ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် အင်္ဂလိပ်စာသင်တန်းကျောင်းမှ ဆရာတစ်ဦး အဖမ်းခံရ

Dawei Watch

March 19, 2024

ထားဝယ်မြို့ ၊ ဆန်းချီရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Royal Wisdom အင်္ဂလိပ်စာသင်တန်းကျောင်းမှ ဆရာဦးစိုးသူအောင်ကို စစ်ကောင်စီက မတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။ “ နေပြည်တော်က ညွှန်ကြားချက်နဲ့ လာဖမ်းတယ်လို့ပဲသိရတယ်။ ကျန်တာတော့ဘာမှထပ်မသိရသေးဘူး “ ဟု ဦးစိုးသူအောင်၏ မိတ်ဆွေတစ်ဦးက ပြောသည်။ ယခုလက်ရှိ ဦးစိုးသူအောင်ကို ထားဝယ်မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ၎င်းကဆက်ပြောသည်။ ၎င်း၏အင်္ဂလိပ်စာသင်တန်းမှာမူ ဆက်လက်ဖွင့်ထားဆဲဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။ ဦးစိုးသူအောင်သည် ၂၀၁၉ ခုနှစ်မှစ၍ Royal Wisdom English language Club တွင် အင်္ဂလိပ်စာ သင်ကြားနေသူဖြစ်သည်။ ပြီးခဲ့သည်နှစ် ဇွန်လကလည်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှ ကိုယ်ပိုင် မူကြိုကျောင်း တည်ထောင်သူ ဇနီးမောင်နှံ နှစ်ဦးကို စစ်ကောင်စီက […]

ထားဝယ်ထောင်တွင် ဖုန်းဖမ်းမိသဖြင့် အကျဉ်းသားများကို ရိုက်နှက်စစ်ဆေး

Dawei Watch

March 19, 2024

ထားဝယ်အကျဉ်းထောင်တွင် ဖုန်းဖမ်းမိသည့်ကိစ္စဖြင့် အကျဉ်းသားနှစ်ဆယ်ကျော် ရိုက်နှက်စစ်ဆေးခံရကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်(DPPN)နှင့် အကျဉ်းထောင်နှင့်နီးစပ်သူများက ပြောသည်။ ပြီးခဲ့သည့်အပတ် (မတ်လ ၁၃ ရက်၊ ၁၅ ရက်)က ထားဝယ်ထောင်ကို စစ်ကောင်စီတပ်၊ ရဲနှင့် စရဖအထူးစစ်ဆေးရေးအဖွဲ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးချိန်တွင် ဖုန်းတချို့ဖမ်းမိသည်ဟု ၎င်းတို့က ပြောသည်။ အကျဉ်းသား ၂၀ ကျော်ကို အပြင်းအထန်ရိုက်နှက်စစ်ဆေးခဲ့မှုကြောင့် နိုင်ငံရေးအကျဉ်းသားတချို့မှာ ခေါင်းကွဲ၊ ခြေကျိုး၊ မျက်နှာဖူးရောင်ဒဏ်ရာများနှင့် ခန္ဓာကိုယ်အညိုအမည်းစွဲဒဏ်ရာများ ရရှိခဲ့ကြောင်း DPPN က ယနေ့(မတ် ၁၉) မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။ ၎င်းတို့ကို သီးသန့်ခန်းတွင် တိုက်ပိတ်ထားပြီး ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၆ လထပ်တိုးသွားနိုင်ဖွယ်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ မတ်လ ၁၇ ရက် ညပိုင်းကလည်း အကျဉ်းသားနှစ်ဦးကို စစ်ကောင်စီတပ်သားများက ခေါင်းစွပ်အနက်ရောင်စွပ်ပြီး ထောင်ဝန်းအပြင်ဘက်ကို […]

အကြောင်းပြချက်မရှိဘဲ မလွှဲတောင်ဂိတ်ကို စစ်ကောင်စီက ဖြတ်သန်းခွင့်ပိတ်

Dawei Watch

March 19, 2024

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကြားရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်ကို အကြောင်းပြချက်မရှိဘဲ ယနေ့(မတ် ၁၉) မနက်ပိုင်း ဂိတ်ဖွင့်ချိန်မှစပြီး စစ်ကောင်စီက ဖြတ်သန်းခွင့်ပိတ်ထားကြောင်း ဒေသခံများနှင့် ခရီးသွားများ ထံကသိရသည်။ “ မလွှဲတောင်ဂိတ်ပဲ လမ်းပိတ်တာပါ။ တချို့ကားတွေ ပြန်လှည့်ဆင်းလာကြတယ် “ ဟု ရေး-ထားဝယ်ကားလမ်းပိုင်းရှိ ရာဖူးရွာသားတစ်ဦးက ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။ ရန်ကုန်သို့ အတက်ကားအများစုမှာ မလွှဲတောင်ခြေပတ်ဝန်းကျင်တွင် စောင့်နေပြီး တချို့လည်း ပြန်လှည့်သွားကြကြောင်း နှင့် အဆင်းကားများက ရေးမြို့အထွက်တွင်တွင် စောင့်ဆိုင်းနေဆဲဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းအထိ ပြန်လည်ဖြတ်သန်းခွင့်မပြုသေးကြောင်း ပိတ်မိနေသည့် ကားသမားများထံကသိရသည်။ အရေးကြီးသည်ဟု ယူဆရသော ကားအချို့သာဂိတ်ဖြတ်ခွင့် ရနေပြီး မည်သို့သောအကြောင်းပြချက်ဖြင့် ဂိတ်ပိတ်ထားကြောင်းကိုမူ မသိရဟုဆိုကြသည်။ လမ်းပိတ်ဆို့နေမှုပတ်သက်၍ မလွှဲတောင် ပတ်ဝန်းကျင် တွင် စစ်ရေးလှုပ်ရှား လေ့ရှိသည့် […]

Move Forward ပါတီ ဖျက်သိမ်းရေး အခြေခံဥပဒေခုံရုံး အဆုံးအဖြတ်ယူရန် တင်ပို့

Dawei Watch

March 19, 2024

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို ဖျက်သိမ်းရန်နှင့် ပါတီခေါင်းဆောင်ပိုင်းများကို နိုင်ငံရေးလုပ်ခွင့် ရပ်နားရေး ဆုံးဖြတ်ပေးရန် ရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၈ ရက်နေ့တွင် အခြေခံဥပဒေခုံရုံးကို တင်လိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပါတီဖျက်သိမ်းပေးရေး ဆုံးဖြတ်ပေးရန် တိုင်ကြားလွှာကို ရွေးကောက်ပွဲကော်မရှင် အထွေထွေအတွင်းရေးမှူးက အခြေခံဥပဒေခုံရုံးကို အွန်လိုင်းကတစ်ဆင့် ပေးပို့လိုက်ခြင်းဖြစ်သည်။ တော်ဝင်ဥပဒေဖြစ်သော ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည့် Move Forward ပါတီ၏ မဲဆွယ်ကတိနှင့် ပါတီမူဝါဒများသည် ဥပဒေချိုးဖောက်ခြင်း ရှိ မရှိကို ခုံရုံးတင် စစ်ဆေးရန် ရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၂ ရက်နေ့က ကြေညာခဲ့ပြီးနောက် ယခုအပတ်တွင် ခုံရုံးတင်လိုက်ပြီဖြစ်သည်။ လာမည့် အခြေခံဥပဒေခုံရုံးအပတ်စဉ်အစည်းအဝေး ကျင်းပရန် နှစ်ရက်အလိုတွင် ရွေးကောက်ပွဲကော်မရှင်က ပေးပို့လိုက်ခြင်းဖြစ်သည်။ တော်ဝင်ဥပဒေကို ခြိမ်းခြောက်နေသည်ဟု […]

သရက်ချောင်း၊ ကျောက်ဆည်ရွာ ပျူစောထီးစခန်းကို PDF ပူးပေါင်းတပ်သိမ်းပိုက်မီးရှို့

Dawei Watch

March 19, 2024

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ရွာက ပျူစောထီးစခန်းကို PDF ပူးပေါင်းတပ်များက ယနေ့(မတ် ၁၉) နံနက် ၅ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်မီးရှို့လိုက်ကြောင်း PDF ပူးပေါင်းတပ်၏ ဖက်ဒရယ်စစ်ကြောင်းထံက သိရသည်။ အဆိုပါစခန်းတွင် ပျူစောထီးနှင့် စစ်ကောင်စီအင်အား ၂၀ ခန့်ရှိပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့်ကြာသည်ဟု ဖက်ဒရယ်စစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောသည်။ “ပျူစောထီးစခန်းကိုတော့ ကျွန်တော်တို့ မီးရှို့ဖျက်ဆီးလိုက်တယ်၊ နယ်မြေရှင်းလင်းရေးလုပ်ပြီးတော့ ပျူစောထီးငါးဦးသေတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ တစ်ချိန်တည်းမှာပဲ ပဲဒက်စခန်းကိုလည်း ၆၀ မမစိန်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိပါတယ်” ဟု ကိုမင်းထက်က ပြောသည်။ ကျောက်ဆည်ပျူစောထီးစခန်းတိုက်ပွဲတွင် M22 ကာဘိုင်သေနတ် ၁ လက်၊ M16 A1 ၁ လက် […]

