ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တိုက်ပွဲမရှိဘဲ လောင်းလုံးမြို့အနီး ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

March 13, 2024

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လောင်းလုံးမြို့အနီးရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ဒေသခံတို့က ပြောသည်။ မတ်လ ၁၀ ရက်ကစပြီး ည ၁၁ နာရီဝန်းကျင်တွင် ပစ်ခတ်ခြင်းဖြစ်ပြီး သုံးညဆက်တိုက် ထိုသို့ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည်များမှာ စစ်ပြဲကျေးရွာ၊ လေးသွန်းခံကျေးရွာ အပြင်ဘက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “ထိခိုက်မှုကတော့ မကြားရသေးဘူး။ လူတွေကတော့ ရွာထဲလာကျမှာကို ကြောက်နေကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ယခင်ကမူ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်ခြင်းမျိုး မရှိဘဲ မြေပြင်စစ်ကြောင်းထိုးခြင်းတို့သာ ပြုလုပ်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇန်နဝါရီလ ၃၀ ရက်က လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချထားသည့်နေရာများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲနောက်ပိုင်းတွင် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးခြင်းမရှိတော့ဘဲ မြို့ထဲတွင်ပင် […]

ထိုင်းလူထု​ ထောက်ခံမှုအများဆုံး ရထားသည့် Move Forward ပါတီကို ဖျက်သိမ်းနိုင်ရေး အခြေခံဥပဒေခုံရုံးတင်မည်

Dawei Watch

March 13, 2024

ရွေးကောက်ပွဲအနိုင်ရ အတိုက်ခံပါတီဖြစ်သော Move Forward ပါတီကို ဖျက်သိမ်းရန် ရှိမရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို တင်၍ ဆုံးဖြတ်ချက် ခံယူသွားမည်ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က ယနေ့ (မတ်လ ၁၂) တွင် ကြေညာခဲ့သည်။ တော်ဝင်ဥပဒေဖြစ်သော ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည့် Move Forward ပါတီ၏ မဲဆွယ်ကတိနှင့် ပါတီမူဝါဒများသည် ဥပဒေချိုးဖောက်ခြင်း ရှိ မရှိကို ခုံရုံးတင် စစ်ဆေးရန် ရွေးကောက်ပွဲကော်မရှင်က လုံးဝသဘောတူကြောင်း ထုတ်ပြန်ခဲ့သည်။ ပုဒ်မ ၁၁၂ အရ ဘုရင်၊ မိဖုရားနှင့် နန်းမွေဆက်ခံသူ သို့မဟုတ် ဘုရင်ခံ နှင့် တော်ဝင်မျိုးနွယ်များကို အသေရေဖျက်ခြင်း၊ စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။ […]

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

Dawei Watch

March 12, 2024

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ လတ်တလောရရှိသည့် သတင်းများအရ မေတ္တာမြို့အနီးတဝိုက်နှင့် ပျဉ်းသားတော၊ သဗြုချောင်း စသည့် နေရာများ တစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ မနေ့ည ၁၂ နာရီကျော်လောက်မှာတော့ မေတ္တာဘက်က လက်နက်ကြီးသံတွေ ဆူဆူညံညံကြားရတာရှိတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ သဗြုချောင်းရွာ၊ ပျဉ်းသားတောရွာနှင့် မေတ္တာဘက်နေထိုင်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသဖြင့် ဗုံးကြဲသည့် နေရာအတိအကျနှင့် ထိခိုက်မှုအခြေအနေတို့ကို မသိရသေးကြောင်း စစ်ဘေးရှောင်နေသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အခုဗုံးကြဲတဲ့နေရာက ပျဉ်းသားတောနဲ့ သဗြုချောင်းဘက်လို့တော့ ကြားတယ်” ဟု ၎င်းက ပြောဆိုသည်။ […]

သထုံတွင် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌတစ်ဦး ပစ်သတ်ခံရ

Dawei Watch

March 12, 2024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ မြတ်စံကြီးကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးရွှေလှဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ အသက် ၆၀အရွယ် ဦးရွှေလှဦးကို အမည်မသိ သေနတ်သမားတို့က မတ်လ ၁၀ ရက်နေ့ ည ၁၁နာရီခန့်က နေအိမ်တွင် လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “သူက (ဦးရွှေလှဦး) သူ့ အိမ်အောက်ထပ်မှာ ရှိနေတယ်။ သေနတ်သမားတွေက အိမ်ထဲဝင်လာပြီး ပစ်သွားတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးရွှေလှဦးသည် ရင်ဘတ်နှင့် ဆီးခုံတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေအိမ်တွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးရွှေလှဦးသည် စစ်တပ်အာဏာမသိမ်းခင်က ကျေးရွာ NLD […]

