ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီက တနင်္သာရီတိုင်းတွင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်း

Dawei Watch

March 10, 2024

တနင်္သာရီတိုင်းတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီဖြစ်ကြောင်း တနင်္သာရီတိုင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ တိုင်းအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွင် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ဥက္ကဋ္ဌဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်ဖြစ်သည်။ ခရိုင်၊ မြို့နယ်အဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှာ မြို့နယ်အုပ်ချုပ်ရေးမှူးများဖြစ်သည်။ အဆိုပါ စစ်မှုထမ်းဆင့်ခေါ်ရေးအ‌ဖွဲ့ကို ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ထပ်မံဖွဲ့စည်းရမည်ဖြစ်သည်။ ယခုတိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်များ ဖွဲ့စည်းပြီးဖြစ်သောကြောင့် စစ်ကောင်စီက ထိန်းချုပ်ထားသည့် မြို့ပေါ်ရပ်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် ‌ရပ်ကျေးအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ မကြာခင် ဖွဲ့စည်းလာနိုင်သည်။ ‌“အခုထိတော့ စစ်မှုထမ်းဖို့ စာရင်းကောက်တာမျိုးတော့ မကြားရသေးဘူး။ အသံကြားရင်တော့ ကျန်တဲ့ လူငယ်တွေပါ မြို့ပေါ်နေရဲကြမှာ မဟုတ်တော့ဘူး” ဟု ထားဝယ်မြို့ခံ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကဆိုသည်။ စစ်ကောင်စီကမူ […]

မောရဝတီရေတပ်စခန်း ဒုတိယအကြိမ် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

Dawei Watch

March 10, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ်၏ သင်္ဘောဆိပ်ကို မတ်လ ၈ ရက် နံနက်ပိုင်းတွင် ဒေါနစစ်ကြောင်း တပ်ခွဲများက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ခွဲများထံက သိရသည်။ ဒရုန်း ၂ စီးသုံး၍ ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စက်ချို့ယွင်းမှုကြောင့် ဒရုန်းတစ်စီး ပျက်စီးခဲ့ရာ ဗုံး နှစ်လုံးသာ ချနိုင်ခဲ့ကြောင်း ဒေါနတပ်ခွဲ (၄) ၊ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF မှ တာဝန်ရှိသူက ပြောသည်။ “ဒရုန်းတစ်စီး ပျက်သွားလို့ ရည်မှန်းထားသလိုတော့ မဖြစ်ခဲ့ဘူး။ သူတို့ဘက်က အထိအခိုက် ရှိမရှိကတော့ စုံစမ်းနေတုန်းပဲ” ဟု ၎င်းက ပြောဆိုသည်။ ယခုတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်းတပ်ခွဲများဖြစ်သည့် KBDF တပ်ဖွဲ့ ၊ ဝေဟင်တပ်ဖွဲ့ နှင့် DDT တပ်ဖွဲ့တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့များထံမှ သိရသည်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

March 9, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ကချင်မှာ စစ်ကောင်စီတပ်စခန်းတွေကို KIA ထိုးစစ်ဆင်တိုက်ခိုက် ကချင်ပြည်နယ် လိုင်ဇာမြို့အနီးနဲ့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းမတစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ KIO/KIA ဌာနချုပ် လိုင်ဇာမြို့ကို မကြခဏ ပစ်ခတ်တိုက်ခိုက်နေတဲ့ တပ်စခန်းတွေ၊ မြစ်ကြီးနား- ဗန်းမော်ကားလမ်း တစ်လျှောက်အပါအဝင် ဗျူဟာကျတဲ့ တပ်စခန်းတွေကို မတ်လ ၇ရက်နေ့ နံနက်အစောပိုင်းကနေ စတင်တိုက်ခိုက်နေတာပါ။ ရခိုင်အပါအဝင် နိုင်ငံအနှံ့ စစ်ရေးပြင်းထန်နေချိန် ကချင်မှာပါ ထိုးစစ်တွေ စလာတာပါ။ တိုက်ပွဲသုံးရက်တာ ကာလအတွင်းမှာ စစ်ကောင်စီတပ်စခန်း အကြီး၊ အသေး ၁၆ ခုထက်မနည်းကို […]

မြိတ်တွင် တစ်ရက်တည်း လယ်ကွင်းပြင်နှစ်ခု မီးလောင်

Dawei Watch

March 9, 2024

မြိတ်မြို့ ပတ်ဝန်းကျင်တွင် ယနေ့ မတ်လ ၉ ရက် နံနက်ပိုင်း နှင့် နေ့လယ်ပိုင်းတွင် လယ်ကွင်းပြင်နှစ်ခု မီးလောင်ကြောင်း မြိတ်မြို့ခံများထံက သိရသည်။ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးရွာ ၊ ရတနာရပ်ကွက်ရှိ လယ်ကွင်းပြင်တွင် ယနေ့ နံနက်ပိုင်းမှစတင် မီးလောင်ခဲ့၍ မီးသတ်ကား ခေါ်ယူခဲ့ရပြီး မီးသတ်ကားလေးစီးနှင့် ရွာသားများ ပူးပေါင်း ငြှိမ်းသတ်မှုကြောင့် နေ့လယ်ပိုင်းတွင် မီးငြိမ်းကြောင်း ရွာသားများက ပြောသည်။ “လယ်ပြင် မီးရှို့ရာကနေ မီးများပြီး မီးလောင်သွားတယ်။ မီးငြိမ်းသွားပြီ ဒါပေမဲ့ မီးခိုက အခုထိကျန်နေသေးတယ်” ဟု ကျွဲကူးရွာသားတစ်ဦးက ယနေ့ ညနေတွင် ပြောဆိုသည်။ အလားတူ မြိတ်မြို့၊ ကလွင်ရပ်၊ သုသာန်အနီးရှိ ကွင်းပြင်တွင်လည်း ယနေ့ နေ့လယ်ပိုင်းက မီးလောင်ကြောင်း မြိတ်မြို့ခံများထံကသိရသည်။ “နေ့လယ်လောက်က စလောင်တယ် […]

အထောက်အထားမဲ့ မြန်မာကလေးများ ထိုင်းကျောင်းတွင် တက်ရောက်ခွင့်ပြုရန် ထိုင်းအစိုးရ စာထုတ်ညွှန်ကြား

Dawei Watch

March 9, 2024

ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းကလေးငယ်များကို သက်ဆိုင်ရာနယ်မြေများရှိ ကျောင်းများတွင် ကျောင်းအပ်လက်ခံပေးကြရန် ထိုင်းပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ၍ တိုက်တွန်းလိုက်သည်။ လာမည့်စာသင်နှစ်အတွက် မြန်မာကလေးငယ်များအပါအဝင် ရွှေ့ပြောင်းကလေးများအားလုံး ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေကျောင်းများ၏ ကျောင်းအုပ်များက လက်မခံဘဲ မနေကြရန်နှင့် ရွှေ့ပြောင်းကလေးငယ်များကို ကျောင်းအပ်လက်ခံပေးကြရန် ဝန်ကြီးဌာနက ထပ်မံတိုက်တွန်းထားခြင်းဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ကလည်း အတည်ပြုပြောဆိုသည်။ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း မြန်မာကလေးငယ်များစွာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းရောက်ရှိလာသည့်အတွက် ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိရေးကို နားလည်သဘောပေါက်စေရန် ကျောင်းအုပ်ကြီးများကို အသိပေးထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း FED အဖွဲ့က ကိုမင်းဦးက ပြောသည်။ “အခုက တမင်တကာ ကလေးတွေကို လက်မခံဘဲ နေမှာစိုးလို့ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်က ဝင်လာတဲ့ ကလေးတွေက နည်းတာမဟုတ်ဘူးလေ။ ဒါကို သူတို့လည်း တွေ့မယ်။ နယ်စပ်ဘက်မှာတော့ ပိုများမှာပေါ့။ ဒါကြောင့်မို့ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