မောင်မယ်ရှောင်တွင် တိုက်ပွဲဖြစ်ပြီး ရွာသားများပိတ်မိနေ

Dawei Watch

March 19, 2024

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာတွင် ယနေ့(မတ် ၁၉) နံနက်ပိုင်းမှစပြီး စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ရွာသားများ ပိတ်မိနေကြကြောင်း ဒေသခံ များထံမှသိရသည်။ စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် မောင်မယ်ရှောင်ရွာသို့ စစ်အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာရာမှနှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ “လက်နက်ကြီးတွေနဲ့ ချည်းပစ်နေတယ် မပြောင်းဘဲရွာထဲကျန်နေတဲ့သူတွေ ပိတ်မိနေကြတယ်။ ထိုခိုက်၊ပျက်စီးမှုကတော့ အခုထိ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။ နှစ်ဖက်ထိတွေ့ တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို အသေးစိတ်မသိရသေးပေ။ ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က မောင်မယ်ရှောင် ရွာအတွင်းသို့ စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သေးသည်။ ယင်းကြောင့် စစ်ရေးတင်းမာလာနိုင်၍ တစ်ရွာလုံးနီးပါး နီးစပ်ရာပြောင်းရွှေ့ နေထိုင်နေကြသော်လည်း ပြောင်းရွှေ့နိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများနှင့် ရွာခံအချို့ ယနေ့ တိုက်ပွဲအတွင်း […]

လုပ်ဆောင်ချက် ၄ ရပ်ဖြင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် ထိုင်းကြိုးပမ်း

Dawei Watch

March 19, 2024

မြန်မာနိုင်ငံအရေး အကျပ်အတည်းများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် အောက်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီက အချက် ၄ ချက်ပါ အဆိုပြုချက်တစ်ရပ်ကို ထိုင်းအစိုးရသို့ တင်သွင်းလိုက်သည်။ ကော်မတီသည် မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းများကို အချိန်ပြည့် စောင့်ကြည့်နေသကဲ့သို့ ပဋိပက္ခနှင့် တိုက်ပွဲများ ရပ်တန့်ရန် အားထုတ်မှု မှန်သမျှကိုလည်း ထောက်ခံသွားမည်ဖြစ်ကြောင်း Pheu Thai ပါတီ အမတ် Noppadon Pattama က ပြောသည်။ အစိုးရအနေဖြင့် မြန်မာ့အရေးကို ကူညီဖြေရှင်းနိုင်ရန် ကော်မတီအနေဖြင့် အဆိုပြုချက် ၄ ချက်ကို တင်သွင်းခဲ့ကြောင်း ၎င်းကပြောသည်။ ပထမအချက်အနေဖြင့် ထိုင်းအစိုးရက လုံခြုံရေးနှင့် နိုင်ငံတကာရေးရာ အရာရှိများ ပါဝင်သည့် အဖွဲ့အစည်းတစ်ခု ထူထောင်ရန်ဖြစ်သည်။ ယင်းအဖွဲ့က မြန်မာ့အရေးနှင့် ပတ်သက်သည့် အပြောင်းအလဲများကို စောင့်ကြည့်ရန်နှင့် တုံ့ပြန်ရန်ဟုဆိုသည်။ ဒုတိယအချက်မှာ စစ်ကောင်စီက […]

မြိတ်မြို့တွင် ခိုးမှု၊လုယက်မှုများ ဆက်တိုက်ဖြစ်

Dawei Watch

March 18, 2024

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ခိုးမှု၊လုယက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများ၏ မိသားစုဝင်များနှင့် ဒေသခံများထံမှသိရသည်။ ယနေ့(မတ် ၁၈) မနက် စောစောတွင် မြိတ်မြို့၊ရွှေပြည်တန်ရပ်ကွက် သစ္စာလမ်းရှိ နေအိမ်တစ်ဆောင်မှ ဖုန်း ၄ လုံး နှင့် ကျပ်ရှစ်သိန်းကျော် အပါအဝင် ကလေးစီးစက်ဘီး တစ်စီးပါ အခိုးခံလိုက်ရကြောင်း ကာယကံရှင်မိသားစုဝင်က ပြောသည်။ ” မနက် ‌၄ နာရီလောက်မှသိတာ တစ်အိမ်လုံးအိမ်မောကျနေတဲ့အချိန် ခိုးသွားတာ ငွေသားက သေတ္တာထဲမှာ ထည့်ထားတာ”ဟု ၎င်းမိသားစုဝင်ကပြောသည်။ သူခိုးခိုးခံလိုက်ရသည့်အိမ်တွင် မိသားစု ၆ ဦးရှိပြီး ၎င်းတို့အသုံးပြုသည့် လက်ကိုင်ဖုန်းများ အခိုးခံလိုက်ရခြင်းဖြစ်သည်။ အလားတူ ပြီး ခဲ့သည့် မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင်လည်း မြိတ်မြို့ ကြံတောလမ်းဆုံရှိ လမ်းသွယ်တစ်နေရာတွင် မြိတ်မြို့ခံလူငယ်အမျိုးသားတစ်ဦး ဓားထောက်လုယက်ခံလိုက်ရပြီး တန်ဖိုးကြီး […]