ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မေတ္တာမြို့အနီးကို စစ်ကောင်စီတပ်က နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၊ တိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှုရှိ

Dawei Watch

March 11, 2024

ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့အနီး တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု နှစ်ရက်ဆက်တိုက်ပြုလုပ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံက သိရသည်။ မတ်လ ၁၀ ရက်က မေတ္တာမြို့အနီးတွင် တစ်နေ့လုံးနီးပါး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီ တပ်က တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း KNU တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် KNU တပ်မဟာ (၄) တပ်ရင်း (၁၂)၏ တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၁၀ ဦး သေဆုံးပြီး KNLA နှင့် PDF ပူးပေါင်းတပ်ဘက်က လေးဦး သေဆုံး ကြောင်း ၎င်းက ဆိုသည်။ “အခုက […]

စစ်ကောင်စီထံ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပေးရန် လောင်းလုံးတွင်ဆန္ဒပြတောင်းဆို

Dawei Watch

March 11, 2024

စစ်ကောင်စီထံ လေယာဥ်ဆီရောင်းချပေးနေသည့် ကုမ္ပဏီများကို ပိတ်ပင်တားဆီးပေးရန် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး ယနေ့ ဆန္ဒပြတောင်းဆိုကြသည်။ ‘USA,UK,EU- မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပါ၊ USA,UK,EU- Ban The Export of Jet Fuel To Myanmar’ ဆိုသည့် ခေါင်းစဥ်ဖြင့် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ မတ်လ ၁၁ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဒေသခံအမျိုးသမီးများ၊ လူငယ်များ ပူးပေါင်းပါဝင်ကြကြောင်း DDMSC ထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်းက တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်အသုံးပြုလာပြီး အရပ်ပြည်သူ ထိခိုက်သေဆုံးဒဏ်ရာရမှုများ ရှိနေသည်။

ကော့သောင်း ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် နှစ်ရက်ဆက် လူသေဆုံး

Dawei Watch

March 11, 2024

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်စဉ် သေဆုံးမှု နှစ်ရက် ဆက်တိုက် ဖြစ်ပွားကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ (ကော့သောင်း) ထံမှ သိရသည်။ မတ်လ ၉ရက်နေ့တွင် အသက် ၅၀ ကျော်အရွယ် ဦးသိန်းစိုး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေစဉ် နှလုံးရောဂါဖြင့် ရုတ်တရုတ်သေဆုံးခဲ့ကြောင်း အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောသည်။ နောက်တစ်ရက် မတ်လ ၁၀ ရက်တွင်လည်း ကျွန်းစုမြို့နယ်သား ကိုထိုက်မင်းကို ဆိုသူလည်း အသည်းရောဂါဖြင့် ရုတ်တရက်သေဆုံးကြောင်း ၎င်းက ဆိုသည်။ “နှစ်ဦးစလုံးကတော့ ရောဂါအခံနဲ့ သေဆုံးခဲ့ကြတယ်လို့သိရတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောဆိုသည်။ သေဆုံးသူများ၏ ရုပ်အလောင်းများကို ရွှေအဏ္ဏဝါပရဟိလူငယ်အဖွဲ့က ကော့သောင်းမြို့ ၂ မိုင်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ကော့သောင်းတွင် ယခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ […]

မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ငါးထောင်ကျော်သာရှိ

Dawei Watch

March 11, 2024

မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ငါးထောင်ကျော်သာရှိကြောင်း ပြည်နယ်ပညာရေးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား ကျောင်းသူ ခြောက်ထောင်ကျော်ရှိသည့်အနက် ကျောင်းသား၊ ကျောင်းသူ ၅၇၆၇ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ ယနေ့ မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပနေသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၂၃ ခု ရှိသည်ဟု ပြည်နယ်ပညာရေးဌာနထံမှသိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူများအနက် မော်လမြိုင်မြို့နယ်တွင် ၁၄၄၈ ဦး အများဆုံးဖြစ်ပြီး ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်တွင် ၃၀၀ ကျော်၊ ရေးမြို့နယ်တွင် ၄၀၀ ကျော်၊ ကျိုက်ထိုမြို့နယ် တွင် ၄၀၀ ကျော်၊ ဘီးလင်းတွင် ၄၀၀ […]

ဘန်ကောက်အနီးတွင် မြန်မာတက္ကသိုလ်ကျောင်းသားတစ်ဦး ခြောက်ထပ်အဆောင်မှ ပြုတ်ကျသေဆုံး

Dawei Watch

March 11, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျောင်းတက်နေသော မြန်မာတက္ကသိုလ်ကျောင်းသားတစ်ဦးသည် ရန်စစ်တက္ကသိုလ်အနီးရှိ ခြောက်ထပ်မြင့် အဆောင်မှ ပြုတ်ကျသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အသက် ၂၆နှစ်အရွယ် အဆိုပါကျောင်းသားသည် မတ်လ ၉ ရက်နေ့ နံနက် ၁၂ နာရီခွဲတွင် ကားပါကင်သို့ ပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ၎င်းသည် ဘန်ကောက်မြို့ လတ်ကရဘန်နယ်မြေရှိ King Mongkut’s Institute of Technology တွင် တက်ရောက် နေသူဖြစ်ပြီး အခင်းဖြစ်သောနေ့က သူငယ်ချင်းဖြစ်သူ၏ အခန်းနံပါတ်သို့ လာရောက်လည်ပတ်ခဲ့သည်။ အခန်းထဲတွင် သူငယ်ချင်း ၁၁ ဦးနှင့်အတူ သောက်စားနေစဉ် အဆိုပါကျောင်းသားမှာ အပြင်လသာဆောင်သို့ ရုတ်တရက် ထထွက်သွားပြီး ခုန်ချခဲ့ကြောင်း သူငယ်ချင်းတစ်ဦးက ရဲတပ်ဖွဲ့သို့ ပြောဆိုထားသည်။ အားလုံးသည် အရက်အနည်းငယ် သောက်ထားကြပြီး ယခုဖြစ်ရပ်ကြောင့် […]

ကရင်နီတွင် တစ်လတာအတွင်း အရပ်သား ၂၅ဦးသေဆုံးပြီး ၄၀ကျော် ဒဏ်ရာရ

Dawei Watch

March 11, 2024

ကရင်နီ (ကယား) ပြည်နယ်တွင် ဖေဖော်ဝါရီလ တစ်လတာအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၂၅ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က မတ်လ ၁၀ ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျောင်းတက်နေချိန်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါစီအိရွာ စာသင်ကျောင်းနှင့် လွိုင်နန်းဖကျေးရွာ စာသင်ကျောင်းများအား တိုက်လေယာဥ် ငါးစီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ကလေးငယ် လေးဦးနှင့် အမျိုးသားတစ်ဦးသေဆုံးပြီး အရပ်သားပြည်သူ ၃၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း KNDF က ထုတ်ပြန်ထားသည်။ ယင်းနေ့တွင်ပင် […]

တနင်္သာရီမြို့နယ် အော်ကြီးလမ်းဆုံကားလမ်းမတွင် မြေမြှုပ်မိုင်းလေးလုံးကို TLF ရှင်းလင်း

Dawei Watch

March 11, 2024

တနင်္သာရီမြို့နယ်၊ မယင်းကြီးကျေးရွာအုပ်စု အော်ကြီးလမ်းဆုံကားလမ်းမတွင် စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြှုပ်မိုင်း လေးလုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် တနင်္သာရီလွတ်မြောက်ရေးအင်အားစု-TLF တပ်ဖွဲ့က သွားရောက်ရှင်းလင်းခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်က ပြည်သူများအား ဖေဖော်ဝါရီလကစပြီး ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်၍ မိုင်းထောင် ထားခြင်းဖြစ်ကာ သတင်းအရ မတ်လ ၁၀ရက်က သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း TLF တပ်ဖွဲ့တာဝန်ခံ ကိုထက်မာန် (ဆဉ်ဝါ) က ပြောသည်။ “ပြည်သူတွေ သတင်းပေးချက်အရ သွားရောက်ရှင်းလင်းပေးခဲ့တာပါ။ ကျွန်တော်တို့မှာလည်း အကာအကွယ် ပြည့်ပြည့် စုံစုံမရှိဘဲ ရှင်းလင်းရတော့ သတင်းအချက်အလက် ပိုပြီးတိတိကျကျ ရဖို့လိုအပ်တယ်” ဟု ၎င်းက ပြောဆိုသည်။ မိုင်းအမျိုးအစားမှာ GYATA-64 မြေမြှုပ်မိုင်း အမျိုးအစားဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ “အဲဒီလမ်းကြောင်းတစ်ဝိုက်က စစ်တပ်က မကြာမကြာ ဝင်နေတဲ့နေရာ […]

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ နှစ်ထောင်ကျော်သာရှိ

Dawei Watch

March 11, 2024

တက္ကသိုလ်ဝင်စာမေးပွဲများ ယနေ့စတင်ဖြေဆိုနေပြီဖြစ်ရာ တနင်္သာရီတိုင်းတွင် ဝင်ရောက်ဖြေဆိုသူ နှစ်ထောင်ကျော်( ၂၄၉၅ ဦး) ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှသိရသည်။ ယင်းပမာဏမှာ အာဏာသိမ်းကာလ ၄ နှစ်အတွင်း ( ၂၀၂၁ မှ ၂၀၂၄ အထိ) အနည်းဆုံးပမာဏဖြစ်သည်။ လက်ရှိဖြေဆိုနေသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် လောင်းလုံးမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ ၁၂ ဦးသာရှိပြီး တိုင်းအတွင်းအနည်းဆုံးဖြစ်သည်။ အများဆုံးမှာ မြိတ်မြို့နယ်ဖြစ်ပြီး တစ်ထောင်ကျော်( ၁၁၇၃ ဦး) ရှိသည်။ တက္ကသိုလ်ဝင်သင်ရိုးကို စနစ်သစ်ပြောင်းလိုက်ပြီးနောက်ပိုင်း စာမေးပွဲဖြေဆိုသူ နည်းပါးသွားကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ အာဏာစသိမ်းသည့် ၂၀၂၁ ခုနစ်‌တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ငါးထောင်နီးပါး(၄,၇၆၃ဦး) ရှိသည်။ ၂၀၂၂ ခုနစ်တွင်မူ ကျောင်းသားဦးရေ ၄၀၀ ကျော်လျော့ကျသွားပြီး လေးထောင်ကျော်( ၄,၃၅၉ ဦး) သာရှိခဲ့သည်။ ၂၀၂၃ ခုနစ်တွင်လည်း […]