ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပလမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ

Dawei Watch

April 9, 2024

ပုလောမြို့နယ် ပလမြို့အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။ ဧပြီလ ၈ ရက်နေ့ နံနက်၆ နာရီဝန်းကျင်က အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဇာဒီရပ်၊ ဝါးကျောင်းအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၄၅ မိနစ်ခန့်အကြာ ပစ်ခတ်မှုဖြစ်ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ပလမြို့မရဲစခန်းမှ ကင်းလှည့်ထွက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကျွန်တော်တို့တပ်ရဲ့ ကင်းပုန်းနဲ့တိုးပြီး ပစ်ခတ်မှုဖြစ်တာပဲ။ သူတို့ဘက်က လက်နက်ကြီး ပစ်ကူပေးပြီး ပြန်ဆုတ်သွားတယ်” ဟု အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ […]

လောင်းလုံးမြို့ လဝကရုံးက စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ

Dawei Watch

April 9, 2024

လောင်းလုံးမြို့ လဝကရုံးရှေ့တွင် တပ်စွဲထားသည့် စစ်ကောင်စီဘန်ကာအား ပြည်သူ့ကာကွယ်ရေးပူး‌ေပါင်းအဖွဲ့က လာရောက် ပစ်ခတ်တိုက်ခိုက်ကြောင်း မြို့ခံအချို့က ပြောသည်။ ဧပြီလ ၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။ “(စစ်ကောင်စီဘက်က) သေတဲ့သူရှိတယ်လို့ ပြောလူလည်းရှိတယ်။ မသေဘူးပြောတဲ့သူလည်းရှိတယ်။ တိတိကျကျမသိရဘူး” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ လဝကရုံးဘန်ကာအား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဘန်ကာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးရှိသည့်အနက် ငါးဦးသေဆုံးပြီး သုံး ဦးဒဏ်ရာရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ မိနစ် ၄၀ ခန့် အပြန်အလှန်ပစ်ခတ်မှုအပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပြန်ဆုတ်သွားချိန်တွင် လောင်းလုံးမြို့မရဲစခန်းက လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။ “ပစ်တာကတော့ အများကြီးပဲ။ […]

တနင်္သာရီတိုင်းတွင် စစ်မှုထမ်းသင်တန်း စစ်ကောင်စီစပေး

Dawei Watch

April 9, 2024

တနင်္သာရီတိုင်းတွင် ဧပြီလ ၈ ရက်နေ့ကစပြီး စစ်မှုထမ်းသင်တန်း စနေပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ စစ်မှုထမ်းနည်းဥပဒေထွက်ရှိပြီး သင်္ကြန်အပြီးတွင် စစ်မှုထမ်းမည့်သူများကိုဆင့်ခေါ်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသော်လည်း ယခုမူ သင်္ကြန်မတိုင်မီပင် သင်တန်းပေးသည့်အဆင့်ပင် ရောက်နေပြီဖြစ်သည်။ နည်းဥပဒေလည်း ထုတ်ပြန်ခြင်းမရှိသေးပေ။ တနင်္သာရီတိုင်းတွင်မူ မြိတ်ခရိုင် ပလောက်မြို့ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်မှုထမ်းမည့် သူများကို သုံးလတိတိ စစ်သင်တန်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါသင်တန်းတွင် ခန္ဓာကိုယ် ကိုယ်ကြံ့ခိုင်ရေး၊ စစ်ရေးပြ၊ ခြေလျင် လက်နက်ငယ်ပစ်နည်း၊ စစ်နည်းဗျူဟာ၊ စစ်မြေပြင်အင်ဂျင်နီယာ၊ စစ်‌မြေပြင်အုပ်ချုပ်ရေး စသည်တို့ကို ပို့ချမည်ဟု ဆိုသည်။ သင်တန်းဖွင့်ပွဲသို့ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသစစ်တိုင်းဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီးအောင်မျိုးထွန်း၊ အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ရဲကျော်ကျော်တို့ တက်ရောက်ခဲ့ကြသည်။ တနင်္သာရီတိုင်းက […]