March 8, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ ဘန်ကောက်လေဆိပ်တွင် ပန်ဒါနီအပါအဝင် တိရိစ္ဆာန် ၈၇ ကောင်ကို မှောင်ခိုသယ်ရန် ကြိုးပမ်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးဆောင်အိတ်တွေထဲကနေ မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့ ပန်ဒါနီတစ်ကောင် အပါအဝင် တိရိစ္ဆာန် ၈၇ ကောင်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မတ်လ ၆ ရက်နေ့က ထိုင်းအာဏာပိုင်များက ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်ပေါ် လိုက်ပါမယ့် အိန္ဒိယနိုင်ငံသား ၆ ယောက်ရဲ့ ခရီးဆောင်အိတ်တွေထဲကနေ ရှာတွေ့ခဲ့တာပါ။ ခရီးဆောင်အိတ်တွေထဲကနေ ပန်ဒါနီ၊ cotton-top tamarin လို့ခေါ်တဲ့ မျောက်တစ်မျိုး၊ ကြောင်တံငါနဲ့ ဆူလာဝီစီဝက်ဝံတစ်ကောင် […]

ထားဝယ်မြို့တောင်ဘက်ရှိ တံတားတစ်စီးကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်

Dawei Watch

March 8, 2024

ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်တိုက်ခဲ့ဖူးသည့် နေရာအနီးရှိ ထားဝယ်မြို့အတွင်းက တံတားတစ်ခုကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ မြို့တောင်ပိုင်းရှိ ဘုမ္မော်ရပ်ကွက်နှင့် ကြက်စားပြင်ရွာဘက်ကို ဆက်သွယ်ထားသည့် အဆိုပါတံတားမှာ စမ္မစကြာဘုန်းကြီးကျောင်း အရှေ့တွင်ရှိပြီး မတ်လ ၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ဖြတ်သန်းခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းများက တံတားကို အတားအဆီးများချကာ လမ်းပိတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါမြို့ခံက ပြောသည်။ ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်ညက ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို အဆိုပါတံတားအနီး စောမိညိုလမ်းတွင် ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း၏ တပ်ခွဲ(၁)ဖြစ်သည့် အထူးပြောက်ကျားတပ်ဖွဲ့ (Special Guerrilla Force ) က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးခဲ့သည်။ အဆိုပါတံတားမှာ တိုင်းစစ်ကောင်စီရုံး(တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံး)နှင့် မီတာ ၈၀၀ […]

စစ်ကောင်စီတပ်စခန်း ၁၀ ကျော်ကို သိမ်းယူထားကြောင်း KIA ပြော

Dawei Watch

March 8, 2024

လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်နေရာတွင် စခန်းအကြီး၊ အငယ် ၁၀ကျော်ကို သိမ်းယူထားနိုင်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာများတွင် ပြောဆိုထားသည်။ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး၊ မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာတောင်၊ အင်တပ်တောင်၊ ဖုန်ပျံတောင်၊ ဘွမ်ရယ်တောင်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်တောင်၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းအပါအဝင် စခန်းအချို့ကို မတ်လ ၇ရက် နံနက်အစောပိုင်းတွင် KIAနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီအထိုင်စခန်းကြီးများဖြစ်သည့် အင်တပ်တောင်၊ ဖုန်ပျံတောင်၊ မလိတပ်စခန်းကြီးနှင့် ဘွမ်ရယ်တောင်၊ ခါရာတောင် တပ်စခန်းကြီးတို့ရှိ ကာကင်းနှင့် ရှေ့တန်းစခန်းတို့ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ သိမ်းယူထားရာတွင် လက်နက်ကြီးတပ်ဆင်ထားသည့် စခန်းများလည်း ပါဝင်ကြောင်း […]