ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဇွန်လ ၂၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

June 29, 2026

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
 

  • ကံပေါက်က အမျိုးသားသုံးဦးကို စစ်အာဏာရှင်တပ် လှည့်ကင်းက ပစ်ခတ်ဖမ်းဆီးတဲ့ သတင်း
  • တနင်္သာရီတိုင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးထွက်သူ ပိုများလာပေမဲ့ အောင်ချက်ရာနှုန်းကျဆင်းလာတဲ့အကြောင်း
  • ဒေသတွင်း အမျိုးသားနည်းလာလို့ ငါးဖမ်းရာသီဖွင့်ချိန် ရေလုပ်သားရှားပါးတာနဲ့ ကြုံနေရတဲ့ အခြေအနေ
  • ကော့သောင်း – ရနောင်း ပဲ့ချိတ်ခ ဘတ် ၃၀ ဈေးတက်သွားလို့ တစ်ယောက်ကို ဘတ်တစ်ရာကျော်ပေးငှားနေရတာ
  • ဘုရားသုံးဆူမြိုမှာ DKBA ဗိုလ်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးတဲ့ သတင်း
  • ထိုင်းနိုင်ငံမှာ စကားများရန်ဖြစ်ရာကနေ မြန်မာသုံးဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးခဲ့သလို ၊ ထိုင်းနိုင်ငံသားတစ်ဦး လည်း ဓားထိုးခံရတဲ့အကြောင်း

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။