သရက်ချောင်း၊ ပဲဒက်စခန်းကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေတို့ဖြင့် ခုခံတိုက်ခိုက်
Dawei Watch
May 7, 2024သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံနေရသဖြင့် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေတို့ဖြင့် ပြန်လည်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။ ပဲဒက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်များက မေလ ၅ရက် နံနက် ၇နာရီခန့်တွင် စတင်ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်။ ယနေ့ မေလ ၇ ရက်အထိ သုံးရက်ဆက်တိုက် စစ်ကောင်စီဘက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး မေလ ၆ရက်တွင် ရေတပ်စစ်သင်္ဘောကိုလည်း အသုံးပြုတိုက်ခိုက်လာကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် တပ်ဖွဲ့ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “လေယာဉ်က မနေ့က လေးခေါက်လာတယ်။ ပတ်ပတ်ပြီးတော့ လာကြဲသွားတယ်။ ဒီနေ့မနက်လည်း တစ်ခါလာကြဲသွား ပြီးပြီ။ ပဲဒက်စခန်းပတ်ချာလည်ကိုပဲ ကြဲတာ၊ ရေတပ် […]


