖက်တွယ်ထားဟု AA စစ်ဦးစီးချုပ်ပြော

Dawei Watch

April 11, 2024

စစ်ကောင်စီသည် စစ်လက်နက်အင်အား၊ ရေတပ်၊ လေတပ်နှင့် အကျိုးစီးပွားချင်း ဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံအချို့၏ ကူညီပံ့ပိုးမှုများဖြင့် အာဏာကို ဆက်လက်ဖက်တွယ်ထားကြောင်း ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။ ဧပြီလ ၁၀ ရက်က AA တပ် တည်ထောင်မှု ၁၅နှစ်ပြည့် အခမ်းအနား မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် အာဏာသိမ်းမှုနောက်ပိုင်းတွင် ဗမာလူမျိုးများ၏ ပြင်းထန်သည့်ဆန့်ကျင်မှု၊ လက်နက်ကိုင်တော်လှန် မှု၊ တိုင်းရင်းသားပေါင်းစုံ၏ တစ်ပြိုင်နက်တည်းဆန့်ကျင်မှု၊ နိုင်ငံရေး စစ်ရေး စီးပွားရေး အကျပ်အတည်းများအပြင် မြန်မာစစ်တပ် တစ်ခါမျှမကြုံဖူးသည့် အထွေထွေအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်းလည်း ဆိုသည်။ ရခိုင်တွင် ရည်မှန်းချက် ပြီးမြောက်ရန်အတွက် စစ်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အပြင်းထန်ဆုံးနှင့် အလျင်အမြန်ဆုံး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။ […]