မွန်တွင် တစ်ရက်အတွင်း အမျိုးသားသုံးဦး ပစ်သတ်ခံရ

Dawei Watch

April 9, 2024

မွန်ပြည်နယ်တွင် တစ်ရက်အတွင်း အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးအပါအဝင် အမျိုးသားသုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၇ ရက်နေ့ ည ၈ နာရီဝန်းကျင်က မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ဦးထိန်ဝင်း (ခေါ်) ဦးမော့တို့ သားအဖနေအိမ်တွင်ရှိနေစဉ် သေနတ်သမားတို့က လာရောက်ပစ်ခတ်သဖြင့် သေဆုံးကြောင်း ကမာဝက်မြို့ခံတစ်ဦးက ပြောသည်။ “သူ (ဦးမော့) က ရွာမှာ လောင်းကစားဝိုင်းတွေ ဖွင့်တယ်။ ကြက်ဝိုင်း၊ ဖဲဝိုင်းတွေ ဖွင့်တယ်။ တခြားတော့ သူ့အကြောင်း သိပ်မသိဘူး။ သူပစ်ခံရတဲ့အချိန်မှာ သူ့အမျိုးသမီးက တရားစခန်းဝင်နေတာ” ဟု ၎င်းက ပြောဆိုသည်။ ဦးထိန်ဝင်း (ခေါ်) ဦးမော့ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က […]

မြောက်အမေရိကတိုက်မှ မြင်တွေ့ရသည့် နေအပြည့်ကြတ်မှုမြင်ကွင်းများ

Dawei Watch

April 9, 2024

မြောက်အမေရိကတိုက်တွင် ဧပြီလ ၈ ရက်နေ့က မြင်တွေ့ရသည့် နေအပြည့်ကြတ်မှုကို လူသန်းပေါင်းများစွာ ကြည့်ရှုခဲ့ကြသည်။ မြောက်အမေရိကတိုက်အတွက် ၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်မှုကို မြင်တွေ့ရခြင်းဖြစ်ပြီး ယခုကဲ့သို့ နေကြတ်မှုဖြစ်စဉ်ကို နောက်လာမည့် ၂၀၄၄ ခုနှစ်မှသာ နောက်တစ်ကြိမ် ပြန်မြင်တွေ့နိုင်တော့မည်ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းပေါ်က မက္ကဆီကိုနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံများက နေကြတ်ခြင်းကို မြင်တွေ့ခံစားခဲ့ကြရသည်။ Ref: Getty Images, CNN, AP

ကံပေါက်တွင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ကားသမားနှစ်ဦး ထပ်မံဖမ်းဆီးခံရ

Dawei Watch

April 9, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ရွာ မြသီတာရပ်ကွက်နှင့် ဂန့်ဂေါ်တောင်ရွာတို့တွင် နေထိုင်သည့် ကာသမားနှစ်ဦးကို မောရဝတီ ရေတပ်က ဧပြီလ ၅ ရက် နံနက်အစောပိုင်းတွင် နေအိမ်တို့၌ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။ အဖမ်းခံရသူနှစ်ဦးသည် ဇောတိက-ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်း၏ ပိုက်လိုင်းဆောက်လုပ်ရေးလုပ်ငန်းအချို့ကို တာဝန်ယူဆောင်ရွက်နေသည့် Pro paragon ဆောက်လုပ်ရေးကုမ္ပဏီက ယာဥ်မောင်း ဦးသန်းဦးနှင့် ကိုအောင်မျိုးတို့ ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်းတို့နှစ်ဦး ဖမ်းဆီးမခံရမီ ဇောတိက-ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ ယာဥ်မောင်းဝန်ထမ်း နှစ်ဦးဖြစ်သည့် ဦးကိုနိုင်နှင့် ဦးမင်းလွင်ဦးတို့ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့် မတ်လတို့တွင် မောရဝတီရေတပ်က ဖမ်းဆီးခဲ့သေးသည်။ အဆိုပါ အဖမ်းခံရသူလေးဦးစလုံးသည် နတ်အိမ်တောင်ဒေသရှိ သဘာဝဓာတ်ငွေ့စီမံကိန်းစခန်းများသို့ သွားရောက်ရသည့် ယာဥ်မောင်းများ ဖြစ်ကြသည်။ “နတ်အိမ်တောင် (ဘာနီတောင်) သွားတဲ့ကားသမားတွေကို PDF တွေအတွက် စားစရာတွေယူသွားပေးနေတယ်ဆိုပြီး […]