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဝင်းဝရွာက ဒေသခံလေးဦးဒဏ်ရာရ

Dawei Watch

March 12, 2024

သရက်ချောင်းမြို့နယ် ဝင်းဝရွာစခန်းကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် နှစ်လုံး နေအိမ်ခြံဝန်းထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံ လေးဦးဒဏ်ရာရကြောင်း ဒေသခံအချို့က‌ ပြောသည်။ မတ်လ ၉ ရက် ညနေပိုင်းတွင် ဝင်းဝစခန်းကုန်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး တောင်အောက်ရှိ နေအိမ်ခြံဝန်းထဲ ကျရောက်ပေါက်ကွဲပြီး အိမ်ရှင်အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ ဒဏ်ရာရသူ အမျိုးသမီးကို ဆေးရုံပို့ရန် ပြင်ဆင်နေကြစဉ် နောက်ထပ် လက်နက်ကြီးကျည် တစ်လုံး နေအိမ်ခြံဝန်းထဲ ထပ်မံ ကျရောက်ပေါက်ကွဲရာ အရေးပေါ်လူနာကူညီသယ်ဆောင်ရန် ပြင်ဆင်နေသည့် အမျိုးသားသုံးဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “တချို့ကတော့ ဒဏ်ရာရတာ နည်းနည်းပါးပါးပဲ။ တစ်ယောက်ကတော့ နည်းနည်းများတယ်လို့ပြောတယ်။ ဝင်းဝစခန်းကို လူနာတင်ဖို့ကိစ္စ ကားခေါ်ဖို့ကိစ္စ သွားပြောနေတုန်း နောက်တစ်လုံးထပ်ကျလာတာ။ အဲဒီအမျိုးသမီးနဲ့ နောက်အမျိုးသား […]

သရက်နှစ်ခွရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

March 12, 2024

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင် မတ်လ ၁၁ ရက်နေ နံနက်ပိုင်းက အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မိုင်းနင်းမိသူမှာ သရက်နှစ်ခွရွာသား ဦးမြင့်စိုးဖြစ်ကြောင်း သိရသည်။ သရက်နှစ်ခွကျေးရွာအနီး ကားလမ်းမ၏ အနောက်ဖက် ရထားသံလမ်းအနီးတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သူက ရထားလမ်းဘေးက ချောင်းထဲမှာ ကွန်ပစ်သွားတယ်။ အဲဒီမှာ မိုင်းနင်းမိတာ” ဟု ၎င်းဒေသခံကပြောသည်။ မိုင်းနင်းမိခြင်းကြောင့် ဦးမြင့်စိုး၏ ညာဘက်ခြေထောက် ဖြတ်လိုက်ရပြီး ဘက်ဖက်ခြေထောက်တွင်လည်း ဒဏ်ရာအနည်းငယ် ရရှိကာ ထားဝယ်ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရသည်။ ယခု မိုင်းနင်းမိသည့်နေရာနှင့် နှစ်ဖာလုံခန့်အကွာတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်လည်းရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း သရက်ချောင်းမြို့နယ်တွင် မိုင်းနင်းမိပြီး ဒဏ်ရာသူ နှစ်ဦးရှိခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ခြေထောက်ပြတ်သွားခဲ့သည်။ ယခုနှစ်အတွင်း ထားဝယ်မြို့နယ်နှင့် […]

ဇဟာရွာတွင် အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

March 12, 2024

ထားဝယ်မြို့နယ် ဇဟာရွာတွင် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ မိုင်းနင်းမိသူမှာ အသက် ၆၀ ဝန်းကျင်ရှိ ဇဟာရွာသူ ဒေါ်နှင်းမူဖြစ်ပြီး ဇဟာရွာကားလမ်းမ၏ အရှေ့ဘက်ရှိ ၎င်း၏ဥယျာဉ်ခြံထဲတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက ခြံထဲမှာ သီဟိုစေ့ သွားကောက်တယ်။ ခြံအလယ်မှာပဲ ဖြစ်သွားတာ” ဟု ၎င်းက ပြောဆိုသည်။ ဒေါ်နှင်းမူသည် လက်ရှိတွင် ထားဝယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇဟာရွာတွင် ဖေဖော်ဝါရီလမှ ယနေ့အထိ နှစ်လတာအတွင်း မိုင်းနင်းမိသူ သုံးဦးအထိရှိလာပြီ ဖြစ်သည်။ မိုင်းနင်းမိသည့်ဒဏ်ရာဖြင့် ဇဟာရွာသား အမျိုးသားတစ်ဦးသေဆုံးကာ နောက်အမျိုးသားတစ်ဦးနှင့် (ဒေါ်နှင်းမူ) အမျိုးသမီးတစ်ဦး ခြေထောက်ဖြတ်လိုက်ရသည်။ မိုင်းနင်းမိသူသုံးဦးစလုံးမှာ […]

သုံးလနီးပါးကြာတိုက်ခိုက်နေသည့် ရမ်းဗြဲမြို့ကို AA သိမ်းယူ

Dawei Watch

March 12, 2024

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိသည့် ရမ်းဗြဲမြို့ကို သုံးလနီးပါးကြာ တိုက်ခိုက်ပြီးနောက် ယနေ့ မတ်လ ၁၁ ရက်တွင် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။ ယနေ့ မွန်းလွဲပိုင်းတွင် ရမ်းဗြဲမြို့အတွင်း နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရှင်းလင်းနိုင်ခဲ့ပြီးနောက် မြို့ကို အပြီးသတ်သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ရမ်းဗြဲမြို့ကို ဒီဇင်ဘာလ ၁၈ ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး မြို့တွင်းတိုက်ပွဲမှာ ၈၅ ရက် ကြာမြင့်ခဲ့ကြောင်း AA က ဆိုသည်။ စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှု၊ လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတို့ကို နေ့တိုင်းနီးပါးပြုလုပ်ခဲ့သော်လည်း AA က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ AA က ရခိုင်တွင် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ […]