သရက်ချောင်း၊ ပဲဒက်အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးထပ်ကြဲ
Dawei Watch
May 6, 2024မြိတ်-ထားဝယ်ကားလမ်း သရက်ချောင်းမြို့နယ် ပဲဒက်ရွာ စစ်ကောင်စီတပ်စခန်းအနီးဝန်းကျင်ကို ယနေ့ မေလ ၆ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် လေကြောင်းဖြင့် ထပ်မံလာရောက်ဗုံးကြဲကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ပဲဒက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက မေလ ၅ ရက် နံနက် ၇ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်။ မေလ ၅ ရက်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့တွင်လည်း ထပ်မံလာရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ မေလ ၅ ရက်တွင် တစ်ရက်လုံးတိုက်ပွဲဖြစ်ပွားပြီး ယနေ့တွင်လည်း ဆက်လက်ဖြစ်ပွားနေကြောင်း ပဲဒက်ရွာက ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဒီမနက်လည်း လေယာဉ်ထပ်လာ (ဗုံး) ကြဲတာဟုတ်ပါတယ်။ တိုက်ပွဲထပ်ဖြစ်နေတယ်” ဟု […]