ရေဖြူ ဖြူနပ်ရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

Dawei Watch

April 9, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ဖြူနပ်ရွာတွင် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ ဥယျာဥ်ခြံထဲရှိ အိမ်တွင် ဧပြီလ ၆ ရက်ညက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူသည် အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာသား ကိုအာလူးဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံရဖူးပြီး ပြန်လွတ်လာသူလည်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်းသည် ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးရွာသူနှင့် အိမ်ထောင်ကျပြီးနောက် ဖြူနပ်ရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “လာပစ်သတ်သွားတာက ဘယ်သူလာသတ်သွားလဲ မသိဘူး။ အခုက ပြောရလဲခက်ခက် ။ အဖွဲ့အစည်းတွေက လုပ်တာလား။ သူနဲ့ပဋိပက္ခဖြစ်ဖူးတဲ့သူတစ်ယောက်ယောက်ကပဲ လုပ်တာလားမသိဘူး” ဟု ဒေသခံအမျိုးသားတစ်ဦက ပြောဆိုသည်။ Dawei Watch က တွေ့ရသည့် ဓာတ်ပုံတစ်ပုံထဲတွင် အိမ်ရှေ့မျက်နှာစာ၌ လုံချည်နှင့် […]

မဲဆောက်က စစ်ကောင်စီလေယာဉ်​ကိစ္စ​ ပွင့်လင်းစွာ ရှင်းပြရန် ထိုင်းအစိုးရကို ပီတာတိုက်တွန်း

Dawei Watch

April 8, 2024

ထိုင်း-မြန်မာနယ်စပ် မဲဆောက်လေဆိပ်ကို စစ်ကောင်စီလေယာဉ် ဆင်းသက်မှုနှင့် ပတ်သက်၍ ထိုင်းအစိုးရအနေဖြင့် ပြည်သူများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းသင့်ကြောင်း ထိုင်းအတိုက်အခံပါတီဖြစ်သော Move Forward ပါတီ ခေါင်းဆောင်ပီတာက တိုက်တွန်းလိုက်သည်။ ပြည်သူများက မဲဆောက်လေဆိပ်တွင် မည်သို့ဖြစ်ပျက်ခဲ့သည် ဆိုသောအခြေအနေကို အစိုးရက ရှင်းပြမည်ကိုစောင့်နေကြကြောင်း သူက ပြောသည်။ ထိုင်းအစိုးရက ပစ္စည်းနှင့်လက်နက်များ သယ်ယူခွင့် ပြုခဲ့ပါက စစ်ကောင်စီကို ကူညီပေးခြင်းသာဖြစ်ကြောင်း ၎င်းကထောက်ပြပြောဆိုသည်။ ထို့ကြောင့် ထိုင်းအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူများအား အသေးစိတ်ရှင်းလင်းပေးရမည်ဖြစ်ကြောင်း သူ၏ လူမှုစာမျက်နှာတွင် ဖော်ပြထားသည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းဖြစ်ကြောင်း အစိုးရဘက်က ပြောဆိုထားသော်လည်း အမှန်တကယ် ဟုတ်မဟုတ် အသေးစိတ် ဆန်းစစ်ရန် လိုအပ်ကြောင်း ဆိုထားသည်။ အကယ်၍ လူသားချင်းစာနာ ထောက်ထားမှုအနေဖြင့် ကူညီပေးမည်ဆိုလျှင်လည်း ဘက်လိုက်မှုမရှိဘဲ မျှတစွာ ကူညီပေးသင့်ကြောင်း […]